မဲခေါင်၊ နိုဝင်ဘာ ၂၅
နိုဝင်ဘာ ၂၃ ရက်က လက်ဘနွန်နိုင်ငံ ဘေရွတ်ခ်မြို့အား မတိုက်ခိုက်သည်မှာ လချီကြာနေသည့်ကြားမှ အစ္စရေးဖိုက်တာဂျက်လေယာဉ်များသည် တစ်ကျော့ပြန်ဝင်ရောက်ကာ ဟစ်ဇ်ဘိုလာခေါင်းဆောင် တစ်ဦးဖြစ်သူကို ပစ်မှတ် အတိအကျရွေးချယ်ချိန်ရွယ်ကာ ဒုံးကျည်ဖြင့် ပစ်ခတ် သုတ်သင်ခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုက အီရန်ကျောထောက်နောက်ခံပြု အကြမ်းဖက်အဖွဲ့များအား ဖြစ်နိုင်သမျှသောနည်းလမ်းများဖြင့် အပြတ်ရှင်းရမည်ဟု ကြွေးကျော်ထားသည့်အတိုင်း နှစ်ရှည်လများ ဟစ်ဇ်ဘိုလာအကြမ်းဖက်တပ်ဖွဲ့အား ဦးဆောင်ခဲ့သူ ဟေသမ်အလီတာဘာတက်ဘိုင်ရှိရာ တိုက်ခန်းကို အတိအကျ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ခိုက်မှုသည် ဇွန်လနောက်ပိုင်း လက်ဘနွန်မြို့တော်သို့ အစ္စရေး၏ ပထမဆုံးပြန်လည် တိုက်ခိုက်မှုဖြစ်ကာ ဒေသတွင်းသတင်းများအဆိုအရ တစ်ဦးသာသေဆုံးကာ ၂၁ ယောက် ဒဏ်ရာရ ခဲ့သည်ဟု ဆိုသည်။
လက်ဘနွန်အစိုးရထုတ်ပြန်ချက်တွင်မူ အနည်းဆုံး ၅ ဦးသေဆုံးကာ ၂၈ ယောက် ဒဏ်ရာရခဲ့သည်ဟုဆိုသည်။
ယခုတိုက်ခိုက်မှုသည် မကြာမီရက်ပိုင်းအတွင်း လက်ဘနွန်သို့ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ မလာ ရောက်မီ တိုက်ခိုက်မှုဖြစ်ကာ အစ္စရေးသည် နိုင်ငံနှင့် ထိစပ်နေသည့် လက်ဘနွန်နှင့်နယ်စပ်တစ် လျှောက်တွင်လည်း အင်အားပြန်လည်စုစည်းထူထောင်နေသော ဟစ်ဇ်ဘိုလာတပ်များကို ချေမှုန်းရန် လုံခြုံရေးတင်းကြပ်ထားသည်။
ကိုကလင်း
Ref: Thesun
Photo – AP, Reuters
#MeKongNews
#အစ္စရေး
#ဟစ်ဇ်ဘိုလာ
#လက်ဘနွန်
#ဘေရွတ်မြို့








