နိုင်ငံတကာသတင်း

ထိုင်းအရပ်သား ဒေသများကို ကမ္ဘောဒီးယားက BM – 21 ဒုံးကျည် ၇၀၀ နီးပါး ပစ်ခတ်ခဲ့

မဲခေါင် 24 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၄ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ ပြည်နယ်လေးခုရှိ ၉၈ နေရာတွင် ကမ္ဘောဒီးယားမှ BM-21 ဒုံးကျည်ပေါင်း ၆၉၅ လုံးကျရောက်ခဲ့ပြီး အဆောက်အအုံ ၈၁ လုံး ပျက်စီးသွားခဲ့သည်ဟု ထိုင်းအမှတ်-၂ စစ်ဒေသ က ထုတ်ပြန် ပြောကြားသည်။ ဆီဆာကက်ပြည်နယ်၊ ခန်သာရာလစ်ခရိုင်တွင် ဒုံးကျည် ၁၃၄ လုံး၊ ဥဘွန်ရက်ချာဌာနီပြည်နယ်၊ နမ် ယွမ်ခရိုင်တွင် တစ်လုံး၊ ဘူရီရမ်ပြည်နယ် ဘန်ခွက်ခရိုင်တွင် ၂၇ လုံး၊ ဆူရင်ပြည်နယ်၌ ကက်ချောင်ခရိုင် တွင် ၃၁ လုံး နှင့် ဒေါင်ရက်ခရိုင်တွင် ၅၀၂ လုံး အသီးသီး ကျရောက်ခဲ့သည်ဟု အမှတ်-၂ စစ်ဒေသက စာ ရင်းနှင့်တကွ

မဲခေါင်၊ ဒီဇင်ဘာ ၂၄

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ ပြည်နယ်လေးခုရှိ ၉၈ နေရာတွင် ကမ္ဘောဒီးယားမှ BM-21 ဒုံးကျည်ပေါင်း ၆၉၅ လုံးကျရောက်ခဲ့ပြီး အဆောက်အအုံ ၈၁ လုံး ပျက်စီးသွားခဲ့သည်ဟု ထိုင်းအမှတ်-၂ စစ်ဒေသ က ထုတ်ပြန် ပြောကြားသည်။

ဆီဆာကက်ပြည်နယ်၊ ခန်သာရာလစ်ခရိုင်တွင် ဒုံးကျည် ၁၃၄ လုံး၊ ဥဘွန်ရက်ချာဌာနီပြည်နယ်၊ နမ် ယွမ်ခရိုင်တွင် တစ်လုံး၊ ဘူရီရမ်ပြည်နယ် ဘန်ခွက်ခရိုင်တွင် ၂၇ လုံး၊ ဆူရင်ပြည်နယ်၌ ကက်ချောင်ခရိုင် တွင် ၃၁ လုံး နှင့် ဒေါင်ရက်ခရိုင်တွင် ၅၀၂ လုံး အသီးသီး ကျရောက်ခဲ့သည်ဟု အမှတ်-၂ စစ်ဒေသက စာ ရင်းနှင့်တကွ ထုတ်ပြန်ခဲ့သည်။

အရပ်သားကျေးရွာများ၊ နေအိမ်များ၊ ဘုရားကျောင်းများ နှင့် စာသင်‌ကျောင်း တစ်ကျောင်းကို ဒုံးကျည်များ ထိမှန်ပြီး ပျက်စီးနေသောပုံများကို အမှတ်-၂ စစ်ဒေသရုံးက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

အရပ်သားနေရပ် အများအပြားတွင် ဒုံးကျည်များ ကျရောက် ပေါက်ကွဲခဲ့ခြင်းကို ထောက်ရှု၍ စစ်ရေးနှင့် အရပ်သား ပစ်မှတ်များကို မခွဲခြားဘဲ ပစ်ခတ်တိုက်ခိုက်ခြင်း၊ အရပ်သားများကို ကာကွယ်ရန် လုံလောက်သော အတိုင်းအတာများ မပါဝင်ခြင်းကို သက်သေပြနေသည်ဟု ထိုင်းစစ်တပ်က ဆက်ပြောသည်။

ထိုသို့ တိုက်ခိုက်မှုများသည် နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေကို ချိုးဖောက်ရာကျသည်ဟုလည်း ထုတ်ပြန်ချက်က ဖော်ပြသည်။

အရပ်သားများထိခိုက်ပြီး နေအိမ်အ‌ဆောက်အဦးများကို ပျက်စီးစေသော အင်အားမျိုးသုံး၍ ငြိမ်းချမ်းရေး ရရှိရန်ကြိုးပမ်းမှုဟု ၎င်းတို့ပြောသည့်ကိစ္စကိုလည်း စစ်ဘက်က ဝေဖန်ခဲ့ပြီး တာဝန်ယူ၊ တာဝန်ခံမှု၊ ပစ်မှတ်ခွဲခြားမှု၊ လိုက်ဖက်သော အင်အားသုံးမှု၊ စစ်မှန်သော စစ်ရေး လိုအပ်ချက်များဖြင့်သာ ငြိမ်းချမ်းရေး ရရှိနိုင်သည်ဟု ထိုင်းစစ်တပ်က ဆက်ပြောသည်။

ထိုအတောအတွင်းမှာပင် တရုတ်နိုင်ငံ China Media Group မှ ဂျာနယ်လစ်အဖွဲ့တစ်ဖွဲ့က ယနေ့ ဒီ ဇင်ဘာ ၂၄ ရက်တွင် ဆီဆာကက်ပြည်နယ်မှ မြို့နယ်၊ ကျေးရွာများသို့ သွားရောက်ကာ ကမ္ဘောဒီးယားမှ ပစ်ခတ်လိုက်သော လက်နက်များကြောင့် အရပ်သားနေရာများ ပျက်စီးမှုများကို ကြည့်ရှုပြီး အချက်အလက်များကို စိစစ်ခဲ့ကြကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။

တရုတ် ဂျာနယ်လစ်များက ဆီဆာကက်ပြည်နယ်၊ ကန်သာရာလက်ခရိုင်မှ ဆောသောင်ချိုင် ခရိုင်ခွဲသို့ သွားရောက်ခဲ့ပြီး အမှတ် -၂ ဖွံ့ဖြိုးတိုးတက်ရေးတပ်ရင်းမှ ဒုတိယအကြီးအကဲ ဗိုလ်မှူးကြီး ပက်ဆာခွန်က ၎င်းတို့အား လိုက်လံပြသခဲ့သည်။

၎င်းတို့က နေရာအများအပြားသို့ သွားရောက်ခဲ့ကြရာ၌ BM – 21 ဒုံးကျည်စ ထိမှန်၍ သေဆုံးခဲ့သူတစ်ဦး၏ နေအိမ်၊ ရွာသားများစုပေါင်း ခိုလှုံနေသော ဘန်ကာတစ်ခု၊ ထိခိုက်ခဲ့သော စာသင်ကျောင်း တစ်ကျောင်းနှင့် ဆိုးဆိုးရွားရွား ပျက်စီးသွားသော နေအိမ် ၆ လုံးတို့ကို ကြည့်ရှုခဲ့ကြသည်။

ယင်းခရီးစဉ် အတွင်းမှာပင် တရုတ်ဂျာနယ်လစ်များက ကျေးရွာလုံခြုံရေး လုပ်ကိုင်နေသူများ၊ ကျေးရွာ ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ သိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။

အေးကျော်
Ref: The Nation/Khaosod
#MeKongNews
#ထိုင်းအရပ်သား
#ကမ္ဘောဒီးယား
#ဒုံးကျည်
#ပစ်ခတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now