မဲခေါင်၊ ဒီဇင်ဘာ ၁၂
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ဗင်နီဇွဲလားမူးယစ်အကြမ်းဖက်ဂိုဏ်းများကို စစ်ဆင်ရေး ဆင်နွှဲ သည်ဟုအကြောင်းပြချက်ပေးထားသော်လည်း ရည်မှန်းချက်သည် ထို့ထက်များစွာကျယ်ပြန့်ကြောင်း သက်သေပြခြင်းအဖြစ် ဗင်နီဇွဲလားကမ်းလွန်တွင် ခုတ်မောင်းနေသည့် ဗင်နီဇွဲလား ရေနံတင်သင်္ဘောကြီးအား ရဟတ်ယာဉ်များပေါ်မှ ကွန်မန်ဒိုများ ကြိုးဖြင့်ဆင်းသက်ပြီး စီးနင်းလိုက်ပြီဖြစ်သည်။
ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အမေရိကန်ရှေ့နေချုပ် ပမ်ဘွန်ဒီက ယင်းစီးနင်းမှုရုပ်သံကို လူမှုကွန်ရက် X ပေါ်တင်ခဲ့ပြီး ထိုစစ်ဆင်ရေးအား အမေရိကန်စုံစမ်းထောက်လှမ်းရေးဗျူရို (FBI)၊ ပြည်ထဲရေး စုံစမ်း စစ်ဆေးရေးတပ်နှင့် အမေရိကန်ကမ်းခြေစောင့်တပ်တို့ ၀ရမ်းထုတ်ပြီးပူးပေါင်းဆင်နွှဲခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
ယင်းရေနံတင်သင်္ဘောသည် အမေရိကန်ပိတ်ဆို့အရေးယူထားသော ဗင်နီဇွဲလားနှင့် အီရန်ရေနံတင်သင်္ဘောများထဲမှ တစ်စီးဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “ စီးနင်းခဲ့တဲ့ ရေနံ တင်သင်္ဘောကြီးက တကယ့်အကြီးကြီးမှ အကြီးကြီ။ သိမ်းဆည်းသမျှသင်္ဘောတွေထဲ အကြီးဆုံးဖြစ် တယ်။ နောက်ထပ်တခြားသော အရာတွေလည်း ဖြစ်ပျက်နေတယ်နော်။ သိမ်းဆည်းမှုအတွက် အကြောင်းပြချက်ကောင်းလည်း ရှိပြီးသား။ ဘာလုပ်မှာလဲမေးကြတော့လည်း ဖြေရတာပေါ့။ ဧည့် သည်တော်အဖြစ် သိမ်းထားမယ်လေ” ဟု ထုတ်ပြန်ခဲ့သည်။
အမေရိကန်သည် ဗင်နီဇွဲလားအာဏာရှင် သမ္မတ မာဂျူရိုကို မူးယစ်ဂိုဏ်းများနောက်ကွယ်မှ ကြိုးကိုင် သူဟုဆိုကာ ဆုငွေဒေါ်လာသန်း ၅၀ ထုတ်ထားပြီး ယခုစစ်ဆင်ရေးတွင် မူးယစ်ဆေးများ တင်ဆောင် သည့် လှေငယ်များကိုသာ ဖောက်ခွဲတိုက်ခိုက်ခဲ့သော်လည်း ယခုမှာ မူးယစ်ဆေးနှင့်မဆိုင်သည့် မာဂျူရို ၏ ပိုင်ဆိုင်မှုကို ပထမဆုံး သိမ်းဆည်းလိုက်ခြင်းဖြစ်သည်။
ထိုအခြေအနေကြောင့် ဗင်နီဇွဲလားကမ်းခြေ ရှိ အခြားသော ဗင်နီဇွဲလား သင်္ဘောများသည်လည်း အမေရိကန်၏ သိမ်းဆည်းခံရမည့်အရေးကို စိုးရိမ် မှုများ မြင့်တက်လာရသည်။
ဗင်နီဇွဲလားနိုင်ငံသည် ရေနံရင်းမြစ်ကြွယ်၀သည့် နိုင်ငံဖြစ်ကာ အာဏာရှင်စနစ်ဖြင့် မာဂျူရိုအုပ်ချုပ်နေ သောကြောင့် အနောက်ဥရောပနိုင်ငံများက ရေနံတင်ပို့ခွင့် ပိတ်ပင်ထားရာ ရေနံတင်သင်္ဘောအများစု သည် တတိယကြားခံနိုင်ငံအဖြစ် စျေးနှိမ်ယူသည့် တရုတ်သို့ တင်ပို့ပြီးမှ တရုတ်မှတစ်ဆင့် ကမ္ဘာသို့ ပြန်ဖြန့်ဖြူးနေခြင်းဖြစ်သည်။
ရုရှားနှင့် အီရန်မှ ရေနံများတင်ပို့ခွင့်ကို အမေရိကန်နှင့်ဥရောပနိုင်ငံများ က ပိတ်ပင်ထားရာ အာရှနိုင်ငံများရှိ ရေနံတင်သွင်းသော နိုင်ငံများသည် ဗင်နီဇွဲလားမှ ရေနံများကို မှာ ယူနေကြပြီး တရုတ်က ကြားခံပွဲစားအဖြစ် စျေးပြန်တင်ကာ ဖြန့်ဖြူးနေခြင်းဖြစ်သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဗင်နီဇွဲလား
#အမေရိကန်
#မူးယစ်ဆေးဝါး
#ရေနံတင်သင်္ဘော








