မဲခေါင်၊ ဇန်နဝါရီ ၃
ဒုတိယ သမ္မတသက်တမ်းတိုတိုလေးအတွင်း စစ်ပွဲကြီး ၈ ပွဲအား ရပ်တန့်စေနိုင်ခဲ့သဖြင့် သူ့ကိုယ်သူ ငြိမ်းချမ်းရေးသမ္မတကြီး၊ နိုဘယ်ငြိမ်းချမ်းရေးဆုနှင့် ထိုက်တန်သူဟု ပြောဆိုခဲ့သော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၂၀၂၅ ခုနှစ်အတွင် နိုင်ငံ ၇ နိုင်ငံ အပေါ် ဗုံးကြဲခဲ့သည်။
ဒေါ်နယ်ထရမ့်သည် အမေရိကန်ရွေးကောက်ပွဲ မဲဆွယ်ခဲ့စဉ်က ပြည်ပရေးရာ ပဋိပက္ခများ၌ ပါဝင်တော့ မည်မဟုတ်ဟု ကတိပြုခဲ့သော်လည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ဒုတိယအကြိမ်မြောက် အမေရိကန်သမ္မတ တာဝန်ယူပြီးနောက် ဆိုမာလီယာ၊ ယီမင်၊ နိုင်ဂျီးရီးယား၊ အီရန်၊ အီရတ်၊ ဆီးရီးယား နှင့် ယခုနောက်ဆုံး ဗင်နီဇွဲလားနိုင်ငံတို့ပေါ် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ကမ္ဘာ့ ပဋိပက္ခ တည်နေရာနှင့်ဖြစ်ရပ်များ အချက်အလက်ပြုစုသည့် ACLED အဖွဲ့က တင်ပြသွားခဲ့သည်။
ယခုနောက်ဆုံး ဗင်နီဇွဲလားမြို့တော် ကာရာကက်စ်မြို့ နေရာ ၇ နေရာတွင် ဇန်နဝါရီ ၂ ရက်ညက ဗုံးကြဲ တိုက်ခိုက်မှုများမပါ ဒေါ်နယ်ထရမ့်သည့် ဒုတိယသမ္မတ သက်တမ်း တစ်နှစ်မပြည့်မီကာလအတွင်း ယင်း ၇ နိုင်ငံအတွင်းသို့ ဒရုန်းများ၊ လေယာဉ်များသုံးပြီး ဗုံးကြဲတိုက်ခိုက်မှုပေါင်း ၆၂၂ ကြိမ် လုပ်ဆောင်ခဲ့သည်ဟု ACLED က အယ်လ်ဂျာဇီးယားတွင် ဖော်ပြသွားခဲ့သည်။
ကိုကလင်း
Ref: aljazeera
#MeKongNews
#ဒေါ်နယ်ထရမ့်
#ငြိမ်းချမ်းရေး
#ဗုံးကြဲ
#ဗင်နီဇွဲလား








