မဲခေါင်၊ ဒီဇင်ဘာ ၁၅
ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ် ပွိုင်ပက် စစ်ဆေးရေးဂိတ်တွင် ထိုင်းနိုင်ငံသား ထောင်ပေါင်းများစွာကို ကမ္ဘောဒီးယားဘက်မှ ထိုင်းဘက်သို့ ပြန်ခွင့်မပေးဘဲ ဖမ်းဆီး ထိန်းသိမ်းထားခြင်းသည် ဂျီနီဗာ ကွန်ဗင်းရှင်း သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်သဖြင့် ကမ္ဘောဒီးယား စစ်တပ်သည် စစ်ရာဇဝတ်မှု ကျူးလွန်နေသည်ဟု ထိုင်းတော်ဝင်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဝင်းထိုင်းဆူဝရီးက စွပ်စွဲ ပြောဆိုသည်။
ဒီဇင်ဘာ ၈ ရက်ကတည်းက ထိုင်းနှင့် ကမ္ဘောဒီးယားတို့ နယ်စပ်စစ်ပွဲ ပြန်ဖြစ်ကာ ထိုင်း ဖိုက်တာဂျက်လေယာဉ်များက ပွိုင်ပက်အပါအဝင် ကမ္ဘောဒီးယား နယ်စပ်ဘက်ခြမ်းမှ ကာစီနိုနှင့် ကျားဖြန့် အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်နေသဖြင့် ယင်းနေရာ၌ သွားရောက် အလုပ်လုပ်နေသည့် ထိုင်းနိုင်ငံသား ထောင်ပေါင်းများစွာ နေရပ်ပြန်ရန် ပြင်ဆင်စဉ် ပွိုင်ပက် စစ်ဆေးရေးဂိတ်၌ ပိတ်မိနေခြင်း ဖြစ်သည်။
ယင်းအခြေအနေသည် ၁၉၄၉ ခုနှစ်၊ ဩဂုတ် ၁၂ ရက် ဂျီနီဗာကွန်ဗင်းရှင်း၊ ၁၉၇၇ နိုင်ငံတကာ လက်နက်ကိုင် ပဋိပက္ခများ၌ ပြည်သူကို အကာအကွယ် ပေးရခြင်း စသည့် သဘောတူညီချက်များကို ကမ္ဘောဒီးယားဘက်မှ ဖောက်ဖျက်ကာ စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ် ဝင်းထိုင်းဆူဗရီးက ထုတ်ပြန်သွားခြင်းဖြစ်သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ပွိုင်ပက်ဂိတ်
#ထိုင်းနိုင်ငံသား
#စစ်ရာဇဝတ်
#ကမ္ဘောဒီးယား








