မဲခေါင်၊ ဒီဇင်ဘာ ၁၀
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အငြင်းပွားမှုမှ ၂ ရက်ကြာ တိုက်ပွဲများပြန်လည်ဖြစ်ပွားနေရာ ဒီဇင်ဘာ ၁၀ ရက်နေ့မနက်ပိုင်းတွင် ကမ္ဘောဒီးယားဘက်မှ ထိုင်းဘက်ခြမ်းဆာရင်ခရိုင် ဖနွန်ဒေါင်ရက်ခ်ခရိုင်ခွဲ လူနေ ထူထပ်ရာနေရာများသို့ BM-21 ဒုံးကျည်များဖြင့် အချက် ၅၀ ကျော် ပစ်ခတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ များရှိခဲ့ကြောင်း ထိုင်းမီဒီယာများက ဖော်ပြနေကြသည်။
တာမီယန်း၊ ဘက်ခဒိုင်၊ ဂျက်ဒက်ခ်စသည့် နယ်စပ်မြို့များရှိ လူနေထူထပ်ရာနေရာများသို့ ကမ္ဘောဒီးယားဘက်မှ ပစ်ခတ်ရာတွင် ဒွန်ဂရက်ဆေးရုံအနီးသို့လည်း ကျရောက်ကာ လူနာများ၊ ဆေးရုံ ဝန်ထမ်းများနှင့်ပြည်သူများကို ဘေးလွတ်ရာသို့ အမြန်ရွှေ့ပြောင်းပေးခဲ့ရသည်ဟုလည်း ဆိုသည်။
ထိုင်းစစ်တပ်က ပြည်သူအများနေထိုင်ရာအရပ်သို့ ကမ္ဘောဒီးယား၏ ပစ်ခတ်တိုက်ခိုက်မှုများသည် နိုင်ငံ အချုပ်အခြာအာဏာပိုင်မှုကို ထိပါးစေသည်သာမက လူသားအခြေခံစည်းမျဉ်းများကိုချိုးဖောက်ခြင်း၊ နိုင်ငံတကာဥပဒေများကိုချိုးဖောက်ခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့ကာ ဥပဒေနှင့်အညီ ခြိမ်းခြောက်မှုမှန်သမျှ ကို ဥပဒေအခွင့်အလမ်းများခွင့်ပြုထားသည့်ဘောင်အတွင်းမှ အစွမ်းကုန် တုံ့ပြန်သွားမည်ဟု ထုတ်ပြန် သွားခဲ့သည်။
ကိုကလင်း
Ref: The Reporters
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီးယား
#နယ်စပ်စစ်ပွဲ
#ဆေးရုံ








