ကမ္ဘာ့သတင်း

အာဖဂန်သား ရွှေ့ပြောင်းခိုလှုံသူများ အကြမ်းဖက်မှုကြောင့် ၁၉ နိုင်ငံကို ဒေါ်နယ်ထရမ့် ခိုလှုံခွင့်ပိတ်ပင်ပြီး နောက် ၁၁ နိုင်ငံ ထပ်တိုးပိတ်ပင်ဦးမည်

မဲခေါင် 4 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၄ နိုဝင်ဘာ ၂၇ ရက် ကျေးဇူးတော်နေ့က အိမ်ဖြူတော်အနီးတွင် အာဖဂန်နစ္စတန်မှ ရောက်လာပြီး ခိုလှုံနေ ထိုင်သူ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမေရိကန် အမျိုးစောင့်တပ်ဖွဲ့ဝင် ၂ ဦးထိမှန်ကာ တစ်ဦးသေ၊ တစ်ဦးစိုးရိမ်ရအခြေအနေရောက်ခဲ့သဖြင့် ဒေါ်နယ်ထရမ့်သည့် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ လူများကို ခိုလှုံခွင့်ပိတ်ပင်လိုက်သလို နောက်ထပ် ၁၁ နိုင်ငံကိုပါ ထပ်မံ တိုးမြှင့်ပိတ်ပင်သွားမည်ဟု သိရှိရသည်။ ဒီဇင်ဘာ ၂ ရက်က အမေရိကန် နိုင်ငံသားနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ဆောင်မှုဌာန (USCIS) ဝက်ဘ်ဆိုက် တွင် ထို ၁၉ နိုင်ငံမှ ခိုလှုံရန် လျှောက်လွှာတင်ထားသူများအားလုံးကို ငြင်းပယ်ခြင်းနှင့်အတူ နောက် လည်း လက်မခံတော့ဟု အသေးစိတ်အချက်အလက်များဖြင့်

မဲခေါင်၊ ဒီဇင်ဘာ ၄

နိုဝင်ဘာ ၂၇ ရက် ကျေးဇူးတော်နေ့က အိမ်ဖြူတော်အနီးတွင် အာဖဂန်နစ္စတန်မှ ရောက်လာပြီး ခိုလှုံနေ ထိုင်သူ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမေရိကန် အမျိုးစောင့်တပ်ဖွဲ့ဝင် ၂ ဦးထိမှန်ကာ တစ်ဦးသေ၊ တစ်ဦးစိုးရိမ်ရအခြေအနေရောက်ခဲ့သဖြင့် ဒေါ်နယ်ထရမ့်သည့် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ လူများကို ခိုလှုံခွင့်ပိတ်ပင်လိုက်သလို နောက်ထပ် ၁၁ နိုင်ငံကိုပါ ထပ်မံ တိုးမြှင့်ပိတ်ပင်သွားမည်ဟု သိရှိရသည်။

ဒီဇင်ဘာ ၂ ရက်က အမေရိကန် နိုင်ငံသားနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ဆောင်မှုဌာန (USCIS) ဝက်ဘ်ဆိုက် တွင် ထို ၁၉ နိုင်ငံမှ ခိုလှုံရန် လျှောက်လွှာတင်ထားသူများအားလုံးကို ငြင်းပယ်ခြင်းနှင့်အတူ နောက် လည်း လက်မခံတော့ဟု အသေးစိတ်အချက်အလက်များဖြင့် ဖော်ပြခဲ့သည်။

ယင်းအမိန့်ကြောင့် အမေရိကန်နိုင်ငံ၌ ခိုလှုံခွင့်ရရှိရန် လျှောက်လွှာတင်စောင့်ဆိုင်းနေသူ ၁ ဒသမ ၅ သန်းအတွက် မျှော်လင့်ချက် မဲ့သွားသည်သာမက ဂျိုးဘိုင်ဒန်လက်ထက်က လက်ခံရန် အာမခံချက်ပေးထားပြီးသူပေါင်း ၅၀၀၀၀ ကိုပါ သက်ရောက်စေခဲ့ပြီဖြစ်သည်။

အာဖဂန်သေနတ်သမားကြောင့် တပ်သား ၂ ဦး ထိမှန်ခဲ့အပြီးတွင် ဒေါ်နယ်ထရမ့်သည် ပြည်ထဲရေးဝန် ကြီးဌာန အတွင်းရေးမှူး ကရစ္စတီနိုအမ်နှင့်တွေ့ဆုံခဲ့ပြီး အမေရိကန်အတွင်း ပြည်ပမှ ကျူးကျော်ဝင် ရောက်လာသူများကို တားဆီးသွားရန် အမိန့်ပေးစေခိုင်းခဲ့ခြင်းဖြစ်သည်။

USCIS ပြောရေးဆိုခွင့်ရှိသူ မက်သရူးထရာဂက်ဆာက အမေရိကန်တွင် ခိုလှုံခွင့်ပေးခြင်းမှာ အခွင့်အရေးမဟုတ်ဘဲ မိမိတို့နိုင်ငံ ဘက်မှ အခွင်းထူး ပေးခြင်းသာဖြစ်ကြောင်း၊ ထို့ကြောင့် ခိုလှုံခွင့်ပေးမည့်သူများသည် နိုင်ငံအတွက် အကျိုးပြုစေမည့် အကောင်းတကာ့အကောင်းဆုံးသူများသာ ဖြစ်စေတော့မည်ဟု ရှင်းလင်း ထုတ်ပြန် ခဲ့သည်။

ထရမ့် ဒုတိယသမ္မတသက်တမ်း စတင်တာဝန်ယူပြီးနောက် ယခုနှစ်စပိုင်းကတည်းက နိုင်ငံ ၁၉ နိုင်ငံမှ လူများကို ခရီးသွားလာဝင်ရောက်ခွင့်ပါ ပိတ်ပင်ခဲ့ပြီး ထို ၁၉ နိုင်ငံမှသူများကို ဂရင်းကတ် ထုတ်ပေးခြင်းလည်း ရပ်ဆိုင်းခဲ့ကာ နိုင်ငံပေါင်း ၃၀ အထိပါ တိုးမြှင့်ပိတ်ပင်သွားရန် စီစဉ်နေသည်။

အန္တရာယ်အဆင့်အများဆုံးနိုင်ငံများအဖြစ် ထို ၁၉ နိုင်ငံကို ခရီးသွားလာ ဝင်ရောက်ခွင့်ပိတ်ပင်ခဲ့ရာတွင် မြန်မာအပြင် အာဖဂန် နစ္စတန်၊ ချက်ဒ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတိုရီရယ်ဂီနီ၊ အီရီထရီယာ၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်နိုင်ငံများလည်း ပါဝင်ခဲ့သည်။

နောက်တွင် ဘူရန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နှင့် ဗင်နီဇွဲလားမှ လူများကိုပါ ဝင်ခွင့် ထပ်ပိတ် ပင်လိုက်ကာ ဂျိုးဘိုင်ဒန်လက်ထက် ခိုလှုံခွင့်ပေးသဖြင့် ရောက်လာသူအားလုံးကိုပါ တစ်ယောက်မကျန် ပြန်လည် စိစစ် အတည်ပြုရန်လည်း လုပ်ဆောင်တော့မည်ဟု ထုတ်ပြန်ထားသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#အမေရိကန်
#အာဖဂန်နစ္စတန်
#အကြမ်းဖက်
#ပြည်ဝင်ခွင့်
#ခိုလှုံခွင့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now