ဒေသတွင်းသတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင် 13 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင် ခင်ပွန်း ၄ ဦးအထိ ယူခွင့်ပြုမည့် မူဝါဒကို ထိုင်းဝန်ကြီးချုပ်လောင်းတစ်ဦးက မဲဆွယ် စည်းရုံးလိုက်ရာ အများပြည်သူအကြား ပွဲဆူသွားခဲ့သည်။ ကျား/မ တန်းတူညီမျှရေးနှင့် ပတ်သက်၍ ထူးခြားဆန်းသစ်သည့် မူဝါဒကို ထိုင်း Thai Alternative ပါတီ၏ ဝန်ကြီးချုပ်လောင်းဖြစ်သူ မွန်ကိုလ်ကစ် ဆွတ်ဆင်သရန်နွန့်က် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် မကြာသေးမီက ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ အဆိုတွင် ကျား/မ တန်းတူညီမျှမှု ရှိစေရန် အကယ်၍ အပြန်အလှန် သဘောတူပါက

မဲခေါင်၊ ဇန်နဝါရီ ၁၃

ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင် ခင်ပွန်း ၄ ဦးအထိ ယူခွင့်ပြုမည့် မူဝါဒကို ထိုင်းဝန်ကြီးချုပ်လောင်းတစ်ဦးက မဲဆွယ် စည်းရုံးလိုက်ရာ အများပြည်သူအကြား ပွဲဆူသွားခဲ့သည်။

ကျား/မ တန်းတူညီမျှရေးနှင့် ပတ်သက်၍ ထူးခြားဆန်းသစ်သည့် မူဝါဒကို ထိုင်း Thai Alternative ပါတီ၏ ဝန်ကြီးချုပ်လောင်းဖြစ်သူ မွန်ကိုလ်ကစ် ဆွတ်ဆင်သရန်နွန့်က် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် မကြာသေးမီက ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၎င်း၏ အဆိုတွင် ကျား/မ တန်းတူညီမျှမှု ရှိစေရန် အကယ်၍ အပြန်အလှန် သဘောတူပါက အမျိုးသမီးတစ်ဦး အနေဖြင့် ခင်ပွန်း ၄ ဦးအထိ တရားဝင် လက်ထပ်ခွင့် ရှိသင့်ကြောင်း ဖော်ပြထားသည်။

ယင်းရေးသားချက်မှာ လူမှုကွန်ရက် အသုံးပြုသူများအကြား အလျင်အမြန် ပျံ့နှံ့ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ဝေဖန် ဆွေးနွေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။

၎င်းအဆိုသည် တိုးတက်သော အတွေးအခေါ်ကို ဖော်ပြခြင်းလား၊ နိုင်ငံရေးအရ သရော်လိုခြင်းလား၊ သို့မဟုတ် အငြင်းပွားဖွယ် ကိစ္စတစ်ခုကို တမင်ဖန်တီးလိုခြင်းလား ဆိုသည်ကို ရှုထောင့် အမျိုးမျိုးမှ ဝေဖန် သုံးသပ်နေ ကြသည်။

ယခုအဆိုသည် မွန်ကိုလ်ကစ်၏ မူဝါဒရေးရာ စိတ်ကူးဆန်းများထဲမှ အသစ် ထွက်ပေါ်လာသည့် အချက်ဖြစ်သည်။

၎င်းသည် အစဉ်အလာနိုင်ငံရေး မူဝါဒများထက် လူအများ အာရုံစိုက်စေမည့် ပြောဆိုချက်များဖြင့် မိမိကိုယ်ကို လူသိများအောင် တည်ဆောက်ထားသူလည်း ဖြစ်သည်။

၎င်းသည် ယခင်ကလည်း ထိုင်းနိုင်ငံအတွက် အာကာသတပ်ဖွဲ့ ဖွဲ့စည်းရန်၊ မွေးဖွားနှုန်း ကျဆင်းမှုကို မြှင့်တင်ရေး ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ငွေကြေးထောက်ပံ့ရန်၊ လုပ်ငန်းခွင်ဝင်အရွယ် နိုင်ငံသားများ အနေဖြင့် လစာတိုးလိုပါက နေ့စဉ် ကာယ လေ့ကျင့်ခန်းလုပ်ရန်နှင့် နျူကလီးယားလက်နက် ပိုင်ဆိုင်ရေးအထိ စစ်အင်အား တောင့်တင်းစေရေး စသည့် အငြင်းပွားဖွယ် အဆိုများကို ထုတ်ဖော်ခဲ့ဖူးသည်။

ခင်ပွန်းအများအပြား ယူခွင့်မူဝါဒကို ဥပဒေကြောင်းအရနှင့် လူမှုရေး ရှုထောင့်အရ မည်သို့ လက်တွေ့ အကောင် အထည်ဖော်မည် ဆိုသည်ကို ၎င်းက ရှင်းလင်း ပြောကြားထားခြင်း မရှိသေးသော်လည်း ယင်းပြောဆိုမှုမှာ ထိုင်းနိုင်ငံ၏ အိမ်ထောင်ရေးဥပဒေ၊ ကျား/မ အခွင့်အရေးများနှင့် နိုင်ငံရေး သတင်းစကားများ၏ အခန်းကဏ္ဍတို့နှင့် ပတ်သက်၍ လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ငြင်းခုံမှုများကို လှုံ့ဆော်ပေးခဲ့ပြီး ဖြစ်သည်။

Ref: Khaosod English
#MeKongNews
#ထိုင်းအမျိုးသမီး
#ယောင်္ကျား
#ဝန်ကြီးချုပ်လောင်း
#မဲဆွယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH”
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်စန်မြို့လယ် ပစ်ခတ်မှုဖြစ်၊ ဗုံးခွဲမည်ဟု ခြိမ်းခြောက်သည့် စစ်ကောင်စီဗိုလ်ကြီးအား ရဲတပ်ဖွဲ့မှ ပစ်သတ်ခြင်းဟုဆို

မဲခေါင်၊ သြဂုတ် ၂၇ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့လယ်တွင် ယမန်နေ့ည ၇ နာရီခန့်က စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တို့ အချင်းများရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သားသေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။ နမ့်စန်မြို့ပေါ် မြို့လယ်နာရီစင်အနီးတွင် ယမန်နေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now