ကမ္ဘာ့သတင်း

ခရစ်ယာန်များကို လူမျိုးတုံး သတ်ဖြတ်နေသည်ဟု စွဲချက်ဖြင့် နိုင်ဂျီးရီးယားရှိ ISIS များကို အမေရိကန် တိုက်ခိုက် သုတ်သင်

မဲခေါင် 27 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၇ ဒီဇင်ဘာ ၂၅ ရက်၊ ခရစ္စမတ်ညတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အမိန့်ဖြင့် နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ဘက်ဒေသရှိ ISIS များ၏ ဗဟိုချက်နေရာများကို အမေရိကန်လေတပ်က အပြင်းအထန် လေကြောင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများစွာ သေဆုံးခဲ့သည်။ အမေရိကန် ကွန်ဆာဗေးတစ် လွှတ်တော်အမတ်များက နိုင်ဂျီးရီးယားတွင် ဘာသာရေး အစွန်းရောက် ဂျီဟတ် ISIS များသည် ခရစ်ယာန် ဘာသာဝင်များအား လူမျိုးတုံး သတ်ဖြတ်နေသည်ဟု ပြီးခဲ့သည့်လပိုင်းက ပြောဆိုခဲ့ကြပြီးနောက် ထရမ့်ကိုယ်တိုင်ကလည်း နိုင်ဂျီးရီးယားသမ္မတ ဘိုလာတီနူဘူက ခရစ်ယာန် ဘာသာဝင်များအား လုံလောက်သည့် အကာအကွယ်မပေးဘဲ နိုင်ဂျီးရီးယားသည် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အက်ဥပဒေကို ချိုးဖောက်နေသော နိုင်ငံဟု ဝေဖန်ကာ ပြည်ဝင်ခွင့်၊

မဲခေါင်၊ ဒီဇင်ဘာ ၂၇

ဒီဇင်ဘာ ၂၅ ရက်၊ ခရစ္စမတ်ညတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အမိန့်ဖြင့် နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ဘက်ဒေသရှိ ISIS များ၏ ဗဟိုချက်နေရာများကို အမေရိကန်လေတပ်က အပြင်းအထန် လေကြောင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများစွာ သေဆုံးခဲ့သည်။

အမေရိကန် ကွန်ဆာဗေးတစ် လွှတ်တော်အမတ်များက နိုင်ဂျီးရီးယားတွင် ဘာသာရေး အစွန်းရောက် ဂျီဟတ် ISIS များသည် ခရစ်ယာန် ဘာသာဝင်များအား လူမျိုးတုံး သတ်ဖြတ်နေသည်ဟု ပြီးခဲ့သည့်လပိုင်းက ပြောဆိုခဲ့ကြပြီးနောက် ထရမ့်ကိုယ်တိုင်ကလည်း နိုင်ဂျီးရီးယားသမ္မတ ဘိုလာတီနူဘူက ခရစ်ယာန် ဘာသာဝင်များအား လုံလောက်သည့် အကာအကွယ်မပေးဘဲ နိုင်ဂျီးရီးယားသည် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အက်ဥပဒေကို ချိုးဖောက်နေသော နိုင်ငံဟု ဝေဖန်ကာ ပြည်ဝင်ခွင့်၊ လည်ပတ်ခွင့်ဗီဇာများ ပိတ်ပင်သည့် နိုင်ငံစာရင်းတွင် ထည့်သွင်းခဲ့သည်။

နိုင်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီးကမူ ယခု အမေရိကန်တပ်များ ဝင်ရောက် တိုက်ခိုက်မှုတွင် ISIS များစွာ သေဆုံးပြီး ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်သွားခဲ့သည်။

အပြစ်မဲ့ ခရစ်ယာန် ဘာသာဝင်များအား နိုင်ဂျီးရီးယားတွင် သတ်ဖြတ်နေသည်မှာ မကြုံစဖူး များပြားလွန်းနေခြင်း‌ကြောင့် သွားရောက် ရှင်းလင်းရခြင်းဖြစ်ကာ ထပ်မံသတ်ဖြတ်လျှင် ပို၍ပြင်းထန်သော တိုက်ခိုက်မှုများ ဆက်လာဦးမည်ဟု ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ ထရမ့်က Truth Social လူမှုကွန်ရက်၌ သတိပေး ပြောဆိုခဲ့သည်။

အာဖရိကတွင် လူဦးရေအများဆုံး နိုင်ငံအဖြစ် လူသန်းပေါင်း ၂၂၀ ကျော်နေထိုင်သည့် နိုင်ဂျီးရီးယား၌ ခရစ်ယာန်များကို ပစ်မှတ်ထား သတ်ဖြတ်မှုသည် ၃၁၀၀ ဦီး ရှိခဲ့ပြီး တစ်ကမ္ဘာလုံးမှ အလားတူနှုန်းမှာ ၄၄၇၆ ဦးသာ ရှိသဖြင့် အမေရိကန်က သွားရောက် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပင်တဂွန်ကလည်း ထုတ်ပြန်သည်။

သို့သော် လက်နက်ကိုင် အကြမ်းဖက် သူပုန်၊ တောပုန်း၊ ဘာသာရေးအစွန်းရောက် လက်နက်ကိုင်များစွာ ရှိနေသော နိုင်ဂျီးရီးယားတွင် ၂၀၀၉ ခုနှစ်နောက်ပိုင်း အစ္စလာမ္မစ် နိုင်ငံတော်အဖြစ် နိုင်ဂျီးရီးယားအား ကြေညာကာ ဘိုကိုဟာရမ်အဖွဲ့က သတ်ဖြတ်ခဲ့သည့် ဦးရေသည် ၄၀၀၀၀ ကျော် အထိရှိကာ မွတ်ဆလင်ဘာသာအား လုံလောက်သော ကိုင်းရှိုင်းမှုမရှိဟု ဆိုသူများကိုလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ရာတွင် ခရစ်ယာန်များကို သတ်ဖြတ်မှုထက်ပင် ပိုများပြားခဲ့သည်ဟု ထရမ့်၏ အာဖရိကဆိုင်ရာ အကြံပေး မာဆက်ဘူလော့ဒ်က ဆိုသည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#ခရစ်ယာန်
#လူမျိုးတုံး
#နိုင်ဂျီးရီးယား
#ISIS
#တိုက်ခိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now