ကမ္ဘာ့သတင်း

ပထမဆုံး ကုန်းတွင်း စစ်ဆင်ရေးအဖြစ် ဗင်နီဇွဲလား ဆိပ်ကမ်းကို အမေရိကန် စတိုက်

မဲခေါင် 31 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၃၁ ဗင်နီဇွဲလားနိုင်ငံကို ကုန်းတွင်းစစ်ဆင်ရေး ဆင်နွှဲရန် အမေရိကန်က ကြုံးဝါးထားသည့်အတိုင်း ဒီဇင်ဘာ ၂၉ ရက်တွင် ဆိပ်ကမ်းနေရာအား ပထမဆုံး စတင် တိုက်ခိုက်ခဲ့ပြီး ယင်းတွင် အမေရိကန်သို့ ပို့မည့် မူးယစ်ဆေးဝါးများ တင်ဆောင်သောလှေ၊ သင်္ဘောများ အားလုံးကို အတိအကျ ပစ်ခတ်နိုင်ခဲ့သည်ဟု သမ္မတဒေါ်နယ်ထရမ့်က အတည်ပြု ထုတ်ပြန်ခဲ့သည်။ သတင်းများအရ ယင်းတိုက်ခိုက်မှုကို CIA က ဦးဆောင်ဆင်နွှဲသည်ဟု သိရသော်လည်း မည်သည့်အဖွဲ့မှ မည်သို့ စီစဉ် တိုက်ခိုက်ခဲ့သည်ကို ဒေါ်နယ်ထရမ့်က ထုတ်ပြန်ခြင်းမရှိဘဲ ပေါက်ကွဲမှုများ ပြင်းထန်စွာ ဖြစ်ပွားကာ မူးယစ်ဆေးဝါးများ တင်ဆောင်ထားသည့် သင်္ဘာများ အားလုံး ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ယင်းအပြင် မြေပြင်ဧရိယာ အ

မဲခေါင်၊ ဒီဇင်ဘာ ၃၁

ဗင်နီဇွဲလားနိုင်ငံကို ကုန်းတွင်းစစ်ဆင်ရေး ဆင်နွှဲရန် အမေရိကန်က ကြုံးဝါးထားသည့်အတိုင်း ဒီဇင်ဘာ ၂၉ ရက်တွင် ဆိပ်ကမ်းနေရာအား ပထမဆုံး စတင် တိုက်ခိုက်ခဲ့ပြီး ယင်းတွင် အမေရိကန်သို့ ပို့မည့် မူးယစ်ဆေးဝါးများ တင်ဆောင်သောလှေ၊ သင်္ဘောများ အားလုံးကို အတိအကျ ပစ်ခတ်နိုင်ခဲ့သည်ဟု သမ္မတဒေါ်နယ်ထရမ့်က အတည်ပြု ထုတ်ပြန်ခဲ့သည်။

သတင်းများအရ ယင်းတိုက်ခိုက်မှုကို CIA က ဦးဆောင်ဆင်နွှဲသည်ဟု သိရသော်လည်း မည်သည့်အဖွဲ့မှ မည်သို့ စီစဉ် တိုက်ခိုက်ခဲ့သည်ကို ဒေါ်နယ်ထရမ့်က ထုတ်ပြန်ခြင်းမရှိဘဲ ပေါက်ကွဲမှုများ ပြင်းထန်စွာ ဖြစ်ပွားကာ မူးယစ်ဆေးဝါးများ တင်ဆောင်ထားသည့် သင်္ဘာများ အားလုံး ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ယင်းအပြင် မြေပြင်ဧရိယာ အ လိုက် ပစ်ခတ် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ဖြစ်စဉ်တိုင်းကို အတိအကျ သိသော်လည်း အတိအကျ ထုတ်မပြောလိုဟု ဒေါ် နယ်ထရမ့်က Mar – a -Lago စံအိမ်၌ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံစဉ် မီဒီယာများအား ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ယင်းဆိပ်ကမ်းနေရာနှင့် တိုက်ခိုက်သည့် ရုပ်သံများကိုလည်း အမေရိကန်ဘက်က မထုတ်ပြန်ခဲ့ဘဲ Tren de Aragua မူးယစ်ဂိုဏ်းမှ မူးယစ်လှေများနှင့် ဆိပ်ကမ်းကို တိုက်ခိုက်ခြင်း ဖြစ်သည်ဟုသာ သတင်းများက ဖော်ပြခဲ့သည်။

ဗုံးကြဲ တိုက်ခိုက်မှု ထိရောက် အောင်မြင်သော်လည်း သေဆုံးမှုမရှိဟုလည်း သိရသည်။

ဒေါ်နယ်ထရမ့်သည် အစောပိုင်းကတည်းက ဗင်နီဇွဲလားကုန်းတွင်း တိုက်ခိုက်မှု ဆင်နွှဲနိုင်ရေး CIA ကို တာဝန်ပေးထားပြီး ယခု စတင် တိုက်ခိုက်ခြင်းဖြင့် ဗင်နီဇွဲလားသမ္မတ မာဂျူရိုကို ထပ်မံ ဖိအားပေးလာခြင်း ဖြစ်သည်။

ဗင်နီဇွဲလား စစ်ဆင်ရေးတွင် မူးယစ်ဆေးတင်သည်ဆို‌သော သင်္ဘော ၂၈ စီး အား အမေရိကန်က ပစ်မှတ်ထား တိုက် ခိုက်ခဲ့ရာတွင် လူပေါင်း ၁၀၅ ယောက် သေဆုံးခဲ့သလို ရေနံတင်သင်္ဘော ၂ စီးကိုလည်း စီးနင်း သိမ်းပိုက်ထားပြီး ဖြစ်သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ကုန်းတွင်း
#စစ်ဆင်ရေး
#ဗင်နီဇွဲလား
#ဆိပ်ကမ်း
#အမေရိကန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now