မဲခေါင်၊ ဒီဇင်ဘာ ၇
ရှမ်းပြည်၊ အောင်ပန်းမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးတွင် ခရီးသည်တင်ယာဉ်နှင့် Nissan Atlas အမျိုးအစား အိမ်စီးကား တိုက်မှုကြောင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း မျက်မြင်တစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၆ ရက်၊ နံနက် ၈ နာရီခွဲခန့်တွင် အောင်ပန်းမြို့အဝင်၊ ခုတင် ၇၀၀ အနီး၌ တောင်ကြီးမှ လာသည့် ဒို့ညီနောင် Express ကို လမ်းကြားမှ ထွက်လာသည့် အိမ်စီးကားက ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် အိမ်စီးကားထဲ ညပ်နေသည့် အမျိုးသမီး ၂ ဦးကို မီးသတ်တပ်ဖွဲ့က ကယ်ထုတ်ပေးခဲ့ရကြောင်း သိရသည်။
“နစ်ဆန်း ကားခေါင်းထဲ အမျိုးသမီး ၂ ယောက် ညပ်နေတာ ခြေထောက်တွေလောက်ပါပဲ။ အသက်အန္တရာယ် မစိုးရိမ်ရဘူး” ဟု မျက်မြင်တစ်ဦးက မဲခေါင်သို့ ပြောသည်။
ယင်းဒဏ်ရာရသူများကို မဟာ လူမှုကယ်ဆယ်ရေးအသင်းနှင့် အောင်ပန်း နာရေးကူညီမှုအသင်းမှ ယာဉ်တို့ဖြင့် အောင်ပန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယင်းနေရာတွင်ပင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်က လမ်းဘေးရပ်ထားသည့် ကုန်ကားကို နောက်မှ ဝင်တိုက်သည့်ကားမှ ၃ ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရသည့် ဖြစ်စဉ်ရှိခဲ့သေးသည်။
#MeKongNews
#အောင်ပန်း
#ယာဉ်တိုက်မှု
#အမျိုးသမီး၂ဦး
#ဒဏ်ရာရ








