နေ့စဥ်သတင်း

ငြိမ်းချမ်း‌ရေး ဆွေးနွေးရန် ရန်လိုမှုများ ကမ္ဘောဒီးယား အရင်အဆုံးသတ်ရမည်ဟု ထိုင်းဝန်ကြီးချုပ်ပြော

မဲခေါင် 21 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၁ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ထိုင်းမပါဝင်မီ ရန်လို တိုက်ခိုက်မှုများကို ကမ္ဘောဒီးယားက အရင်အဆုံးသတ်ရမည် ဖြစ်ကြောင်း ကမ္ဘောဒီးယားနှင့် တိုက်ပွဲတွင် ကျဆုံးသွားသော ထိုင်းစစ်သည်နှစ်ဦးအား နှုတ်ဆက်ပွဲအခမ်း အနားတစ်ခုသို့ တက်ရောက်ပြီးနောက် ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူးလ်က ပြောကြားသည်။ တနင်္လာ‌နေ့တွင် ကွာလာလမ်ပူ၌ ကျင်းပမည့် အာဆီယံ နိုင်ငံခြား‌ရေးဝန်ကြီးများ အစည်းအဝေးတွင် ငြိမ်းချမ်းရေး သန္နိဌာန်တစ်ခု ရှာဖွေကြရန် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ယနေ့ နံနက်ဖေ့စ်ဘွတ်ပို့စ်တွင် ပြောကြားပြီးနောက် ထိုင်းဝန်ကြီးချုပ်က အထက်ပါအတိုင်း တုံ့ပြန်လာခြင်းလည်း ဖြစ်သည်။ “အရင် အပစ်အခတ်ရပ်စဲမှုနဲ့ ပူးတွဲ ကြေညာချက်ကို ကျွန်တော်တို့က ချိုးဖောက်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေ ဒါမှမဟုတ် ဘယ်အာဆီယံ

မဲခေါင်၊ ဒီဇင်ဘာ ၂၁

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ထိုင်းမပါဝင်မီ ရန်လို တိုက်ခိုက်မှုများကို ကမ္ဘောဒီးယားက အရင်အဆုံးသတ်ရမည် ဖြစ်ကြောင်း ကမ္ဘောဒီးယားနှင့် တိုက်ပွဲတွင် ကျဆုံးသွားသော ထိုင်းစစ်သည်နှစ်ဦးအား နှုတ်ဆက်ပွဲအခမ်း အနားတစ်ခုသို့ တက်ရောက်ပြီးနောက် ထိုင်းဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူးလ်က ပြောကြားသည်။

တနင်္လာ‌နေ့တွင် ကွာလာလမ်ပူ၌ ကျင်းပမည့် အာဆီယံ နိုင်ငံခြား‌ရေးဝန်ကြီးများ အစည်းအဝေးတွင် ငြိမ်းချမ်းရေး သန္နိဌာန်တစ်ခု ရှာဖွေကြရန် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ယနေ့ နံနက်ဖေ့စ်ဘွတ်ပို့စ်တွင် ပြောကြားပြီးနောက် ထိုင်းဝန်ကြီးချုပ်က အထက်ပါအတိုင်း တုံ့ပြန်လာခြင်းလည်း ဖြစ်သည်။

“အရင် အပစ်အခတ်ရပ်စဲမှုနဲ့ ပူးတွဲ ကြေညာချက်ကို ကျွန်တော်တို့က ချိုးဖောက်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေ ဒါမှမဟုတ် ဘယ်အာဆီယံ အဖွဲ့ဝင်ကိုမှ ကျွန်တော်တို့က ရန်လိုတာ မရှိခဲ့ပါဘူး” ဟု အနုတင်က ပြောသည်။

“တိုက်ခိုက်မှုတွေ ရပ်တန်ဖို့ ဒါမှမဟုတ် အပစ်အခတ်ရပ်စဲမှု ရှိဖို့ဆိုရင် သူတို့က ကျွန်တော်တို့ကို ခြိမ်းခြောက်တာ ကျွန်တော်တို့နိုင်ငံကို တပ်ဖွဲ့တွေနဲ့ ဖြစ်စေ၊ လက်နက်နဲ့ ဖြစ်စေ ၊ မကြာခင်က ဖြစ်ခဲ့သလို ဒရုန်းနဲ့ဖြစ်စေ ကျူးကျော်တာ ရပ်တန့်ရပါမယ်။ အဲဒီထက် ဘာမှ ပိုမလိုချင်ပါဘူး” ဟု အနုတင်က ဆိုပြီး မိမိတို့ဘက်တွင် လူသူဆုံးရှုံးမှု မဖြစ်ချင်သလို အခြားတစ်ဖက်ကိုလည်း မဖြစ်စေချင်ကြောင်း ၎င်းက ဆက်ပြောသည်။

အပစ်အခတ်ရပ်စဲ‌မှု ဆွေးနွေးပွဲများအား ကမ္ဘောဒီးယားအား အသာစီးရစေမည့် အချိန်ဆွဲသည့် နည်းလမ်းတစ်ရပ် အသုံးပြုနိုင်ပါသလားဟု မေးမြန်းရာတွင်လည်း ထိုသို့ ထပ်မဖြစ်စေရေး သေချာစေရန် အစီအစဉ်များ လုပ်ဆောင်နေသည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။

“လောလောဆယ် ကျွန်တော်တို့ ညှနှိုင်းမှု လုပ်မနေပါဘူး။ ကျွန်တော်တို့ ခြိမ်း‌ခြောက်ခံခဲ့ရလို့ ကျွန်တော် တို့ပိုင်နက် အစိတ်အပိုင်းအားလုံးကို ပြန်လည်ရယူဖို့ ဝင်ရောက် လှုပ်ရှားနေပါတယ်” ဟု အနုတင်က ပြောသည်။

ပဋိပက္ခကို ကြားဝင်ဖြေရှင်းရန်တရုတ်နိုင်ငံ ပါဝင်လာသည်ကိုလည်း ၎င်းက ငြင်းဆိုခဲ့ကြောင်း သည်နေရှင်းသတင်းက ဆိုသည်။

တောင်ကုန်းအမှတ် (၃၅၀) တိုက်ပွဲတွင် ကျဆုံးသွားခဲ့သော တပ်ကြပ်ကြီးတစ်ဦး နှင့် ရဲဘော်တစ်ဦးတို့၏ ရုပ်အလောင်းများအား နေရပ်ပြန်ပို့ရန် ဂါဝရပြု နှုတ်ဆက်ပွဲ အခမ်းအနားကို ဆူရင်ပြည်နယ်တွင် အစောပိုင်းက ကျင်းပခဲ့ရာ ဝန်ကြီးချုပ်အနုတင် အပြင် ဒေသခံ အများအပြားလည်း တက်ရောက်ခဲ့ကြသည်။

ကမ္ဘောဒီးယားတပ်ဖွဲ့များ ဝင်ရောက်ခဲ့သော နယ်မြေ အားလုံးနီးပါးကို ထိုင်းတပ်ဖွဲ့များက ပြန်လည် ရယူထားပြီ ဖြစ်ကြောင်းနှင့် ထပ်မံ ကျူးကျော်မှုများ မရှိစေရန် လုံခြုံအောင် လုပ်‌ဆောင်နေသည်ဟု အနုတင်က ပြောကြားသည်။

စစ်သည် ဆမ်ရောင်နှင့် ပါနူပက်တို့သည် တိုက်ပွဲတွင် ကျဆုံးသော နောက်ဆုံး ထိုင်းစစ်သည်များ ဖြစ်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ဆိုသည်။

အေးကျော်
Ref:The Nation
#MeKongNews
#ငြိမ်းချမ်း‌ရေး
#ရန်လိုမှု
#ကမ္ဘောဒီးယား
#ထိုင်းဝန်ကြီးချုပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now