ကမ္ဘာ့သတင်း

ရက်ပိုင်းအတွင်း ဗင်နီဇွဲလားကို အမေရိကန် ဝင်တိုက်ဖွယ်ရှိနေ

မဲခေါင် 15 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၅ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကာရစ်ဘီယံပင်လယ်တွင် မူးယစ်မှောင်ခိုဂိုဏ်းများအား နှိမ်နင်းရေးလုပ်နေရာမှ ယခု ယင်းရပ်ဝန်း၌ တောင်ပိုင်းလှံစစ်ဆင်ရေး (Operation Southern Spear) စတင်လိုက်ပြီဟု နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုမှတစ်ဆင့် နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်‌ ကြေညာခဲ့ရာ ပစ်မှတ်ထားနေသည့် ဗင်နီဇွဲလားနိုင်ငံကုန်းတွင်းပိုင်းအထိ ရက်ပိုင်းအတွင်း ဝင်ရောက် တိုက်ခိုက်ရန် အမိန့်ထပ်ပေးတော့မည်ဟု ယုံကြည်နေကြသည်။ နိုဝင်ဘာ ၁၂ ရက်တွင် အိမ်ဖြူတော်၌ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဂ်ဆက်၊ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ဒန်ကိုင်နီတို့ ဆွေးနွေးအပြီး ဗင်နီဇွဲလားနိုင်ငံအတွင်း မြေပြင်တိုက်ပွဲများဖော်ဆောင်မှုအပါ စစ်ဆင်ရေးစီမံကိန်းများကို ချမှတ်ခဲ့သည်ဟု CBS News က ဖော်ပြသွားခဲ့သည်။ တောင်ပိုင်းအလံ စစ်ဆင်ရေးစတင်လိုက်ကြောင်းကို မာကိုရူဘီယိုက လူမှုကွန်ရက်

မဲခေါင်၊ နိုဝင်ဘာ ၁၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကာရစ်ဘီယံပင်လယ်တွင် မူးယစ်မှောင်ခိုဂိုဏ်းများအား နှိမ်နင်းရေးလုပ်နေရာမှ ယခု ယင်းရပ်ဝန်း၌ တောင်ပိုင်းလှံစစ်ဆင်ရေး (Operation Southern Spear) စတင်လိုက်ပြီဟု နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုမှတစ်ဆင့် နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်‌ ကြေညာခဲ့ရာ ပစ်မှတ်ထားနေသည့် ဗင်နီဇွဲလားနိုင်ငံကုန်းတွင်းပိုင်းအထိ ရက်ပိုင်းအတွင်း ဝင်ရောက် တိုက်ခိုက်ရန် အမိန့်ထပ်ပေးတော့မည်ဟု ယုံကြည်နေကြသည်။

နိုဝင်ဘာ ၁၂ ရက်တွင် အိမ်ဖြူတော်၌ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဂ်ဆက်၊ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ဒန်ကိုင်နီတို့ ဆွေးနွေးအပြီး ဗင်နီဇွဲလားနိုင်ငံအတွင်း မြေပြင်တိုက်ပွဲများဖော်ဆောင်မှုအပါ စစ်ဆင်ရေးစီမံကိန်းများကို ချမှတ်ခဲ့သည်ဟု CBS News က ဖော်ပြသွားခဲ့သည်။

တောင်ပိုင်းအလံ စစ်ဆင်ရေးစတင်လိုက်ကြောင်းကို မာကိုရူဘီယိုက လူမှုကွန်ရက် X တွင် ကြေညာစဉ် ဆယ်စုနှစ်ပေါင်းများစွာ အသုံးမပြုခဲ့သလို စစ်ပွဲများကိုလည်း ဆင်နွှဲခြင်းမရှိခဲ့သောကြောင့် တိမ်မြုပ် ပျောက်ကွယ်နေသည့် အမေရိကန် စစ်ပွဲရေးရာဌာန ဆိုသော စကားလုံး ပြန်လည်ပါဝင်လာခဲ့ရာ ဒေါ်နယ်ထရမ့်သည် ဗင်နီဇွဲလားအား ကုန်းတွင်ဝင်တိုက်ရန် အမိန့်ပေးမည့် ဆုံးဖြတ်ချက် မချရသေး သော်လည်း စစ်အင်အား အလုံးအရင်းအား တောင်ပိုင်းတိုင်း ရေတပ်ဌာနချုပ်သို့ ပို့ဆောင်ထားပြီး တောင်ပိုင်းအလံ စစ်ဆင်းရေးစပြီဆိုခြင်းမှာ ရက်ပိုင်းအတွင်း ဗင်နီဇွဲလားနိုင်ငံအတွင်း ဝင်တိုက်ရန် စီစဉ်ခြင်းသာဖြစ်သည်ဟု စစ်ဘက်ရေးရာ ကျွမ်းကျင်သူများက သေချာပေါက် ယုံကြည်နေကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက အမေရိကန်သည် ဗင်နီဇွဲလားကမ်းလွန်တွင် မူးယစ်လှေဟု ယုံကြည်သော လှေ အားပစ်ခတ်ဖောက်ခွဲရာ လိုက်ပါသူ ၄ ယောက်စလုံးသေဆုံးခဲ့ပြီး ထိုသို့ ၂ လအတွင်း ၂၁ ကြိမ် တိုက်ခိုက်ဖောက်ခွဲရာ လူပေါင်း ၈၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။

အမေရိကန်၏ ကမ္ဘာ့အကြီးမားဆုံး လေယာဉ်တင်သင်္ဘောကြီး USS Gerald Ford သည်လည်း ကာရစ်ဘီယံပင်လယ်ပြင်ရှိ အမေရိကန် တောင်ပိုင်းတိုင်းရေတပ်ဌာနချုပ်ရှိရာဆီ ခုတ်မောင်းလာနေပြီဖြစ်ကာ ဗင်နီဇွဲလားကမ်းရိုးတန်းသို့ ရောက်ရှိတော့မည်ဖြစ်သလို တိုက်သင်္ဘောများ၊ စစ်လေယာဉ်ကြီးများ၊ F-35 ဖိုက်တာဂျက်လေယာဉ် များစွာလည်း ဗင်နီဇွဲလားကမ်းလွန်ပင်လယ်ပြင်နား အသင့်ရောက်ရှိနေကြပြီဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက မူးယစ်မှောင်ခိုဂိုဏ်းများကို နောက်ကွယ်မှ ကြိုးကိုင်နေသူဟု အမေရိကန်စွပ်စွဲ ထားပြီး ဆုငွေ ဒေါ်လာ သန်း ၅၀ ထုတ်ထားသော ဗင်နီဇွဲလားသမ္မတ မာဂျူရိုသည် နှစ်ပေါင်းများစွာ အတွင်းမလုပ်ဖူးသည့် စစ်သည်အင်အား ၂၀၀၀၀၀ ပါဝင်သော တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ရေး လေ့ကျင့်ပြင်ဆင်မှုကို ကြည်း၊ရေ၊ လေ တပ်အားလုံး ၂ ရက်တာလုပ်ဆောင်ခဲ့ပြီး အမေရိကန်၏ ရန်ပြုလာမှုကို ခံခံတွန်းလှန်သွားမည်ဟု ကြေညာခဲ့သည်။

ကိုလံဘီယာသည်လည်း ဗင်နီဇွဲလားအပေါ် အမေရိကန်၏ ပြုကျင့်နေမှုများကို လက်မခံနိုင်ဘဲ အမေရိကန်နှင့်ထောက်လှမ်းရေးအချက်အလက် များ ဖလှယ်မှုကို ရပ်ဆိုင်းကြောင်းကြေညာခဲ့သည်။

International Crisis Group မှ စီနီယာစစ်ရေးသုတေသီ အဲလိဇဘတ်ဒစ်ကင်ဆန်က မူးယစ်မှောင်လို လှေများကို ပစ်ခတ်ဖောက်ခွဲနေမှုအတွက် USS Gerald Ford လေယာဉ်တင်သင်္ဘောကြီးသည် မည်သည့်အကြောင်းပြချက်ဖြင့်မှ မလိုအပ်ကြောင်း၊ စစ်ပွဲကြီးစီစဉ်နေခြင်းဖြစ်သည်ကို အတိုင်းသား မြင်တွေ့ရကြောင်း AP သတင်းဌာနသို့ ပြောဆိုသွားခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#အမေရိကန်
#ဗင်နီဇွဲလား
#ကာရစ်ဘီယံပင်လယ်
#မာကိုရူဘီယို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now