ကမ္ဘာ့သတင်း

ဟေတီပိုင် ကျွန်းတစ်ခုကို လက်နက်ကိုင် သိမ်းပိုက်ရန် ကြံစည်သူ ၂ ဦး FBI မှ ဖမ်းဆီး

မဲခေါင် 26 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၆ အသက် ၂၁ နှစ်နှင့် ၂၀ အရွယ်သာရှိသေးသော အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်သား ဂါဗင်ရေးဗားဝိုင်ဆန်ဘာ့ဂ်နှင့် တန်နာခရစ္စတိုဖာသောမတ်စ်တို့သည် အလွန်ကြောက်မက်ဖွယ် ရူးသွပ်သည့် ရည်မှန်းချက်ဖြင့် ဟေတီနိုင်ငံပိုင် ကျွန်းငယ်လေးတစ်ခုအား လက်နက်ကိုင်တပ်ဖွဲ့ဝင် ဝင်ရောက် အာဏာသိမ်းပိုက်ရန် ကြံစည်နေမှုကြောင့် FBI နှင့် အမေရိကန်လေတပ်အထူးစုံစမ်းစစ်ဆေးရေးတပ်တို့ ပူးပေါင်းကာ ဖမ်းဆီးလိုက်ကြောင်း နိုဝင်ဘာ ၂၀ ရက်နေ့က တက္ကဆက်ပြည်နယ် အရှေ့ပိုင်းခရိုင် ရှေ့နေရုံးက အတည်ပြု ထုတ်ပြန်သွားခဲ့သည်။ ယင်းလူငယ် ၂ ဦးသည် ဝါရှင်တန်ဒီစီတွင် အိမ်ယာမဲ့များကို ကြေးစားစစ်သားများအဖြစ် ဆွဲဆောင် ခေါ်ယူကာ လက်နက်တပ်ဆင်ပြီးဟေတီကျွန်းငယ်လေးအား သိမ်းပိုက်မှု၌အသုံးချရန် စည်ရုံးနေခဲ့သည် မှာ နှစ်ချီကြာနေပြီဖြစ်ကြောင်းနှင့် ထိုကျွန်းအား သိမ်းပိုက်နိုင်ပြီးပါက အမျိုးသားများအား

မဲခေါင်၊ နိုဝင်ဘာ ၂၆

အသက် ၂၁ နှစ်နှင့် ၂၀ အရွယ်သာရှိသေးသော အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်သား ဂါဗင်ရေးဗားဝိုင်ဆန်ဘာ့ဂ်နှင့် တန်နာခရစ္စတိုဖာသောမတ်စ်တို့သည် အလွန်ကြောက်မက်ဖွယ် ရူးသွပ်သည့် ရည်မှန်းချက်ဖြင့် ဟေတီနိုင်ငံပိုင် ကျွန်းငယ်လေးတစ်ခုအား လက်နက်ကိုင်တပ်ဖွဲ့ဝင် ဝင်ရောက် အာဏာသိမ်းပိုက်ရန် ကြံစည်နေမှုကြောင့် FBI နှင့် အမေရိကန်လေတပ်အထူးစုံစမ်းစစ်ဆေးရေးတပ်တို့ ပူးပေါင်းကာ ဖမ်းဆီးလိုက်ကြောင်း နိုဝင်ဘာ ၂၀ ရက်နေ့က တက္ကဆက်ပြည်နယ် အရှေ့ပိုင်းခရိုင် ရှေ့နေရုံးက အတည်ပြု ထုတ်ပြန်သွားခဲ့သည်။

ယင်းလူငယ် ၂ ဦးသည် ဝါရှင်တန်ဒီစီတွင် အိမ်ယာမဲ့များကို ကြေးစားစစ်သားများအဖြစ် ဆွဲဆောင် ခေါ်ယူကာ လက်နက်တပ်ဆင်ပြီးဟေတီကျွန်းငယ်လေးအား သိမ်းပိုက်မှု၌အသုံးချရန် စည်ရုံးနေခဲ့သည် မှာ နှစ်ချီကြာနေပြီဖြစ်ကြောင်းနှင့် ထိုကျွန်းအား သိမ်းပိုက်နိုင်ပြီးပါက အမျိုးသားများအား ညှင်းပန်းနှိပ် စက်သတ်ဖြတ်ခြင်း၊ အမျိုးသမီးများနှင့် ကလေးငယ်များအား လိင်ကျွန်အဖြစ် အသုံးချရန် ရည်မှန်း ထားကြောင်း၊ ၎င်းတို့ ကြံရာပါ ၂ ဦးစလုံးသည် သက်ငယ်ညစ်ညမ်းဗီဒီယို ဓာတ်ပုံများစွာလည်း သိမ်း ဆည်းထားသဖြင့် ရုံးတင်စစ်ဆေးပြီးပါက ထောင်ဒဏ် အနည်းဆုံး ၁၅ နှစ်မှ နှစ် ၃၀ အထိ ချမှတ်ခံရ နိုင်ကြောင်း သိရသည်။

၎င်းတို့ သိမ်းပိုက်ရန် ပစ်မှတ်ထားသော ကျွန်းလေးမှာ ဒေသခံနေထိုင်သူ ၁၀၀၀၀၀ ရှိနေကာ စစ်အင်အားစုဆောင်ခြင်းနှင့် စစ်ရေးလေ့ကျင့်ပေးမှုများလုပ်ဆောင်နိုင်ရေးအတွက် ရည်ရွယ်ပြီး ဟေတီသားများပြောသော ခရီအိုလီဘာသာစကားကိုလည်း ကြိုတင်သင်ကြားခဲ့ကြသည်။

ဝိုင်ဆန်ဘာ့ဂ်သည် ၂၀၂၄ ဩဂုတ်လတွင် တက္ကဆက်မြောက်ပိုင်း မီးသတ်အကယ်ဒမီသို့ တက်ရောက် ကာ အမိန့်ပေးခြင်းနှင့် ထန်းချုပ်ခြင်း လုပ်ငန်းစဉ်များကို လေ့လာခဲ့သလို ဆိုက်ဘာရာဇဝတ်မှုများကျူးလွန်မှု သတိပေး သင်ရိုးများကိုလည်း အသုံးတည့်ရန် သင်ကြားခဲ့သည်။

သို့သော် ယခုနှစ်ဖေဖော်ဝါရီလ တွင် အဆိုပါသင်တန်းကို မအောင်နိုင်ဘဲ ဝိုင်ဆန်ဘာ့ဂ်ထွက်ခဲ့ရသည်။

ကြံရာပါသောမတ်စ်သည်လည်း စစ်ဆင်ရေးများတွင် အောင်မြင်နိုင်စေရေး အမေရိကန်လေတပ်သို့ဝင်ကာ သင်တန်းသားအဖြစ် လေ့ကျင့်သင်ကြားမှုများ လုပ်ခဲ့ပြီး နောက်ပိုင်း ဝါရှင်တန်ဒီစီနှင့် နီးသော မေရီလန်းပြည်နယ်သို့ အမှု ထမ်းရန် ပို့ဆောင်ခံခဲ့ရသည်။

ထိုအချိန်တွင် ဝိုင်ဆန်ဘာ့ဂ်သည် ဟေတီနိုင်ငံ ကျွန်းလေးကို သိမ်းပိုက်ရာ တွင် ရွက်လွှင့်ခြင်းအတတ်ပညာ တတ်မြောက်ရန် လိုအပ်သောကြောင့် ထိုင်းသို့သွားပြီး ရွက်လွှင့် ပညာသင်ခဲ့သေးကြောင်းနှင့် လက်နက်ခဲယမ်း၊ ဖောက်ခွဲရေးပညာရပ်များနှင့် ပင်လယ်ရေကြောင်းသုံး ပစ္စည်းများ ကျွမ်းကျင်မှု သင်တန်းများလည်း တက်ရောက်လေ့လာခဲ့သည်ဟု တရားရုံး စွဲချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ဟေတီနိုင်ငံ
#တက္ကဆက်ပြည်နယ်
#အမေရိကန်
#လူငယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now