ကမ္ဘာ့သတင်း

ပိုလန်အနီး အချက်ပြစနစ်ပိတ်ပြီး ပျံသန်းလာသည့် ရုရှားစစ်လေယာဉ်ကို နေတိုး ဖိုက်တာဂျက်များ ကြားဖြတ်မောင်းထုတ်

မဲခေါင် 1 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁ နိုဝင်ဘာ ၃၀ ရက်တွင် ရုရှား စစ်လေယာဉ်တစ်စီးသည် ကြိုတင်လေကြောင်းခရီးစဉ်မရှိသလို အချက်ပြစနစ်ကိုလည်း ပိတ်ထားပြီး ပိုလန်လေပိုင်နက်အနီးသို့ ပျံသန်းဝင်ရောက်လာသဖြင့် နေတိုး ဖိုက်တာ ဂျက်လေယာဉ်များက ကြားဖြတ်အနှောင့်အယှက်ပေးမှုအကြိမ်ကြိမ်လုပ်ကာ မောင်းထုတ်ခဲ့ကြောင်း သိရသည်။ ရုရှား စစ်လေယာဉ်သည် ဘောလ်တစ်ပင်လယ်ပြင်ပေါ်မှ ပိုလန်လေပိုင်နက်အနီး ဖြတ်ပျံသန်လာခြင်း ဖြစ်ရာ ကြိုတင်အကြောင်းကြားသည့် လေကြောင်းခရီးစဉ်မရှိခြင်းနှင့် အချက်ပေးစနစ် ပိတ်ပြီးပျံသန်းလာခြင်းက လေကြောင်းခြိမ်းခြောက်မှုသာဖြစ်သည်ဟုဆိုကာ F-16 နှင့် MiG-29 ဖိုက်တာ ဂျက်လေယာဉ်များ စေလွှတ်ပြီး ကြားဖြတ်နှောင့်ယှက်ကာ လာရာလမ်းပြန်စေရန် မောင်းထုတ်ခဲ့သည် ဟု နေတိုးအဖွဲ့ဝင် ပိုလန်အာဏာပိုင်များက ထုတ်ပြန်သည်။ ယင်းစစ်ဆင်ရေးကို ပိုလန်လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနက ဦးဆောင်လုပ်ကိုင်ခဲ့ကာ “လေကြောင်းအန္တရာယ်ပေးမှု ရှိနိုင်တဲ့ ရုရှားလေယာဉ်

မဲခေါင်၊ ဒီဇင်ဘာ ၁

နိုဝင်ဘာ ၃၀ ရက်တွင် ရုရှား စစ်လေယာဉ်တစ်စီးသည် ကြိုတင်လေကြောင်းခရီးစဉ်မရှိသလို အချက်ပြစနစ်ကိုလည်း ပိတ်ထားပြီး ပိုလန်လေပိုင်နက်အနီးသို့ ပျံသန်းဝင်ရောက်လာသဖြင့် နေတိုး ဖိုက်တာ ဂျက်လေယာဉ်များက ကြားဖြတ်အနှောင့်အယှက်ပေးမှုအကြိမ်ကြိမ်လုပ်ကာ မောင်းထုတ်ခဲ့ကြောင်း သိရသည်။

ရုရှား စစ်လေယာဉ်သည် ဘောလ်တစ်ပင်လယ်ပြင်ပေါ်မှ ပိုလန်လေပိုင်နက်အနီး ဖြတ်ပျံသန်လာခြင်း ဖြစ်ရာ ကြိုတင်အကြောင်းကြားသည့် လေကြောင်းခရီးစဉ်မရှိခြင်းနှင့် အချက်ပေးစနစ် ပိတ်ပြီးပျံသန်းလာခြင်းက လေကြောင်းခြိမ်းခြောက်မှုသာဖြစ်သည်ဟုဆိုကာ F-16 နှင့် MiG-29 ဖိုက်တာ ဂျက်လေယာဉ်များ စေလွှတ်ပြီး ကြားဖြတ်နှောင့်ယှက်ကာ လာရာလမ်းပြန်စေရန် မောင်းထုတ်ခဲ့သည် ဟု နေတိုးအဖွဲ့ဝင် ပိုလန်အာဏာပိုင်များက ထုတ်ပြန်သည်။

ယင်းစစ်ဆင်ရေးကို ပိုလန်လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနက ဦးဆောင်လုပ်ကိုင်ခဲ့ကာ “လေကြောင်းအန္တရာယ်ပေးမှု ရှိနိုင်တဲ့ ရုရှားလေယာဉ် အချက်မပြဘဲ ဝင်လာမှုဟာ ပိုလန်လေပိုင်နက်ထဲအထိ မရောက်ခဲ့လို့ ဥပဒေချိုးဖောက်မှုတော့ မရှိပါဘူး။ ဒါပေမဲ့ ခြိမ်းခြောက်လာမှုကို တန်ပြန်ဖို့တာဝန်ရှိတဲ့အတွက် ခြံရန်မှုလုပ်ပေးပြီး ပြန်ခိုင်းလိုက်တာပါ” ဟု ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာလကလည်း ရုရှားစစ်လေယာဉ်တစ်စီးသည် ဥရောပသို့ ရုရှား ဝင်တိုက်လျှင် ဝင်ပေါက်အဖြစ် မဟာဗျူဟာကျနေသော ကာလီနင်ဂရတ်အရပ်ပေါ်မှ ပျံသန်းပြီး လစ်သူရေးနီးယားနိုင်ငံ လေပိုင်နက်ထဲအထိ ဝင်ရောက်ခဲ့သဖြင့် နေတိုး ဘောလ်တစ်လေကြောင်း ရဲတပ်ဖွဲ့မှ စပိန်၏ Eurofighter Typhoon ဂျက်လေယာဉ်ဖြင့် ခြံရန်ကာ မောင်းထုတ်ခဲ့ရသေးသည်။

စက်တင်ဘာလကလည်း ရုရှား MiG-31 ဖိုက်တာဂျက်လေယာဉ် ၃ စီးသည် အရေးပေါ် နေတိုးအစည်း အဝေးလုပ်နေချိန် အက်စ်တိုးနီးယား လေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာခဲ့သေးကာ ၁၂ မိနစ် ကြာ ခြိမ်းခြောက် ပျံသန်းပြခဲ့သည်။

ထိုစဉ်က နေတိုး၏ အမာရီလေတပ်စခန်းမှ အီတလီထုတ် F-35 ဖိုက်တာဂျက်လေယာဉ်များ စေလွှတ်ခဲ့ရသေးသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#နေတိုး
#ရုရှား
#ပိုလန်လေပိုင်နက်
#နေတိုး
#တိုက်လေယာဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now