မဲခေါင်၊ နိုဝင်ဘာ ၂၅
တရုတ်စစ်တပ်သည် ထိုင်ဝမ်ကို ကမ်းတက်သိမ်းပိုက်ရေး ဝတ်စုံပြည့်အစမ်းလေ့ကျင့်မှုအဖြစ် လျှို့ဝှက်သင်္ဘောများစွာကို အသုံးပြုလေ့ကျင့်ခဲ့ကြောင်း ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းများ ထွက်ပေါ်လာသည်။
ယင်း D-Day style ကမ်းတက်သိမ်းပိုက်မှု အစမ်းလေ့ကျင့်မှုကို ဩဂုတ် ၁၇ ရက်ကတည်းက ကွမ်တုံပြည်နယ် ကမ်းခြေတစ်ခုအား ထိုင်ဝမ်ကျွန်းအလား သဘောထားပြီး အရပ်ဘက် သယ်ယူပို့ဆောင်ရေးသင်္ဘောများစွာကို အသုံးပြုကာပြုလုပ်ခဲ့ကြောင်း၊ ကြီးမားသည့် အရပ်ဘက်သုံး ကားများစွာတင်ဆောင်နိုင်သော ကတို့သင်္ဘော ၁၂ စီးကို အသုံးပြုကာ ထိုထဲမှ ၆ စီးသည် စစ်သား များနှင့် စစ်သုံးယာဉ်များကို သယ်ဆောင်ပြီး ကျန် ၆ စီးသည် ပိုမိုများပြားသော စစ်သားများနှင့် လက်နက်ကြီးများ သယ်ဆောင်ကာ ကမ်းတက်သည့် လေ့ကျင့်ခန်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဂြိုဟ်တုဓာတ်ပုံများအရ သိရှိရသည်။
ထိုသို့ အရပ်ဘက် ကတို့သင်္ဘောအကြီးစားများကို အသုံးပြုရ ခြင်းသည် တရုတ်စစ်သင်္ဘောများသီးသန်နှင့်ဆိုလျှင် စစ်သည် ၂၀၀၀၀ သာ တင်ဆောင်နိုင်မည်ဖြစ် သောကြောင့် ထိုင်ဝမ်းကျွန်းကို သိမ်းလျှင် လိုအပ်မည့် စစ်သည် ၃၀၀၀၀၀ အား မတင်ဆောင်နိုင် သောကြောင့် ကြိုတင်ပြင်ဆင်အသုံးပြုကာ လူအများမသိစေရန် ညဘက်ကမ်းတက် လေ့ကျင့်မှုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းသင်္ဘောများထဲ ၉၀ မီတာရှည်သော ကုန်တင်သင်္ဘော Huayizhixing လည်း ပါဝင်ကာ စစ်သုံး ယာဉ်ပေါင်း ၂၀ ဝန်းကျင်ကို တင်ဆောင်လာသည်ကိုလည်း တွေ့ရသည်။
၂၀၂၀ ပြည်လွန်နှစ် အစောပိုင်း ကလည်း အဆိုပါ အရပ်သားကတို့သင်္ဘောများကို တရုတ်စစ်သင်္ဘော ၄ စီးခြံရန်စောင့်ရှောက်ကာ ထိုင်ဝမ်းကို သမ်းလျှင် ကမ်းတက်တိုက်ခိုက်မည့်အနေအထားအား တစ်ကြိမ်လေ့ကျင့်ခဲ့သေးပြီး မတ်လကလည်း ဂြိုဟ်တုဓာတ်ပုံများမှတစ်ဆင့် တရုတ်ရေယာဉ်စုသည် ကမ်းသို့ တံတားထိုး တက်နိုင် သည့် ယန္တရားပါ စစ်သင်္ဘောများကို စမ်းသပ် အသုံးပြုနေသည်အား တွေ့ရှိခဲ့ရသည်။
ယခုရက်ပိုင်းအတွင်း အမေရိကန်လေယာဉ်တင်သင်္ဘောပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံးလေယာဉ်တင် သင်္ဘောသစ် Fujian ကို ရေချပြီး အခြားလေယာဉ်တင်သင်္ဘော ၂ စီးနှင့်အတူတပ်တော်ဝင်ခိုင်းခဲ့ရာ တရုတ်သမ္မတရှီကျင့်ဖျင်သည် ၎င်းသမ္မတရာထူးယူထားသည့်လက်ထက်အတွင်း ထိုင်ဝမ်အား အရ သိမ်းပိုက်မည့် ဆန္ဒအား ၂၀၂၇ နောက်ဆုံးထား အကောင်အထည်ဖော်လိမ့်မည်ဟု စစ်ရေးကျွမ်းကျင်သူများက သုံးသပ်နေကြသည်။
လက်ရှိတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှား-ယူကရိန်းစစ် ငြိမ်းချမ်းရေးရစေရန် ကိုယ် တိုင် အဆိုတင်သွင်းထားရာ၌ အင်အားအသာစီးရလွန်းနေသည့် ရုရှားအလိုကျ သဘောတူညီချက်ကို ရေးဆွဲကာ အလုပ်ရှပ်နေသည်အားသိရှိရသဖြင့် ထိုအခြေအနေကို အခွင့်ကောင်းယူကာ ရှီကျင့်ဖျင် သည် ထိုင်ဝမ်ကို ကမ်းတက်သိမ်းပိုက်ရေး အားလုံးအဆင့်သင့် ပြင်ဆင်ထားနှင့်ပြီးဖြစ်ကြောင်း နိုင်ငံတကာ စစ်ရေးကျွမ်းကျင်သူများက သုံးသပ်နေကြသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ထိုင်ဝမ်
#တရုတ်
#အမေရိကန်
#ဂြိုလ်တုဓာတ်ပုံ








