မဲခေါင်၊ ဒီဇင်ဘာ ၂၁
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ အာသံပြည်နယ်၊ ဟိုဂျိုင်ခရိုင်၌ ရထားလမ်း ဖြတ်ကူးသည့် ဆင်အုပ်ကြီးအား ဒေလီနှင့် ပြေးဆွဲသော အဝေးပြေး ရထားတစ်စီး ဝင်တိုက်မိသဖြင့် ဆင် ၇ ကောင် သေဆုံးခဲ့ရသည်။
ဖြစ်စဉ်မှာ ယနေ့ ဒီဇင်ဘာ ၂၁ ရက် နံနက် အစောပိုင်းတွင် ဖြစ်ပွားပြီး ဒေလီ အဝေးပြေးရထားသည် အရှိန်ဖြင့် မောင်းနှင်လာစဉ် ရထားလမ်းပေါ် ဆင်အုပ်ကြီး ဖြတ်ကူးနေသည်ကို မြင်ရသဖြင့် အရေးပေါ် ဘရိတ်အုပ်ခဲ့သော်လည်း ဆင်များက ရထားဥဩသံကို မမှုဘဲ မျက်နှာချင်းဆိုင်ပင် ပြေးဝင်လာသဖြင့် ယခုလို ဆင် ၇ ကောင် သေဆုံး၊ တစ်ကောင်ဒဏ်ရာရပြီး ရထား ၅ တွဲ လမ်းချော်ခဲ့ရခြင်း ဖြစ်သည်ဟု အရှေ့မြောက်နယ်စပ် ရထားလမ်းပိုင်း တာဝန်ရှိသူများက ထုတ်ပြန်သည်။
သေဆုံးသည့်ဆင်များကို တိရစ္ဆာန်ဆရာဝန်များက လာရောက်စမ်းသပ် စစ်ဆေးပြီးနောက် တစ်ခါတည်း မြေမြှုပ်ခဲ့ကာ လိုက်ပါသူ ခရီးသွားများ ဒဏ်ရာမရခဲ့ကြောင်း သိရသည်။
အာသံပြည်နယ်သည် အိန္ဒိယတွင် ဆင်ကောင်ရေ အများဆုံး နေထိုင်ကျက်စားရာ ဒေသဖြစ်ကာ မှတ်တမ်းများအရ ၆၀၀၀ နီးပါး ရှိသည်။
ကိုကလင်း
Ref: BBC
#MeKongNews
#အိန္ဒိယ
#ဆင်အုပ်
#ရထား
#သေဆုံး








