နေ့စဥ်သတင်း

ကျားဖြန့် နေရာ ၅၀ ကို စီးနင်းပြီး ဒေါ်လာ ၃၁၃ သန်းဖိုး သိမ်းဆည်းဟု ထိုင်းဝန်ကြီးချုပ် ထုတ်ပြန်

မဲခေါင် 4 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၄ ထိုင်းအာဏာပိုင်များသည် အကြီးစားကျားဖြန့်နှိမ်နင်းမှုစီမံကိန်းအရ ထိုင်းနိုင်ငံတစ်ဝန်း ခရိုင် ၂၂ ခုရှိ နေရာပေါင်း ၅၀ ကို စုံစမ်းစစ်ဆေးကာ ဝင်ရောက်စီးနင်းခဲ့ရာတွင် ဘတ် ၁၀ ဘီလီယံကျော် (ဒေါ်လာ ၃၁၃ သန်းကျော်) ဖိုး သိမ်းဆည်းရမိခဲ့သည်ဟု ဒီဇင်ဘာ ၃ ရက်၌ ထုတ်ပြန်ခဲ့သည်။ နယ်စပ်ဖြတ်ကျော်ကျားဖြန့်လုပ်ငန်းများ အမြစ်ဖြတ်ရေးဆိုသည့် စစ်ဆင်ရေးအရ ကမ္ဘောဒီးယား အခြေစိုက်ကာ ထိုင်းနိုင်ငံသားများကို ပစ်မှတ်ထားလိမ်လည်နေသည့် ကျားဖြန့်ကွန်ရက်များနှင့် ပတ်သက်ကာ စုံစမ်းဖော်ထုတ် စီးနင်းရာ ဇိမ်ခံရွက်လှေ၊ အဆင့်မြင့် ဇိမ်ခံကားများ၊ ဘဏ်စာရင်း သိမ်းဆည်းမှုများ၊ အခြားပိုင်ဆိုင်မှုများကို ထိုင်းစုံစမ်းထောက်လှမ်းရေးဗဟိုမှ ဦးဆောင်ကာ ဖော်ဆောင်ခဲ့ရာ အဓိက ကျားဖြန့်ကွန်ရက်ကြီး ၄ ခုနှင့်ပတ်သက်သော

မဲခေါင်၊ ဒီဇင်ဘာ ၄

ထိုင်းအာဏာပိုင်များသည် အကြီးစားကျားဖြန့်နှိမ်နင်းမှုစီမံကိန်းအရ ထိုင်းနိုင်ငံတစ်ဝန်း ခရိုင် ၂၂ ခုရှိ နေရာပေါင်း ၅၀ ကို စုံစမ်းစစ်ဆေးကာ ဝင်ရောက်စီးနင်းခဲ့ရာတွင် ဘတ် ၁၀ ဘီလီယံကျော် (ဒေါ်လာ ၃၁၃ သန်းကျော်) ဖိုး သိမ်းဆည်းရမိခဲ့သည်ဟု ဒီဇင်ဘာ ၃ ရက်၌ ထုတ်ပြန်ခဲ့သည်။

နယ်စပ်ဖြတ်ကျော်ကျားဖြန့်လုပ်ငန်းများ အမြစ်ဖြတ်ရေးဆိုသည့် စစ်ဆင်ရေးအရ ကမ္ဘောဒီးယား အခြေစိုက်ကာ ထိုင်းနိုင်ငံသားများကို ပစ်မှတ်ထားလိမ်လည်နေသည့် ကျားဖြန့်ကွန်ရက်များနှင့် ပတ်သက်ကာ စုံစမ်းဖော်ထုတ် စီးနင်းရာ ဇိမ်ခံရွက်လှေ၊ အဆင့်မြင့် ဇိမ်ခံကားများ၊ ဘဏ်စာရင်း သိမ်းဆည်းမှုများ၊ အခြားပိုင်ဆိုင်မှုများကို ထိုင်းစုံစမ်းထောက်လှမ်းရေးဗဟိုမှ ဦးဆောင်ကာ ဖော်ဆောင်ခဲ့ရာ အဓိက ကျားဖြန့်ကွန်ရက်ကြီး ၄ ခုနှင့်ပတ်သက်သော သိမ်းဆည်းရမိမှုများ များပြား ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ် အနုတင်က သတင်းစာရှင်းလင်းပွဲလုပ်ကာ ပြောကြားခဲ့သည်။

ယင်းကျားဖြန့် အဓိက ကွန်ရက်ကြီး ၄ ခုမှာ တရုတ်-ကမ္ဘောဒီးယားစီးပွားရေးသမား ချန်ဇီ (Chen Zhi) ကွန်ရက်မှ ပစ္စည်းပေါင်း ၁၀၂ ခု (တန်ကြေး ဘတ် ၃၇၃ သန်း- ဒေါ်လာ ၁၁ ဒသမ ၇ သန်း)ဖိုး သိမ်း ဆည်းခဲ့ကြောင်း၊ ဒုတိယကွန်ရက်မှာ ကမ္ဘောဒီးယားကျားဖြန့်ခေါင်းဆောင် ကော့အန် (Kok An) နှင်ပတ်သက်သည့် ပစ္စည်း ၉၀ (တန်ကြေး ဘတ် ၄၆၇ သန်း – ဒေါ်လာ ၁၄ ဒသမ ၆ သန်း) ဖိုး၊ အကြီးမားဆုံး သိမ်းဆည်းမှုအဖြစ် တန်မိုထိုင်းနှင့် မစ္စတာယင်းလိခ်နှင့် မစ္စတာဘန်စမစ်တို့ ပိုင်ဆိုင်မှုများ သိမ်းယူခြင်း ဖြစ်ကာ မြေ၊ ကွန်ဒိုးတိုက်ခန်းများအပါ ပစ္စည်းပေါင်း ၉၀ (တန်ကြေးအားဖြင့် ဘတ် ၉ ဒသမ ၂၇၉ ဘီလီယံ – ဒေါ်လာသန်း ၂၉၀ဖိုး) တို့ ပါဝင်ကာ ZEEKR 009 ကားတစ်စီး၊ Ferrari 488 GTB ကားတစ်စီးနှင့် Porsche Cayenne S E-Hybrid Coupe ကားတို့လည်း ပါဝင်ခဲ့သည်။ စတုတ္ထ ကွန်ရက်သည် ခရစ်ပတိုငွေကြေးဖြင့် စတော့စျေးကွက်တွင် ငွေကြေးခဝါချကစားခြင်းများ ပြုလုပ်ခဲ့သော Eua-Angkoon အပါ အခြားဆက်စပ်ကုမ္ပဏီများ၏ ပိုင်ဆိုင်မှုများ သိမ်းဆည်းခြင်းဖြစ်ကာ ဘတ် ၄၆ သန်း (ဒေါ်လာ ၁ ဒသမ ၄ သန်း) တန်သော ပစ္စည်း ၃၁ မျိုး သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကမ္ဘောဒီးယား စီးပွားရေးဘဏ် BIC ဥက္ကဌ မစ္စတာ ယင်းလိခ်သည် ထိုင်းအမျိုးသမီးကို ဇနီးလုပ်ကာ ထိုင်းနိုင်ငံသားခံယူထားမှုကိုလည်း နိုင်ငံသားအဖြစ်မှ ပြန်လည် ပယ်ဖျက်သည်ဟု ထိုင်းဝန်ကြီးချုပ်က ဆိုသလို သိမ်းဆည်းပစ္စည်းများအား ရက် ၉၀ ယာယီသိမ်းထားခြင်းဖြစ်ကာ တရားမဝင် ဥပဒေပြင်ပမှ ရှာဖွေရယူထားသည့် ပစ္စည်းများမဟုတ်ကြောင်း ရက် ၃၀ အတွင်း အယူခံတင်သွင်းကာ ခိုင်လုံခဲ့လျှင် ပြန်ပေးသွားမည်ဟုလည်း ရှင်းလင်းပြောကြားသွားခဲ့သည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#ကျားဖြန့်
#ထိုင်းနိုင်ငံ
#နှိမ်နင်းရေး
#ဇိမ်ခံကား
#ချန်ဇီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now