မဲခေါင်၊ နိုဝင်ဘာ ၂၈
ရုရှား၏ တတိယကမ္ဘာစစ်ရန်ကြောင့် နေတိုးအဖွဲ့ဝင်ဥရောပ နိုင်ငံများစွာ စစ်ရေးအင်အားတိုးမြှင့်မှုများ လုပ်ဆောင်နေရာတွင် ပြင်သစ်သည်လည်း စစ်သည်အင်အားတိုးမြှင့်ရေးအတွက် ယခင် စစ်မှုထမ်း (စစ်သင်တန်း) ပေးမှု ၄ ပတ်အစား ၁၀ လ အရန်တပ်သားအဖြစ် စစ်မှုထမ်းခိုင်းမည်ဖြစ်ကာ ပါဝင်သူ များကို ယူရို ၁၀၀၀၀ အထိ ပေးသွားမည်ဟု မက်လုံးပေးမည်ဖြစ်သည်။
ပြင်သစ်နိုင်ငံသည် စစ်မှုမထမ်းမနေရဥပဒေကို ၁၉၉၆ ခုနှစ်၌ ဖျက်သိမ်းခဲ့ပြီး ပုံမှန်အားဖြင့် အရန်တပ် သားအဖြစ် စစ်သင်တန်းတက်သူများကို ၄ ပတ်သာ စစ်မှုထမ်းခိုင်းသည်။
သို့သော် ကိုလိုနီခေတ်က ထိပ်တန်းနယ်ချဲ့နိုင်ငံကြီးဖြစ်ခဲ့သော ပြင်သစ်သည် တစ်နှစ်လျှင် အရန် စစ်သား ၅၀၀၀၀ တိုးမြှင့်ရရှိ ရေးရည်ရွယ်ကာ စစ်မှုထမ်း ၁၀ တာဝန်ထမ်းဆောင်မည့်သူများကို ပေါင် ၈၈၀၀ (ယူရို ၁၀၀၀၀) အထိ ပေးသွားမည်ဟု သမ္မတ မက်ခရွန်က ယခုရက်အတွင်း ကြေညာသွားတော့မည်ဟု ခိုင်လုံသည့် ပြင်သစ် သတင်းရင်းမြစ်များက ဖော်ပြနေကြသည်။
ယခုလို အရန်တပ်သားများ များပြားလာစေရန် မက်လုံးပေးပြီး စစ်မှုထမ်း ၁၀ လသက်တမ်းသတ်မှတ် ရန်အစီအစဉ်သည် စစ်သည်များကို ယူကရိန်းသို့ စေလွှတ်ပြီး ရုရှားအား တိုက်ခိုက်စေရန် လုံး၀ မရည် ရွယ်ကြောင်း၊ လက်ရှိအချိန်တွင် စစ်အင်အားတိုးမြှင့်ရန်မှာ မဖြစ်မနေလိုအပ်နေသဖြင့် တိုင်းပြည်ကို ကာကွယ်ရန်အတွက်သာ ရည်ရွယ်ကြောင်း သမ္မတ မက်ခရွန်က ဆိုသည်။
မေလအတွင်းကလည်း မက်ခရွန်းက အမေရိကန်ဆက်လက်ပြီး နေတိုးဘက်မှ မပါဝင်တော့လျှင် လည်း ဥရောပ တပ်များအနေဖြင့် အသင့်ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း ပြောခဲ့သေးသည်။
ရုရှား သည် ၂၀၃၀ တွင် နေတိုးပိုင် ဥရောပနိုင်ငံများအတွင်းအထိ ကျူးကျော်တိုက်ခိုက်ရန် အစီအစဉ်များ ဆွဲထားသည်ဟု သတင်းများထွက်ပေါ်နေရာ ဂျာမနီသည် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စစ်ဘက်ဆိုင်ရာ စစ်ဆေးမှုများ ခံယူရမည်ဟု မကြာသေးမီကပင် ထုတ်ပြန်ကာ နေတိုးမဟာမိတ်အင်အားစုအလိုရှိ နေသော စစ်သည် ၂၆၀၀၀၀ ရရှိရေး နောက်ထပ် ပရော်ဖက်ရှင်နယ် စစ်သည်စစ်စစ် ၈၀၀၀၀ ထပ်မံ စုဆောင်းအားဖြည့်ရဦးမည်ဖြစ်သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ပြင်သစ်
#အရန်တပ်သား
#တတိယကမ္ဘာစစ်








