ကမ္ဘာ့သတင်း

ယူကရိန်းသို့ ရုရှားဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် ပိုလန်လေဆိပ် ၂ ခု ပိတ်ရပြီး နေတိုး လေယာဉ်များ အလုပ်ရှုပ်ခဲ့

မဲခေါင် 20 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၀ နိုဝင်ဘာ ၁၈ ရက်ညပိုင်းတွင် ရုရှားဘက်မှ ယူကရိန်းနိုင်ငံအတွင်းသို့ ဒုံးကျည်များ၊ ဒရုန်းများ အလုံး အရင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အိမ်နီးချင်း ပိုလန်နိုင်ငံတွင် လေဆိပ် ၂ ခု ပိတ်ခဲ့ရပြီး နေတိုးတိုက်လေယာဉ်များ အလုပ်ရှုပ်ခဲ့ရသည်။ အမေရိကန်ပေးထားသည့် တာဝေးပစ် ATACMS ဒုံးကျည် ၄ လုံးဖြင့် ယူကရိန်းဘက်မှ ရုရှားနိုင်ငံ တောင်ပိုင်း မြို့တော် ဗိုရိုနက်ဇ်မြို့ကို ပစ်ခတ်ခဲ့သောကြောင့် လက်တုံ့ပြန်ရခြင်းဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ကာ ယူကရိန်းနိုင်ငံ အနောက်ပိုင်း ဒေသများစွာသို့ အကြီးမားဆုံး ဒုံးကျည်နှင့် ဒရုန်း တိုက်ခိုက်မှုတစ်ခုအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် ခါကိဗ်မြို့မှာပင် အနည်းဆုံး ၃၆ ယောက် ဒဏ်ရာရရှိခဲ့ပြီး

မဲခေါင်၊ နိုဝင်ဘာ ၂၀

နိုဝင်ဘာ ၁၈ ရက်ညပိုင်းတွင် ရုရှားဘက်မှ ယူကရိန်းနိုင်ငံအတွင်းသို့ ဒုံးကျည်များ၊ ဒရုန်းများ အလုံး အရင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အိမ်နီးချင်း ပိုလန်နိုင်ငံတွင် လေဆိပ် ၂ ခု ပိတ်ခဲ့ရပြီး နေတိုးတိုက်လေယာဉ်များ အလုပ်ရှုပ်ခဲ့ရသည်။

အမေရိကန်ပေးထားသည့် တာဝေးပစ် ATACMS ဒုံးကျည် ၄ လုံးဖြင့် ယူကရိန်းဘက်မှ ရုရှားနိုင်ငံ တောင်ပိုင်း မြို့တော် ဗိုရိုနက်ဇ်မြို့ကို ပစ်ခတ်ခဲ့သောကြောင့် လက်တုံ့ပြန်ရခြင်းဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ကာ ယူကရိန်းနိုင်ငံ အနောက်ပိုင်း ဒေသများစွာသို့ အကြီးမားဆုံး ဒုံးကျည်နှင့် ဒရုန်း တိုက်ခိုက်မှုတစ်ခုအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့် ခါကိဗ်မြို့မှာပင် အနည်းဆုံး ၃၆ ယောက် ဒဏ်ရာရရှိခဲ့ပြီး လူနေတိုက်ခန်း ၁၀ လုံး၊ စာသင်ကျောင်း တစ်ကျောင်း၊ စူပါမားကက်တစ်ခု၊ အရေးပေါ်ကားဌာန တစ်ခုတို့ ထိမှန်ပျက်ဆီးခဲ့ရ သည်။ ယူကရိန်းအနောက်ပိုင်း အယ်လ်ဗစ်နှင့် တာနိုပီမြို့များသို့လည်း ရုရှား ဒုံးကျည်နှင့်ဒရုန်းများ ကျရောက်ပေါက်ကွဲခဲ့သေးသည်။

ယူကရိန်းနှင့် နယ်ချင်းကပ်လျှက်ရှိသော နေတိုးအဖွဲ့ဝင် ပိုလန်သည် ရုရှား၏ ပစ်ခတ်မှုများကြောင့် ရက်ဇောနှင့်လူဘလင် လေဆိပ် ၂ ခုကို ပိတ်ခဲ့ကာ ယူကရိန်း၏အနောက်ဘက်နယ်စပ်ကို ယာယီပိတ်ပြီး ဂျာမနီမှ Eurofighter Typhoons တိုက်လေယာဉ် ၂ စီး၊ ရိုမေးနီးယားမှ F-16 တိုက်လေယာဉ် ၂ စီးတို့ ရိုမေးနီးယားရှိ ကမ်ပီယာတာဇီလေတပ်အခြေစိုက်စခန်းနှင့်ကိုဂယ်နီစီယာနူ လေတပ်စခန်းတို့မှ ပျံတက်လာပြီး ပိုလန်-ယူကရိန်းနယ်စပ်တွင် ကင်းလှည့်စောင့်ကြည့်ပျံသန်းမှုများ ပြုလုပ်ခဲ့ကြသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ယူကရိန်း
#ပိုလန်
#ဒရုန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now