နေ့စဥ်သတင်း

အောင်ပန်း၌ ရပ်ထားသည့်ကျောက်တင်ကားကို အိမ်စီးကားဝင်တိုက်၊ ၃ ဦး သေဆုံး

မဲခေါင် 29 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၉ အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်၊ ပျားမွေးမြူရေးခြံရှေ့ လမ်းဘေးတွင် ရပ်ထားသည့် ကျောက်တင် ၆ ဘီးကားအား တောင်ကြီးမှ ကလောသို့ မောင်းနှင်လာသော TOYOTA MARK X ခဲရောင်ယာဉ်က ဝင်တိုက်မိပြီး အမျိုးသား ၃ ဦးသေဆုံးကာ တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ နိုဝင်ဘာ ၂၈ ရက် ည ၇ နာရီကျော်တွင် ဖြစ်ပွားခဲ့ကြောင်း ယင်းအဖွဲ့က ပြောသည်။ “ကျောက်တင်ယာဉ်က လမ်းပေါ်ရပ်ထားတယ် ရောင်ပြန်လည်းမပါဘူး၊ မောင်းလာတဲ့ကားကလည်း အရှိန်နဲ့ ညဖက်ဆိုတော့ မရှောင်နိုင်တော့ဘူး။ နောက်ကနေ အရှိန်နဲ့ဝင်တိုက်တာ ၃ ဦး ပွဲချင်းပဲ ဆုံးသွားပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၂၉

အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်၊ ပျားမွေးမြူရေးခြံရှေ့ လမ်းဘေးတွင် ရပ်ထားသည့် ကျောက်တင် ၆ ဘီးကားအား တောင်ကြီးမှ ကလောသို့ မောင်းနှင်လာသော TOYOTA MARK X ခဲရောင်ယာဉ်က ဝင်တိုက်မိပြီး အမျိုးသား ၃ ဦးသေဆုံးကာ တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ နိုဝင်ဘာ ၂၈ ရက် ည ၇ နာရီကျော်တွင် ဖြစ်ပွားခဲ့ကြောင်း ယင်းအဖွဲ့က ပြောသည်။

“ကျောက်တင်ယာဉ်က လမ်းပေါ်ရပ်ထားတယ် ရောင်ပြန်လည်းမပါဘူး၊ မောင်းလာတဲ့ကားကလည်း အရှိန်နဲ့ ညဖက်ဆိုတော့ မရှောင်နိုင်တော့ဘူး။ နောက်ကနေ အရှိန်နဲ့ဝင်တိုက်တာ ၃ ဦး ပွဲချင်းပဲ ဆုံးသွားပါတယ်။ စိတ်လည်းမကောင်းပါဘူး”ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက မဲခေါင်သို့ ပြောသည်

သေဆုံးသူများမှာ ပင်မှီရွာသားများဖြစ်သည့် ယာဥ်မောင်း ကိုနိုင်၊ ကိုလှဆောင်၊ ကိုရွှေအိုးတို့ ဖြစ်ကြောင်း ၎င်းက ပြောသည်။

“မင်္ဂလာရပ်ကွက် ပျားမွေးမြူရေးခြံရှေ့အနီး မူးလာတာ၊ အရှိန်မထိန်းနိုင်လို့ လမ်းဘေးချ ရပ်ထားတဲ့ကားကို ဝင်တိုက်တာ”ဟု ဖြစ်စဥ်ကို သိရှိသူတစ်ဦးက မဲခေါင်သို့ ပြောသည်။

သေဆုံး၊ ဒဏ်ရာရသူများကို အောင်ပန်း နာရေးကူညီမှုအသင်းနှင့် မီးသတ်တပ်ဖွဲ့က လာရောက်ကူညီပြီး မဟာလူမှုကယ်ဆယ်ရေးအသင်းပိုင် လူနာတင်ယာဉ်များဖြင့် အောင်ပန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက် တွင်လည်း ရွှေညောင်မြို့၊ တပ်ဦးကျောင်းအရှေ့တွင် တောင်ကြီး တန်ဆောင်တိုင်မှ ပြန်လာသော ဆိုင်ကယ်တစ်စီးနှင့် ရန်ကုန်မှလာသော မိုးကောင်းကင် Express ကားတို့ မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ်စီးသူ၂ ဦး သေဆုံးခဲ့သေးကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

#MeKongNews
#အောင်ပန်း
#မင်္ဂလာရပ်ကွက်
#ကားတိုက်
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now