ကမ္ဘာ့သတင်း

၂၀၂၇ စစ်အသုံးစရိတ် ‌ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ အထိ ထရမ့် တိုးတောင်း

မဲခေါင် 8 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၈ ၂၀၂၇ ခုနှစ်တွင် အမေရိကန် စစ်အသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံအထိ တိုးမြှင့် သတ်မှတ်‌ပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့တွံင် အဆိုပြုလိုက်ပြီး အန္တရာယ်များသော ခေတ်ကာလကို အကြောင်းပြခဲ့သည်။ “ဒါဟာ ကျွန်တော်တို့မှာ ရှိသင့်ရှိထိုက်တဲ့ အိမ်မက်စစ်တပ်ကို တည်‌ဆောက်ခွင့် ပြုပါလိမ့်မယ်။ ပိုပြီး အရေးကြီးတာကတော့ ဒီစစ်အသုံးစရိတ်က ဘယ်ရန်သူနဲ့ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ကို ဘေးကင်း၊ လုံခြုံ အောင် လုပ်ပေးပါလိမ့်မယ်” ဟု Truth Social လူမှုမီဒီယာပို့စ်တွင် ထရမ့်က ရေးသားသည်။ ပင်တဂွန်အတွက် စစ်အသုံးစရိတ်များ တိုးမြှင့် တောင်းခံခြင်းသည် ကာကွယ်ရေးနှင့် ကာကွယ်ရေး မဟုတ်သော

မဲခေါင်၊ ဇန်နဝါရီ ၈

၂၀၂၇ ခုနှစ်တွင် အမေရိကန် စစ်အသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံအထိ တိုးမြှင့် သတ်မှတ်‌ပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့တွံင် အဆိုပြုလိုက်ပြီး အန္တရာယ်များသော ခေတ်ကာလကို အကြောင်းပြခဲ့သည်။

“ဒါဟာ ကျွန်တော်တို့မှာ ရှိသင့်ရှိထိုက်တဲ့ အိမ်မက်စစ်တပ်ကို တည်‌ဆောက်ခွင့် ပြုပါလိမ့်မယ်။ ပိုပြီး အရေးကြီးတာကတော့ ဒီစစ်အသုံးစရိတ်က ဘယ်ရန်သူနဲ့ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ကို ဘေးကင်း၊ လုံခြုံ အောင် လုပ်ပေးပါလိမ့်မယ်” ဟု Truth Social လူမှုမီဒီယာပို့စ်တွင် ထရမ့်က ရေးသားသည်။

ပင်တဂွန်အတွက် စစ်အသုံးစရိတ်များ တိုးမြှင့် တောင်းခံခြင်းသည် ကာကွယ်ရေးနှင့် ကာကွယ်ရေး မဟုတ်သော အသုံးစရိတ်များ ကြားကွာဟမှု ကြီးမားမှု မရှိစေရန် အလိုရှိသော ဒီမိုကရက်များထံမှ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ရရန် သေချာသလောက် ရှိသည်။

ထို့အတူ စစ်အသုံးစရိတ်ကြောင့် ဘတ်ဂျက်လိုငွေ ကြီးမားမှုကို ဆန့်ကျင်သော ရီပတ်ဘလီကန်များထံမှ ကန့်ကွက်မှုများလည်း ရှိလာနိုင်သည်။

သို့ရာတွင် ဒုတိယအကြိမ် သမ္မတပြန်ဖြစ်လာပြီး နောက်ပိုင်းကတည်းက ကမ္ဘာတစ်ဝန်းမှ ရန်သူ၊ မိတ်ဆွေမခွဲခြားဘဲ နိုင်ငံတိုင်းအပေါ် ၎င်းတို့ အစိုးရက ချမှတ်ခဲ့သော အခွန်အကောက်များနှင့် အတူ ဝင်ငွေတိုးတက် လာခြင်းကြောင့်လည်း စစ်အသုံးစရိတ် တိုးမြှင့်ရန် သက်သောင့်သက်သာ ခံစားရကြောင်း ဒေါ်နယ်ထရမ့်က ဆိုသည်။

ဗင်နီဇွဲလား ခေါင်းဆောင် နီကိုးလပ်စ်မာဂျူရိုကို ဖမ်းဆီးပြီး မူးယစ်ဆေးဝါး‌ မှောင်ခိုမှုဖြင့် အမေရိကန်တွင် အမှုရင်ဆိုင်ရေး ၎င်းအား ဖမ်းဆီးခေါ်ဆောင်ရန် စစ်ဆင်ရေးကို အမိန့်ပေးခဲ့ ပြီးနောက် ရက်ပိုင်းအကြာမှာပင် စစ်အသုံးစရိတ် တိုးမြှင့်ရန် ၎င်းက အဆိုပြုလာခြင်း ဖြစ်သည်။

ကာရစ်ဘီယံ ပင်လယ်တွင်လည်း အမေရိကန်တပ်ဖွဲ့များ ဆက်လက် စုဝေးနေကြသည်။

အမျိုးသားလုံခြုံရေး အကြောင်းရင်းများကြောင့် ဒိန်းမတ်၏ ဂရင်းလန်ဒေသကို လွှဲပြောင်းရယူလို ကြောင်းကိုလည်း ထရမ့်က ယခုရက်ပိုင်းမှာပင် ပြောကြားခဲ့သလို ကိုလံဘီယာတွင် စစ်ဆင်ရေး လုပ်ရန်လည်း လမ်းဖွင့်ထားကြောင်း ပြောကြားသည်။

ထို့ပြင် အမေရိကန်နိုင်ငံ၏ ရေရှည်ရန်ဘက် ကျူးဘားလည်း ပြဿနာရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက သိသာစွာ သတိပေး ပြောကြားခဲ့သည်။

အမေရိကန်အစိုးရသည် ၂၀၂၄ ခုနှစ်တွင် အခွန်ကောက်ခြင်းမှ ဝင်‌ငွေ ဒေါ်လာ ၉၈ ဒသမ ၃ ဘီလီယံသာ ရရှိခဲ့သော်လည်း ပြီးခဲ့သည့်နှစ်က နိုင်ငံခြား အကောက်ခွန်နှင့် အခြား အခွန်အကောက်များမှ ဝင်ငွေ ၂၈၈ ဒသမ ၅ ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။

အေးကျော်
Ref: AP
#MeKongNews
#စစ်အသုံးစရိတ်
#၂၀၂၇
#ထရမ့်
#တိုးတောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now