မဲခေါင်၊ ဒီဇင်ဘာ ၁၀
ဒီဇင်ဘာ ၉ ရက် ညနှောင်းပိုင်းတွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်ရှိ ထိုင်းလ၀က ထိန်းသိမ်းရေး စင်တာအတွင်း ထားရှိသည့် တရုတ်နိုင်ငံသား ၃၀၀ ကျော်သည် အချုပ်ခန်းများအတွင်း အဓိကရုဏ်း အသွင်ဆောင်ကာ သောင်းကျန်းပြီး စီစီတီဗီများရိုက်ခွဲခြင်း၊ ဗီရိုများနှင့် ဖိုင်များကို ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သောကြောင့် တာ့ခ်ခရိုင်ရဲတပ်ဖွဲ့၊ စစ်တပ်၊ နယ်ခြားစောင့်တပ်များပူးပေါင်းကာ မီးသတ်ပိုက်များဖြင့်ပင် ထိုးပြီး ထိန်းသိမ်းခဲ့ရသည်။
ယင်းလ၀က ထိန်းသိမ်းရေးစခန်းသည် နယ်စပ်ကင်းလှည့်ရဲတပ်ဖွဲ့ရုံးနောက်တွင် တည်ရှိကာ မြ၀တီ ကျားဖြန့်မှ ထွက်လာသူများအား ထိန်းသိမ်းထားခြင်းဖြစ်ပြီး ထိန်းသိမ်းနိုင်ပြီးနောက် တာဝန်ရှိသူများက အဆိုပါ တရုတ်နိုင်ငံသားများဖြင့် သွားရောက်ဆွေးနွေးခဲ့သည်။
ဖြစ်စဉ်တွင် တရုတ်များသည် ထိုင်းအစိုးရပိုင် စီစီတီဗီများ၊ ဗီရိုများ၊ ခုံတန်းရှည်များကို ဖျက်ဆီးခဲ့ကာ ခိုက်ရန်ဖြစ်ပွားမှုတွင် လူတစ်ဦး ဒဏ်ရာရခဲ့သေးသည်။
ဆွေးနွေးမှုတွင် တရုတ်နိုင်ငံသားများဘက်မှ တောင်းဆိုမှုများထဲ အမြန်ဆုံးတရုတ်နိုင်ငံသို့ ချောမွေ့စွာပြန်ပို့ပေးရန်မှာ အဓိကဖြစ်သည် ဟု ဆိုသည်။
ကိုကလင်း
Ref: matichon
#MeKongNews
#မဲဆောက်
#တရုတ်နိုင်ငံသား
#ကျားဖြန့်
#မြဝတီ








