ကမ္ဘာ့သတင်း

ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးမှု မအောင်မြင်ဘဲ ဥရောပနှင့် တတိယကမ္ဘာစစ်စတင်ရန် အသင့်ဟု ပူတင်ဆို

မဲခေါင် 5 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်နေ့က အမေရိကန်အထူးကိုယ်စားလှယ်များ မော်စကိုရှိ ကရင်မလင်နန်းတော်သို့ ရောက်ရှိပြီး ရုရှားသမ္မတပူတင်အပါ အကြီးအကဲများနှင့် ဆွေးနွေးပြီးနောက် ရုရှားနိုင်ငံခြားရေးမူဝါဒ အကြံပေး ယူရီယူရှာကော့ဗ်က ငြိမ်းချမ်းရေးဆွေးနွေးမှုသည် နီးစပ်သည့်အဆင့်သို့ပင် မရောက်နိုင်ခဲ့ဟု ထုတ်ပြန်သွားခဲ့သည်။ ပူတင်ဘက်က ထရမ့်ကမ်းလှမ်းသည့် ငြိမ်းချမ်းရေးအဆိုပြုချက်များသည် ယူကရိန်းအတွက်သာ ဥရောပခေါင်းဆောင်များတောင်းဆိုပေးသည့်အချက်များ ပါဝင်နေကာ ရုရှားအတွက် ထည့်သွင်း စဉ်းစားပေးမှုများ နည်းပါးကြောင်း၊ ရုရှားသည် ဥရောပအား ဝင်တိုက်မည်ဟု ထင်မြင်ချက်များသည် ရယ်ဖွယ်ရာကောင်းနေပြီး မိမိတို့ဘက်မှ တိုက်ခိုက်ရန်မရှိသော်လည်း စွက်ဖက်မှုများနှင့် စိုးမိုးလာလျှင် နေတိုး ဥရောပမဟာမိတ်များနှင့် တတိယကမ္ဘာစစ်ကြီး စတင်သွားရန်လည်း အသင့်အနေအထား ရှိသည်ဟု တုံ့ပြန်ပြောဆိုသွားခဲ့သည်။ ပူတင်၏ တတိယကမ္ဘာစစ်ခြိမ်းခြောက်စကားကြောင့် ဥရောပခေါင်းဆောင်ဒါဇင်ချီ ဘရပ်ဆဲလ်မြို့တွင်

မဲခေါင်၊ ဒီဇင်ဘာ ၅

ဒီဇင်ဘာ ၂ ရက်နေ့က အမေရိကန်အထူးကိုယ်စားလှယ်များ မော်စကိုရှိ ကရင်မလင်နန်းတော်သို့ ရောက်ရှိပြီး ရုရှားသမ္မတပူတင်အပါ အကြီးအကဲများနှင့် ဆွေးနွေးပြီးနောက် ရုရှားနိုင်ငံခြားရေးမူဝါဒ အကြံပေး ယူရီယူရှာကော့ဗ်က ငြိမ်းချမ်းရေးဆွေးနွေးမှုသည် နီးစပ်သည့်အဆင့်သို့ပင် မရောက်နိုင်ခဲ့ဟု ထုတ်ပြန်သွားခဲ့သည်။

ပူတင်ဘက်က ထရမ့်ကမ်းလှမ်းသည့် ငြိမ်းချမ်းရေးအဆိုပြုချက်များသည် ယူကရိန်းအတွက်သာ ဥရောပခေါင်းဆောင်များတောင်းဆိုပေးသည့်အချက်များ ပါဝင်နေကာ ရုရှားအတွက် ထည့်သွင်း စဉ်းစားပေးမှုများ နည်းပါးကြောင်း၊ ရုရှားသည် ဥရောပအား ဝင်တိုက်မည်ဟု ထင်မြင်ချက်များသည် ရယ်ဖွယ်ရာကောင်းနေပြီး မိမိတို့ဘက်မှ တိုက်ခိုက်ရန်မရှိသော်လည်း စွက်ဖက်မှုများနှင့် စိုးမိုးလာလျှင် နေတိုး ဥရောပမဟာမိတ်များနှင့် တတိယကမ္ဘာစစ်ကြီး စတင်သွားရန်လည်း အသင့်အနေအထား ရှိသည်ဟု တုံ့ပြန်ပြောဆိုသွားခဲ့သည်။

ပူတင်၏ တတိယကမ္ဘာစစ်ခြိမ်းခြောက်စကားကြောင့် ဥရောပခေါင်းဆောင်ဒါဇင်ချီ ဘရပ်ဆဲလ်မြို့တွင် ယူကရိန်းငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်ရေး အရေးပေါ် အစည်းအဝေးလုပ်ခဲ့ကြသည်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီး အက်စပန်ဘာ့တ်အီဒီက ပူတင်၏ တတိယကမ္ဘာစစ်အတွက် အသင့်ဟုဆိုခဲ့ သည့်စကားကြောင့် ယူကရိန်းအား ပိုမိုထောက်ပံ့ကြရန် အရေးကြီးပြီဖြစ်ကြောင်းနှင့် ဥရောပ၏ ကံကြမ္မာသည် စည်းပေါ်သို့ ရောက်နေပြီဟု ထုတ်ပြန်ပြောကြားခဲ့သည်။

ဖင်လန်နိုင်ငံခြားရေးဝန်ကြီး အီလီနာဗယ်လ်တိုနန်ကလည်း ရုရှားသည် ယူကရိန်းနှင့် ငြိမ်းချမ်းရေးကို ဆွေးနွေးလိုစိတ်မရှိကြောင်း ပြောသွားပြီး နေတိုးအကြီးအကဲ မာ့ခ်ရတ်တီကလည်း တတိယကမ္ဘာစစ်အရေး သိပ်မပြောကြဘဲ ယူကရိန်းကို ပိုမိုထောက်ပံ့ကြရမည်ဟု ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် နော်ဝေ၊ ပိုလန်နှင့်ဂျာမနီတို့သည် ယူကရိန်းအား လက်နက်များဝယ်ယူနိုင်ရေး ပေါင် ၃၇၇ သန်း ထောက်ပံ့ပေးသွားရန် သဘောတူညီခဲ့ပြီး ဖြစ်သည်။

အမေရိကန် အထူးကိုယ်စားလှယ်များ ပူတင်နှင့်ရုရှားကိုယ်စားလှယ်များနှင့် ယူကရိန်းငြိမ်းချမ်းရေး တံခါးပိတ်ကာ ၅ နာရီကြာ‌ ဆွေးနွေးမှုအခြေအနေ အသေးစိတ်ကိုမူ နှစ်ဖက်စလုံးမှ ထုတ်ပြန်ခြင်း မရှိသေးပေ။

ကိုကလင်း
Ref: Thesun
#MeKongNews
#နေတိုး
#ပူတင်
#ဥရောပ
#တတိယကမ္ဘာစစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now