ကမ္ဘာ့သတင်း

၂၄ နာရီအတွင်း ရနိုင်မည့် ဂရင်းလန်းကို အမေရိကန် ထပ်သိမ်းပိုက်ဖွယ်ရှိ

မဲခေါင် 5 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၅ ဗင်နီဇွဲလားနိုင်ငံ ကာရာကက်စ်မြို့ကို လေယာဉ်နှင့် ရဟတ်ယာဉ် အစီး ၁၅၀ ဖြင့် တိုက်ခိုက်ပြီး သမ္မတ မာဂျုရိုနှင့် ဇနီးကို ဖမ်းဆီးပြီးနောက် ဒေါ်နယ်ထရမ့်၏ ပစ်မှတ်မှာ ဒိန်းမတ်ပိုင် နယ်မြေအတွင်းမှ မဟာဗျူဟာအရ အရေးပါသည့် ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရေး ဖြစ်လာဖွယ်ရှိသည်။ ဂရင်းလန်းသည် ယနေ့ နည်းပညာကမ္ဘာတွင် အလွန် လိုအပ်သော မြေရှားနှင့် အခြား ရှားပါးသတ္တုရင်းမြစ်များ ပေါကြွယ်၀သည့် အာတိတ်ဒေသ ကျွန်းဖြစ်ကာ မြောက်အမေရိကနှင့် ဥရောပကြားတွင် တည်ရှိနေသော ကျွန်းဖြစ်ပြီး ဒိန်းမတ်ထံမှ လက်ရှိ လွတ်လပ်ရေးရရှိကာ သီးခြားရပ်တည်နေသော ကျွန်းနိုင်ငံလည်း ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင်က ဂရင်းလန်းပြည်သူများ အမေရိကန်လက်အောက်တွင် နေထိုင်လိုကြလိမ့်မည်ဟု

မဲခေါင်၊ ဇန်နဝါရီ ၅

ဗင်နီဇွဲလားနိုင်ငံ ကာရာကက်စ်မြို့ကို လေယာဉ်နှင့် ရဟတ်ယာဉ် အစီး ၁၅၀ ဖြင့် တိုက်ခိုက်ပြီး သမ္မတ မာဂျုရိုနှင့် ဇနီးကို ဖမ်းဆီးပြီးနောက် ဒေါ်နယ်ထရမ့်၏ ပစ်မှတ်မှာ ဒိန်းမတ်ပိုင် နယ်မြေအတွင်းမှ မဟာဗျူဟာအရ အရေးပါသည့် ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရေး ဖြစ်လာဖွယ်ရှိသည်။

ဂရင်းလန်းသည် ယနေ့ နည်းပညာကမ္ဘာတွင် အလွန် လိုအပ်သော မြေရှားနှင့် အခြား ရှားပါးသတ္တုရင်းမြစ်များ ပေါကြွယ်၀သည့် အာတိတ်ဒေသ ကျွန်းဖြစ်ကာ မြောက်အမေရိကနှင့် ဥရောပကြားတွင် တည်ရှိနေသော ကျွန်းဖြစ်ပြီး ဒိန်းမတ်ထံမှ လက်ရှိ လွတ်လပ်ရေးရရှိကာ သီးခြားရပ်တည်နေသော ကျွန်းနိုင်ငံလည်း ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင်က ဂရင်းလန်းပြည်သူများ အမေရိကန်လက်အောက်တွင် နေထိုင်လိုကြလိမ့်မည်ဟု ပြောဆိုခဲ့သလို အမေရိကန်လက်အောက်နယ်မြေ ဖြစ်မြောက်စေလိုသည်ဟု လူသိရှင်ကြား ပြောထားပြီး ယခု မာဂျူရိုကို ဖမ်းဆီးပြီးနောက် ၎င်း၏ အိမ်ဖြူတော်မူဝါဒရေးရာ ဒုတိယ အကြီးအကဲ စတီဗင်မီလာ၏ ဇနီးကေတီမေလာက ဗင်နီဇွဲလားအား တိုက်ခိုက်ပြီး နာရီပိုင်းအကြာမှာပင် ဂရင်းလန်းကျွန်း မြေပုံပေါ် အမေရိကန် အလံလွှမ်းထားသည့် ပုံအား မကြာမီလာမည်ဟု စာသားနှင့်အတူ လူမှုကွန်ရက် X ပေါ်တင်ခဲ့ခြင်း ဖြစ်သည်။

စစ်တမ်း ကောက်ယူမှုတွင် ဂရင်းလန်း ကျွန်းသားအများစုက သီးခြား လွတ်လပ်သော နိုင်ငံအဖြစ်သာ ဆက်နေလိုပြီး အမေရိကန်လက်အောက် မနေလိုဟု အဖြေထွက်ပေါ်ခဲ့သော်လည်း အမေရိကန်က ဂရင်းလန်းကို တကယ်တမ်း သိမ်းပိုက်လျှင် ယင်းကျွန်းပေါ်၌ အမေရိကန် ဒုံးကျည် ကာကွယ်ရေး အခြေခံ အဆောက်အအုံများ ရှိထားနှင့်ပြီး ကျွန်းကို အမေရိကန်နှင့် ဒိန်းမတ်တို့သာ လုံခြုံရေး ယူထားသဖြင့် အမေရိကန် တိုက်ခိုက် သိမ်းယူမည်ဆိုလည်း ကမ္ဘာ့အမြန်ဆုံး စစ်ပွဲအဖြစ် ၂၄ နာရီ မပြည့်မီ သိမ်းပိုက်ရရှိမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။

ဒိန်းမတ်သည် အမေရိကန်နှင့် ဆန့်ကျင်စရာ မရှိသလို လက်ရှိမည်သည့် နေတိုးအဖွဲ့ဝင်နိုင်ငံကမှ အမေရိကန်ကို တိုက်ခိုက် ဆန့်ကျင်နိုင်ဖွယ် မရှိသဖြင့် ယခုလို သုံးသပ်ခဲ့ခြင်း ဖြစ်ကာ တရုတ်နှင့် ရုရှားတို့ကလည်း ယင်းကျွန်းကို အလိုရှိနေသဖြင့် မကြာမီ ကေတီမီလာ အချက်ပြသည့်အတိုင်း ဂရင်းလန်းကို အမေရိကန်က ခြေကုပ်ယူ သိမ်းပိုက် ဖွယ်ရှိနေသည်။

ထို့ပြင် ရုရှားနှင့် အမေရိကန်အကြား အနီးဆုံး ဒုံးကျည် ပစ်ခတ်နိုင်သည့် ကျွန်းဖြစ်သောကြောင့်လည်း ထရမ့်က ဂရင်းလန်းအား လက်နက်ဖြင့် သိမ်းပိုက်ခြင်းမပြုဟု ကတိမပေးနိုင်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#ဂရင်းလန်း
#အမေရိကန်
#သိမ်းပိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now