ကမ္ဘာ့သတင်း

အာဖရိက ကြေးစားစစ်သားတွင် တင့်ဖျက်မိုင်း ချည်ပြီး ဘန်ကာအတွင်း အသေခံခွဲရန် ရုရှားစစ်သားများ ခိုင်းစေသည့် ရုပ်သံထွက်ပေါ်

မဲခေါင် 14 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၄ ယူကရိန်း စစ်မြေပြင်တစ်ခု၌ အလွန်ရက်စက်သည့် ရုရှားစစ်တပ်၏ လုပ်ရပ်အဖြစ် အာဖရိက ကြေးစားစစ်သား တစ်ဦး၏ ရင်ဘတ်တွင် ပေါက်ကွဲအားပြင်းသော TM – 62 တင့်ဖျက်မိုင်း ကပ်ချည်ပြီး ယူကရိန်း ဘန်ကာများထဲ ပြေးဝင် ဖောက်ခွဲခိုင်းသည ့်ရုပ်သံ ထွက်ပေါ်လာခဲ့သည်။ ပူတင်သည် အာဖရိကမှ စစ်သားများကို စုဆောင်းကာ ယူကရိန်း စစ်မြေပြင်တွင် တိုက်ခိုက်ခိုင်းနေသည့် သက်သေများစွာ ရရှိခဲ့ပြီးဖြစ်ရာ ယခု ရုပ်သံတွင် သေနတ်ဖြင့် တေ့ကာ ဆဲဆိုကြိမ်းမောင်းနေသော ရုရှားစစ်သား မေးမြန်းမှု၌ ယင်း အာဖရိက စစ်သားက ၎င်းအမည်ကို ဖရန်ဆစ်ဟု ပြန်ဖြေကြောင်းနှင့် အာဖရိက စစ်သားများကို ရုရှားစစ်သားများက သံဗူး၊

မဲခေါင်၊ ဇန်နဝါရီ ၁၄

ယူကရိန်း စစ်မြေပြင်တစ်ခု၌ အလွန်ရက်စက်သည့် ရုရှားစစ်တပ်၏ လုပ်ရပ်အဖြစ် အာဖရိက ကြေးစားစစ်သား တစ်ဦး၏ ရင်ဘတ်တွင် ပေါက်ကွဲအားပြင်းသော TM – 62 တင့်ဖျက်မိုင်း ကပ်ချည်ပြီး ယူကရိန်း ဘန်ကာများထဲ ပြေးဝင် ဖောက်ခွဲခိုင်းသည ့်ရုပ်သံ ထွက်ပေါ်လာခဲ့သည်။

ပူတင်သည် အာဖရိကမှ စစ်သားများကို စုဆောင်းကာ ယူကရိန်း စစ်မြေပြင်တွင် တိုက်ခိုက်ခိုင်းနေသည့် သက်သေများစွာ ရရှိခဲ့ပြီးဖြစ်ရာ ယခု ရုပ်သံတွင် သေနတ်ဖြင့် တေ့ကာ ဆဲဆိုကြိမ်းမောင်းနေသော ရုရှားစစ်သား မေးမြန်းမှု၌ ယင်း အာဖရိက စစ်သားက ၎င်းအမည်ကို ဖရန်ဆစ်ဟု ပြန်ဖြေကြောင်းနှင့် အာဖရိက စစ်သားများကို ရုရှားစစ်သားများက သံဗူး၊ ပုလင်းဖောက်သူများဟု လူမျိုးရေး ခွဲခြားကာ နိုင့်ထက်စီးနင်း ဆက်ဆံကြောင်း မြင်တွေ့ခဲ့ရသည်။

ရှေ့တန်း စစ်မျက်နှာများတွင် ယူကရိန်း ဘန်ကာများကို တိုက်ခိုက်ရာ၌ ယခုလို အာဖရိကစစ်သားများအား တင့်ဖျက်မိုင်းများ ကပ်ချည်ပေးကာ ပြေးဝင် ဖောက်ခွဲစေခိုင်းခြင်းဖြစ်ကြောင်း၊ ဖရန်ဆစ်အားလည်း တောအုပ်ထဲ ပြေးဝင်ခိုင်းမည်ဟု ပြောဆိုမှုလည်း ရုပ်သံတွင် ပါဝင်နေသည်။

ရုရှားစစ်သားများသည် စစ်ရာဇဝတ်မှု များစွာကျူးလွန်နေကာ ယမန်နှစ်ကလည်း ယူကရိန်းစစ်သား၏ ဦးခေါင်းကို ဖြတ်တောက်ပြီး သံချပ်ကာကားတွင် ချိတ်ဆွဲကာ မောင်းနှင်နေသည့် ရုပ်သံတွေ့ရသလို ယူကရိန်းနိုင်ငံသား ၄ သောင်း ကိုလည်း ပြန်ပေးဆွဲ ခေါ်ဆောင်ကာ ချွေးတပ်သားများ အဖြစ် အဓမ္မ ကျွန်ပြု ခိုင်းစေမှုများရှိခဲ့သည်။

ထို့ပြင် ယူကရိန်း ကလေးငယ်များကိုလည်း ရုရှားသို့ ပြန်ပေးဆွဲခေါ်ဆောင်မှု များလုပ်ခဲ့သေးသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်တွင် နျူကလီးယား သယ်ဆောင်နိုင်သော ဒုံးကျည်ဖြင့် ရုရှားက အယ်လ်ဗစ်မြို့သို့ ပစ်ခတ် တိုက်ခိုက်မှုများ လုပ်ခဲ့သည်။

တစ်နာရီ မိုင် ၈ ထောင် နှုန်းသွားနိုင်သည့် တားဆီး ရပ်တန့်မရဟု ဆိုသော အသံထက်မြန်သော ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်လာရာ ယူကရိန်းသမ္မတ ဇီလန်းစကီးက ဒေါ်နယ်ထရမ့်နှင့် ကမ္ဘာအင်အားကြီး နိုင်ငံများ ပူတင်၏ စစ်ရာဇဝတ်မှုများ ကျူးလွန်နေမှုအတွက် ရှင်းလင်း ပြတ်သားသည့် တုံ့ပြန်မှု လိုအပ်နေပြီ ဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#အာဖရိက
#ကြေးစားစစ်သား
#အသေခံ
#ရုရှား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now