နေ့စဥ်သတင်း

ကျားဖြန့်စစ်ပွဲတွင် “မယုံနှင့်၊ မလောနှင့်၊ ငွေမလွှဲနှင့်” ဆိုသည့် သတိပေးချက် လက်ကိုင်ထားဟု ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

မဲခေါင် 11 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၁ ထိုင်းဝန်ကြီးချုပ် အနုတင်က ကျားဖြန့်ရန်စွယ်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပျံ့နှံ့နေပြီး အရွယ် မရွေးဘဲ အားလုံးကို ဒုက္ခပေးနေရာ အဖွဲ့အစည်းပေါင်း ၁၅ ခု ပူးပေါင်းထူထောာင်လိုက်သော United Thailand Against Scammer လှုပ်ရှားမှု စတင်လိုက်ပြီဟု နိုဝင်ဘာ ၁၀ ရက်နေ့က ကြေညာသလို ပြည်သူများအားလုံး “ မယုံနှင့် မလောနှင့် ငွေမလွှဲနှင့်” ဆိုသော မူကို လက်ကိုင်ထားကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောဆိုသွားခဲ့သည်။ ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ဆီရီပေါင်အန်ကာဆကူလ်ကီယတ်က မကြာသေးမီကပင် နိုင်ငံတကာ ဒစ်ဂျစ်တယ်ငွေကြေးအဖွဲ့ကြီး Binance နှင့်ပူးပေါင်းက နိုင်ငံခြားသား ဟက်ကာများ ငွေကြေး လိမ်လည်ထားမှုမှ ဘတ် ၁၄ သန်းကျော်ရှိ ခရစ်ပတို

မဲခေါင်၊ နိုဝင်ဘာ ၁၁

ထိုင်းဝန်ကြီးချုပ် အနုတင်က ကျားဖြန့်ရန်စွယ်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပျံ့နှံ့နေပြီး အရွယ် မရွေးဘဲ အားလုံးကို ဒုက္ခပေးနေရာ အဖွဲ့အစည်းပေါင်း ၁၅ ခု ပူးပေါင်းထူထောာင်လိုက်သော United Thailand Against Scammer လှုပ်ရှားမှု စတင်လိုက်ပြီဟု နိုဝင်ဘာ ၁၀ ရက်နေ့က ကြေညာသလို ပြည်သူများအားလုံး “ မယုံနှင့် မလောနှင့် ငွေမလွှဲနှင့်” ဆိုသော မူကို လက်ကိုင်ထားကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောဆိုသွားခဲ့သည်။

ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ဆီရီပေါင်အန်ကာဆကူလ်ကီယတ်က မကြာသေးမီကပင် နိုင်ငံတကာ ဒစ်ဂျစ်တယ်ငွေကြေးအဖွဲ့ကြီး Binance နှင့်ပူးပေါင်းက နိုင်ငံခြားသား ဟက်ကာများ ငွေကြေး လိမ်လည်ထားမှုမှ ဘတ် ၁၄ သန်းကျော်ရှိ ခရစ်ပတို ငွေကြေးများ သိမ်းဆည်းရမိခဲ့သည်ဟု ပြောဆိုသည်။

ထို့အပြင် ဆိုက်ဘာရဇဝတ်ဂိုဏ်းကွန်ရက်နှင့် ချိတ်ဆက်နေသော ကမ္ဘောဒီးယား လွှတ်တော် အမတ်ဟောင်း တရုတ်နွယ်ဖွားသူဌေး လီယောင်ဖတ်နှင့် ပတ်သက်သည့် ပိုင်ဆိုင်မှုများကို နိုင်ငံတစ်ဝန်း နေရာပေါင်း ၃၆ နေရာအား ဝင်ရောက်စီးနင်းရှာဖွေပြီးနောက် ဘတ် သန်း ၄၀၀ ကျော်တန်ဖိုးရှိသည် များကို သိမ်းဆည်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ထို ကျားဖြန့်တိုက်ဖျက်ရေး စစ်ဆင်ရေး အစပြုအခမ်းအနားတွင် ဝန်ကြီးချုပ် အနုတင်က ကျားဖြန့် ကွန်ရက်များ၌ ရဲအရာရှိကြီးများ၊ နိုင်ငံရေးလောကမှ အကြီးအကဲများပါ ပါဝင်နေသည်ကို စုံစမ်း ဖော်ထုတ် အရေးယူသွားမည်ဖြစ်သောကြောင့် သတင်းရရှိသူများ အထေက်အထားပေးပို့ကြရန်နှင့် အန္တရာယ်မရှိစေရေး အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း၊ သံသယရှိသူ နိုင်ငံခြားသားများကို ဗီဇာပိတ်ခြင်း၊ ၎င်းတို့ နိုင်ငံများအား ပြန်ပို့ခြင်း၊ ဘဏ်အကောင့်တုများစွာကို ပိတ်ပင်ခြင်းများ ပြုလုပ် မည်ဖြစ်သလို တစ်နိုင်ငံလုံးအပေါ် ခြိမ်းခြောက်နေသည့် ကျားဖြန့်တိုက်ဖျက်မှုသည် အမျိုးသားရေး ပထမဦးစားပေး ဦးတည်ချက်ဖြစ်ကြောင်းနှင့် ပြည်သူများ အလိမ်မခံရရေ “ မယုံနှင့် မလောနှင့် ငွေမလွှဲနှင့်” ဆိုသော မူကို လက်ကိုင်ထားကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသွားခဲ့သည်။

ကိုကလင်း
Ref: Thai Enquirer
#MeKongNews
#ထိုင်းနိုင်ငံ
#ကျားဖြန့်
#စစ်ဆင်ရေး
#ကမ္ဘောဒီးယား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now