မဲခေါင်၊ ဒီဇင်ဘာ ၁၆
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိ တပင်ရွှေထီး ဓာတ်ဆီဆိုင် ဆီဂို ထောင်တွင် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။
မီးလောင်မှုမှာ ယနေ့ ဒီဇင်ဘာ ၁၆ ရက် နေ့လည် ၁၂ နာရီကျော်တွင် ဖြစ်ပွားခဲ့ပြီး မီးကြီးကာ မီးသတ်ကား ၅ စီး လာရောက် ငြှိမ်းသတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“မီးက အရမ်းပြင်းတယ်၊ ဘေးအိမ်အနီးနား အိမ်ကူးမှာလည်း ကြောက်တယ်။ မီးတောက်တွေဆို အမြင့် ကြီးမှ အမြင့်ကြီး လောင်တက်သွားတာ မီးတောက်တွေ အန္တရာယ်တော့ တော်တော်များတာ ဘေးပတ်လည်မှာလည်း ဆီဆိုင်တွေ အများကြီးပဲ ကပ်ရပ်တွေချည်းပဲမို့ ဘယ်လောက်တောင် လန့်နေကြမလဲ မသိဘူး။ ကိုယ်တွေနဲ့လည်း နီးတော့ အပူတွေတောင် ဟပ်တယ်။”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
မီးငြိမ်းပြီးနောက် ထိခိုက်မှု အသေးစိတ်ကို မသိရသေးကြောင်း ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
လက်ရှိတွင် ခြောက်သွေ့သော ဆောင်းရာသီ ဖြစ်သောကြောင့် မီးဘေးအန္တရာယ် ဂရုစိုက်ကြရန် ဒေသခံ ပြည်သူများက သတိပေးကြသည်။
#MeKongNews
#အေးသာယာ
#တပင်ရွှေထီး
#ဓာတ်ဆီဆိုင်
#မီးလောင်








