မဲခေါင်၊ ဇန်နဝါရီ ၆
အကြမ်းဖက်သမား အဖြစ် NUG က ကြေညာထားသည့် PNO ပါတီ ဥက္ကဌ ခွန်စံလွင်ကို အလားတူ ကြေညာခံထားရသူပင် ဖြစ်သည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စည်သူဘွဲ့ ပေးခဲ့သည်။
(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူအများအပြားကို ဘွဲ့များပေးရာတွင် စစ်ကောင်စီအဖွဲ့ဝင် ဖြစ်ခဲ့သည့် ခွန်စံလွင်ကိုလည်း စည်သူဘွဲ့ပေးခဲ့ခြင်း ဖြစ်သည်။
NUG ၏ ကြေညာချက်အပေါ် ကြောက်ရွံ့မှု မရှိကြောင်းနှင့် တော်လှန်ရေးမှာ အကျိုးမရှိကြောင်း ခွန်စံလွင်က အစောပိုင်းတွင် တုံ့ပြန်ထားသည်။
ခွန်စံလွင်သည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်ကောင်စီအဖွဲ့ဝင်အဖြစ်နှင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်တွင် ဗဟိုအကြံပေးအဖြစ် ခန့်အပ်ခံထားရသည်။
ခွန်စံလွင် ခေါင်းဆောင်သည့် PNO – ပြည်သူ့စစ်သည် လက်ရှိတွင် စစ်ကောင်စီနှင့် ပူးပေါင်းကာ ရှမ်းတောင်နှင့် ကရင်နီပြည်တွင် တော်လှန်ရေး တပ်ဖွဲ့များကို ထိုးစစ်ဆင် တိုက်ခိုက်နေသည်။
#MeKongNews
#NUG
#အကြမ်းဖက်
#PNO
#ခွန်စံလွင်
#မင်းအောင်လှိုင်








