မဲခေါင်၊ နိုဝင်ဘာ ၂၇
ကျေးဇူးတော်နေ့မရောက်မီတစ်ရက်အလို နိုဝင်ဘာ ၂၆ ရက်တွင် အမေရိကန်မြို့တော် ဝါရှင်တန် ဒီစီ၌ မျိုးစောင့်တပ်သား ၂ ဦးကို သေနတ်သမားက ပစ်ခတ်ခဲ့ရာ ဖမ်းဆီးရမိထားသော တရားခံသည် ဂျိုးဘိုင်ဒန် သမ္မတသက်တမ်း ၂၀၂၁ ခုနှစ်က အမေရိကန်သို့ ခိုလှုံလာသူ အာဖဂန်သားဖြစ်သောကြောင့် ထိုကာလ အတွင်း ဝင်ရောက်လာသည့် အာဖဂန်နိုင်ငံသားတိုင်းကို ပြန်လည် စစ်ဆေးပြီး အမေရိကန်အတွက် အကျိုးမရှိနိုင်သူများကို ဆက်ထားတော့မည်မဟုတ်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြုံးဝါး ပြောဆိုသွားခဲ့သည်။
အစောပိုင်းသတင်းများအရ ပစ်ခတ်ခံရသည့် မျိုးစောင့်စစ်သည် ၂ ဦး သေဆုံးခဲ့သည်ဆိုသော်လည်း တကယ်တမ်းမှာ မသေဆုံးဘဲ စိုးရိမ်ရသည့် သေနတ်ဒဏ်ရာများ ရခဲ့ခြင်းဖြစ်သည်ဟု ဝါရှင်တန် အာဏာပိုင်များက ရှင်းချက်ထုတ်ပြန်ခဲ့သည်။
ကယ်လီဖိုးနီးယားသို့ အားလပ်ရက် ခရီးစဉ်ရောက်ရှိနေသည့် ဒေါ်နယ်ထရမ့်က ပစ်ခတ်သူမှာ ဂျိုးဘိုင်ဒန်လက်ထက်က နိုင်ငံအတွင်း ဝင်ရောက်ခိုလှုံခွင့်ရရှိခဲ့သူဖြစ်ကာ ယခုလို အမေရိကန်နိုင်ငံ ဘေးကင်းရေးအား အန္တရာယ်ပြုနေသည့် အကြမ်းဖက်သမားများ ရှင်းလင်းရေး ဂျိုးဘိုင်ဒန်လက်ထက် နိုင်ငံအတွင်း ခိုလှုံလာသော အာဖဂန်နစ္စတန်သားများအားလုံးကို ပြန်လည်စစ်ဆေးချင့်တွက်မှုများ လုပ်သွားမည်ဖြစ်ကာ မိမိတို့ အမေရိကန်အတွက် အကျိုးမပြုနိုင်သူများကို နေထိုင်ခွင့်ပိတ်သိမ်းသွား မည်ဟု ကြုံးဝါးပြောဆိုသွားခဲ့သည်။
ပစ်ခတ်သူသည် ၂၉ နှစ်သာ ရှိသေးသော အာဖဂန်သား ရာမာနျူလာ လာကန်ဝယ်ဆိုသူဖြစ်ကြောင်းလည်း သိရသည်။
ထရမ့်သည် မြို့တော်ဝါရှင်တန်ကို ကာကွယ်ရေးအတွက် အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ထံသို့ တိုက်ရိုက်အမိန့်ပေးကာ နောက်ထပ် စစ်သည်အင်အား ၅၀၀ ထပ်တိုးချထားရန် အမိန့်ပေးခဲ့ကြောင်း လည်း သိရသည်။
ကိုကလင်း
Ref: aa
#MeKongNews
#အမေရိကန်
#ဝါရှင်တန်
#ခိုလှုံခွင့်
#အာဖဂန်နစ္စတန်








