ကမ္ဘာ့သတင်း

ယူကရိန်း ဒရုန်းတိုက်ခိုက်မှု ရုရှားတွင် လူ ၄ ဦးသေဆုံး၊ ရေနံလုပ်ငန်းလည်း မီးလောင်

မဲခေါင် 11 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၁ ယမန်နေ့ ညပိုင်းတွင် ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် ရုရှားတောင်ပိုင်း၊ ဗိုရိုနက်မြို့တွင် လူ ၄ ဦးသေဆုံးခဲ့ကာ အဆောက်အဦး အများအပြား ပျက်စီးသွားခဲ့ကြောင်း ဗိုရိုနက်ဒေသ အုပ်ချုပ်ရေးမှူးက ယနေ့ ပြောသည်။ ယူကရိန်း တိုက်ခိုက်မှုအတွင်း အရေး‌ပေါ်ဌာနတစ်ခု၊ တိုက်ခန်းတွဲ ၇ ခုနှင့် နေအိမ်‌ ၆ လုံး ပျက်စီးသွားခဲ့ကြောင်း အုပ်ချုပ်ရေးမှူး အလက်ဇန်ဒါဂူဆက်ဗ်က တယ်လီဂရမ် လူမှုကွန်ရက်တွင် ပြောကြားသည်။ ထိုအတောအတွင်းမှာပင် ယူကရိန်းဒရုန်း တိုက်ခိုက်မှုကြောင့် ရုရှားတောင်ပိုင်း ဗိုလ်ဂိုဂရက်ဒေသမှ ရေနံလုပ်ငန်း နေရာတစ်ခုတွင် မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ယမန်နေ့တွင် ပြောကြားကြသည်။ လောလောဆယ်တွင် ထိခိုက်ဒဏ်ရာရသတင်း မကြားရသေးကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး

မဲခေါင်၊ ဇန်နဝါရီ ၁၁

ယမန်နေ့ ညပိုင်းတွင် ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် ရုရှားတောင်ပိုင်း၊ ဗိုရိုနက်မြို့တွင် လူ ၄ ဦးသေဆုံးခဲ့ကာ အဆောက်အဦး အများအပြား ပျက်စီးသွားခဲ့ကြောင်း ဗိုရိုနက်ဒေသ အုပ်ချုပ်ရေးမှူးက ယနေ့ ပြောသည်။

ယူကရိန်း တိုက်ခိုက်မှုအတွင်း အရေး‌ပေါ်ဌာနတစ်ခု၊ တိုက်ခန်းတွဲ ၇ ခုနှင့် နေအိမ်‌ ၆ လုံး ပျက်စီးသွားခဲ့ကြောင်း အုပ်ချုပ်ရေးမှူး အလက်ဇန်ဒါဂူဆက်ဗ်က တယ်လီဂရမ် လူမှုကွန်ရက်တွင် ပြောကြားသည်။

ထိုအတောအတွင်းမှာပင် ယူကရိန်းဒရုန်း တိုက်ခိုက်မှုကြောင့် ရုရှားတောင်ပိုင်း ဗိုလ်ဂိုဂရက်ဒေသမှ ရေနံလုပ်ငန်း နေရာတစ်ခုတွင် မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ယမန်နေ့တွင် ပြောကြားကြသည်။

လောလောဆယ်တွင် ထိခိုက်ဒဏ်ရာရသတင်း မကြားရသေးကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရေးဘိုချာရော့ဗ်၏ တယ်လီဂရမ်မှ ပြောကြားမှုအား ဒေသခံ ရုပ်သံလိုင်းတစ်ခုက ကိုးကား ဖော်ပြခဲ့သည်။

ယင်းပျက်စီးမှု အတိုင်းအတာကို အုပ်ချုပ်ရေးမှူးက မပြောခဲ့သော်လည်း မီးလောင်မှုကြောင့် အနီးဝန်းကျင်တွင် နေထိုင်သူများကို ရွှေ့ပြောင်းပေးခဲ့ရဖွယ် ရှိသည်ဟု ပြောသည်။

ရုရှား၏ စွမ်းအင်လုပ်ငန်း နေရာများအပေါ် တာဝေးပျံ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းဖြင့် ၎င်းတို့ နိုင်ငံအပေါ် အပြည့်အဝ ကျူးကျော်နေသည့် ရုရှား၏ ရေနံနှင့် စွမ်းအင်လုပ်ငန်းမှ ရရှိသောဝင်ငွေများ လျော့ကျသွားစေရန် ယူကရိန်းက ရည်ရွယ်သည်။

ရုရှားကလည်း ယူကရိန်း၏ လျှပ်စစ်ဓာတ်အားပေး ကွန်ရက်ကို ချည့်နဲ့သွားအောင် လုပ်ပြီး အရပ်သား များအတွက် အပူပေးစနစ်၊ လျှပ်စစ်မီးနှင့် ရေပိုက်များ ပြတ်တောက်သွားစေရန် ကြံစည် လုပ်ဆောင်နေ သည်။

ထိုသို့လုပ်ဆောင်ခြင်းဖြင့် အလွန်အေးသော ဆောင်းရာသီကို ရုရှားက လက်နက်အဖြစ် အသုံးချနေခြင်း ဖြစ်ကြောင်း ယူကရိန်း အရာရှိများက ပြောကြားကြသည်။
‌
သောကြာနေ့တွင် ညပိုင်းအထိ ရာနှင့်ချီသော ဒရုန်းများ၊ ဒါဇင်နှင့် ချီသော ဒုံးကျည်များအပြင် အသံထက်မြန် အိုရက်ရှ်နစ် ဒုံးကျည်တစ်စင်းဖြင့်ပါ ရုရှားက ယူကရိန်းကို တိုက်ခိုက်ခဲ့ပြီး မြို့တော်ကိဗ်တွင် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့သည်။

သောကြာနေ့ ညပိုင်းအထိ ယူကရိန်း၏ စွမ်းအင်အဆောက်အဦများ၊ လောင်စာ သိုလှောင်ရာ နေရာများကို လေကြောင်း၊ ဒရုန်းများ၊ ဒုံးကျည်များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ပစ်မှတ်များနှင့် ပျက်စီးမှုများကို သီးခြားမပြောခဲ့ပေ။

နိုင်ငံတော် လျှပ်စစ်ဓာတ်အားပေးဌာန၏ ညွှန်ကြားချက်ကြောင့် ပြုပြင်မှုများ လုပ်ဆောင်ရန် မြို့တော်ကိဗ် လျှပ်စစ်ဓာတ်အား ကွန်ရက်ကို ပိတ်ထားသည်ဟု မြို့တော် အုပ်ချုပ်ရေးအဖွဲ့က စနေနေ့တွင် ပြောသည်။

အေးကျော်
Ref: AP/ Reuters
#MeKongNews
#ယူကရိန်း
#ရေနံလုပ်ငန်း
#မီးလောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now