နေ့စဥ်သတင်း

ပင်လောင်းတွင် တစ်ပတ်အတွင်း ဆိုင်ကယ် လုယက်မှု ၂ ကြိမ်ဖြစ်

မဲခေါင် 24 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၄ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ယခု တစ်ပတ်အတွင်း ဆိုင်ကယ်လုယက်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်တွင် တီကျစ်မြို့၊ သံတဲရွာအနီးတွင် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ဆိုင်ကယ် လုယက်ခံရကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။ “လမ်းဘေးမှာ ဆိုင်ကယ်ရပ်ပြီး ဖုန်းပြောနေတာကို လူ ၂ ယောက်က သူ့ကို တို့ဆေးနဲ့ လာတို့ပြီး တွန်းလှဲ လိုက်တယ်။ ဆေးအာနိသင်နဲ့ သူလည်း လမ်းဘေးမှာ တစ်နာရီ‌ကျော် မေ့လဲပြီး ဆိုင်ကယ် လုယူခံခဲ့ရ တယ်။ ဖုန်းတော့ မပါသွားဘူး။ သတိမေ့နေတဲ့အချိန်

မဲခေါင်၊ ဒီဇင်ဘာ ၂၄

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ယခု တစ်ပတ်အတွင်း ဆိုင်ကယ်လုယက်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်တွင် တီကျစ်မြို့၊ သံတဲရွာအနီးတွင် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ဆိုင်ကယ် လုယက်ခံရကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

“လမ်းဘေးမှာ ဆိုင်ကယ်ရပ်ပြီး ဖုန်းပြောနေတာကို လူ ၂ ယောက်က သူ့ကို တို့ဆေးနဲ့ လာတို့ပြီး တွန်းလှဲ လိုက်တယ်။ ဆေးအာနိသင်နဲ့ သူလည်း လမ်းဘေးမှာ တစ်နာရီ‌ကျော် မေ့လဲပြီး ဆိုင်ကယ် လုယူခံခဲ့ရ တယ်။ ဖုန်းတော့ မပါသွားဘူး။ သတိမေ့နေတဲ့အချိန် ဘယ်သူမှလည်း သူ့ကို လာမကြည့်ရဲဘူး၊ လာမထူ ရဲကြဘူး။ သူသတိပြန်ရလာမှ သူမိဘတွေကို အကြောင်းကြားပြီး ပြန်လာခေါ်ခိုင်းခဲ့တယ်”ဟု ၎င်းက မဲခေါင်သို့ ပြောသည်။

အလားတူ ဒီဇင်ဘာ၂၀ ရက်တွင် နောင်တရားမြို့အနီး တကူမို့ရွာနားတွင် ဆိုင်ကယ်လုသူများက လမ်း ပေါ်တွင် ပိုက်ဆံချ ထောင်ချောက်ဆင်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။

“အကွက်ဆင်ပြီး ခိုးသွားတာပါ။ တရုတ်ဇာတ်ကားထဲက အတိုင်းပဲ။ လမ်းပေါ် ပိုက်ဆံတွေ့တော့ ကောက်ဖို့ ဆင်းနေတုန်း ခြုံထဲကနေ ဆိုင်ကယ်လုသူ ၂ ယောက် ထွက်လာပြီး ပါလာတဲ့ ဖုန်းလည်းလု လူကိုလည်း တွန်းထုတ်ပြီး ဆိုင်ကယ်ကိုလည်း မောင်းပြေးသွားတယ်။ ဘယ်သွားသွား တစ်ယောက်တည်း မသွားပါနဲ့ လမ်းပေါ် ပိုက်ဆံတွေ့ရင်လည်း မကောက်ကြပါနဲ့”ဟု တကူမို့ ရွာခံတစ်ဦးက ‌မဲခေါင်သို့ ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပင်လောင်းမြို့နယ်တွင် မူးယစ်ဆေးဝါး သုံးသူလည်း များလာသလို၊ အွန်လိုင်းဂိမ်း ရှုံးသူများလာခြင်း၏ နောက်ဆက်တွဲကြောင့် သီးနှံခိုးမှု၊ ဓားပြတိုက်မှု၊ လုယက်မှုနှင့် အကြမ်းဖက်မှုတို့ များလာကြောင်း သိရသည်။

#MeKongNews
#ပင်လောင်း
#ဆိုင်ကယ်
#လုယက်မှု
#တီကျစ်မြို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH”
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်စန်မြို့လယ် ပစ်ခတ်မှုဖြစ်၊ ဗုံးခွဲမည်ဟု ခြိမ်းခြောက်သည့် စစ်ကောင်စီဗိုလ်ကြီးအား ရဲတပ်ဖွဲ့မှ ပစ်သတ်ခြင်းဟုဆို

မဲခေါင်၊ သြဂုတ် ၂၇ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့လယ်တွင် ယမန်နေ့ည ၇ နာရီခန့်က စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တို့ အချင်းများရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သားသေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။ နမ့်စန်မြို့ပေါ် မြို့လယ်နာရီစင်အနီးတွင် ယမန်နေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now