မဲခေါင်၊ ဒီဇင်ဘာ ၆
အမေရိကန် အာကာသအေဂျင်စီ Vantor မှ ဒီဇင်ဘာ ၃ ရက်နေ့ ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းတင်ရှိမှုတွင် ထိုင်ဝမ်ကျွန်းအနီး တရုတ်ရေတပ်၏ အကြီးမားဆုံး ကုန်ရေနှစ်သွယ်တိုက်ခိုက်ရေးသင်္ဘောကြီးအပါ စစ်သင်္ဘောအုပ်စုသည် လှည့်ပတ်နေသည်ကို မြင်တွေ့ရသဖြင့် ထိုင်ဝမ်အား တရုတ် ကျူးကျော်သိမ်းပိုက်မည့်အရေး စိုးရိမ်မှုများပိုတိုးလာရသည်။
ယင်းရေယာဉ်စုတွင် ဟိုင်နန်ဟု အမည်ပေးထားသော တရုတ်ရေတပ်၏ အကြီးမားဆုံး ကုန်ရေနှစ်သွယ် တိုက်ခိုက်ရေး စစ်သင်္ဘောကြီးလည်း ပါဝင်ကာ ပဲ့ထိန်းဒုံးကျည်စနစ်ပါ Jiangkai II စစ်သင်္ဘော၊ Yan’an Type 055 ဖျက်သင်္ဘောနှင့် ထောက်ပို့ သင်္ဘော Luomahu တို့ပါဝင်သည်ကို အတိုင်းသားမြင်တွေ့ရသည်။
ယခုရက်ပိုင်းများတွင်း ဩစတြေးလျတော်ဝင်လေတပ် P-8 Poseidon ကင်းထောက်လေယာဉ်သည် တရုတ်စစ်သင်္ဘောများ ဖိလစ်ပိုင်ပင်လယ်အနီးလှည့်ပတ်နေသည်ကို တွေ့ရှိခဲ့သလို ပင်လယ်ဝါရှိ အငြင်းပွားဆန်ကာကူကျွန်းအနီး အရှေ့တရုတ်ပင်လယ်၊ ထိုင်ဝမ်ရေလက်ကြား၊ တောင်တရုတ်ပင်လယ်၊ အနောက်ပစိဖိတ်ဒေသများတွင်ပါ တရုတ်စစ်သင်္ဘောများ အင်အားအလုံး အရင်းဖြင့် လှည့်ပတ်နေသည်ကို တွေ့ရှိရသဖြင့် တရုတ်သည် ပင်လယ်ရေကြောင်း အင်အားတိုးချဲ့ ခြိမ်းခြောက်လာမှုသည် ထိုင်ဝမ်ကို ကျူးကျော်သိမ်းပိုက်ရန် ပြင်ဆင်နေခြင်းဖြစ်မည်ဟု သုံးသပ်နေကြသည်။
ပြီးခဲ့သည့်တစ်ပတ်က ဂျပန်အမျိုးသမီးဝန်ကြီးချုပ် တာကာအိချိက တရုတ်အနေဖြင့် ထိုင်ဝမ်ကို ကျူးကျော်လျှင် စစ်ရေးအရ ဝင်ပါရမည်ဟု ပြောဆိုခဲ့မှုကြောင့် တရုတ်နှင့် ဂျပန်တို့အကြားတွင်လည်း တင်းမာမှုအခြေအနေ အမြင့်ဆုံးရောက်ရှိနေကာ ဂျပန်သည် ထိုင်ဝမ်နှင့် အနီးဆုံး ယူနာဂူနီကျွန်းသို့ ပဲ့ထိန်းဒုံးကျည်များ ပို့ဆောင်ကာ စစ်ပြင်ထားကာ တရုတ်ဘက်ကလည်း ဂျပန်သို့ တရုတ်နိုင်ငံသားများ မသွားကြရန် သတိပေးချက်ထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာ ၅ ရက်တွင် ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို အိုအိဇုမိက တရုတ်စစ်သင်္ဘောများ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နေသည်ဟု ထုတ်ပြန်ခဲ့ရာ ထိုင်ဝမ်အရေးကြောင့် အာရှစီးပွားရေးအင်အားအကြီးမားဆုံး တရုတ်နှင့်ဂျပန်တို့မှ စတင်သည့် တတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားလာနိုင်ဖွယ်ရှိသည်ဟုလည်း စိုးရိမ်မှုများ မြင့်တက်နေသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#တရုတ်
#ထိုင်ဝမ်
#ရေတပ်
#စစ်သင်္ဘော








