ကမ္ဘာ့သတင်း

၁၂ နှစ်သမီးကို ဂျပန်တွင် ပြည့်တန်ဆာလုပ်ခိုင်းသော ထိုင်းလူမျိုး မိခင်ဖြစ်သူကို ဖမ်းမိ

မဲခေါင် 10 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၀ ဇွန် ၂၇ ရက်က ဂျပန်နိုင်ငံတိုကျိုသို့ အသက် ၃၀ ဝန်းကျင်ရှိ မိခင်အရင်ဖြစ်သူနှင့် ၁၅ ရက် သက်တမ်း အလည်ဗီဇာဖြင့် ရောက်ရှိခဲ့ပြီးနောက် မာဆက်တွင် ပြည့်တန်ဆာအလုပ်လုပ်နေခဲ့ရသည့် ၁၂ နှစ်အရွယ် ထိုင်းမိန်းကလေးငယ်၏ မိခင်ကို ထိုင်ဝမ်တွင် ဖမ်းဆီးရမိခဲ့ပြီဟု သိရသည်။ နိုဝင်ဘာ ၄ ရက်နေ့က တိုကျိုတွင် မာဆက်ဖွင့်ထားသည့် ၅၁ နှစ်သားဆိုင်ပိုင်ရှင် မာဆာယုကီဟိုဆိုနိုကို ၁၅ နှစ်ပင်မပြည့် သေးဟု ယူဆရသော မိန်းကလေးငယ်အား ပြည့်တန်ဆာလုပ်ခိုင်းနေမှုဖြင့် တိုကျို မြို့ပြရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးခဲ့ရာတွင် ထိုမိန်းကလေးသည် ဂျပန်စကားတစ်လုံးမျှ မတတ်ဘဲ မိခင်ဖြစ်သူကိုယ်တိုင်က ထိုမာဆက်၌ တစ်ညသာ

မဲခေါင်၊ နိုဝင်ဘာ ၁၀

ဇွန် ၂၇ ရက်က ဂျပန်နိုင်ငံတိုကျိုသို့ အသက် ၃၀ ဝန်းကျင်ရှိ မိခင်အရင်ဖြစ်သူနှင့် ၁၅ ရက် သက်တမ်း အလည်ဗီဇာဖြင့် ရောက်ရှိခဲ့ပြီးနောက် မာဆက်တွင် ပြည့်တန်ဆာအလုပ်လုပ်နေခဲ့ရသည့် ၁၂ နှစ်အရွယ် ထိုင်းမိန်းကလေးငယ်၏ မိခင်ကို ထိုင်ဝမ်တွင် ဖမ်းဆီးရမိခဲ့ပြီဟု သိရသည်။

နိုဝင်ဘာ ၄ ရက်နေ့က တိုကျိုတွင် မာဆက်ဖွင့်ထားသည့် ၅၁ နှစ်သားဆိုင်ပိုင်ရှင် မာဆာယုကီဟိုဆိုနိုကို ၁၅ နှစ်ပင်မပြည့် သေးဟု ယူဆရသော မိန်းကလေးငယ်အား ပြည့်တန်ဆာလုပ်ခိုင်းနေမှုဖြင့် တိုကျို မြို့ပြရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးခဲ့ရာတွင် ထိုမိန်းကလေးသည် ဂျပန်စကားတစ်လုံးမျှ မတတ်ဘဲ မိခင်ဖြစ်သူကိုယ်တိုင်က ထိုမာဆက်၌ တစ်ညသာ အတူအိပ်ပြီးနောက် ထားသွားခဲ့သူဖြစ်ကာ အကူအညီပေးရန် ရဲစခန်းသို့ လာပြောရာမှ စုံစမ်းဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

တိုကျိုမြို့၊ ယူရှီးမားခရိုင်၊ ဘန်ကရိုဝပ်တွင် ဖွင့်ထားသည့် ယင်းမာဆက်တွင် ၁၂ နှစ်အရွယ် ထိုင်းမိန်းကလေးသည် ၃၃ ရက်အတွင်း ဖောက်သည်အမျိုးသား ၃၃ ယောက်အတွက် လိင်ဝန်ဆောင်မှုပေးခဲ့ရကာ ဆိုင်ရှင်သည် ယန်း ၆၂၇၀၀၀ (ဒေါ်လာ ၄၁၀၀) ရသော်လည်း မိန်းကလေးငယ်အား မီးဖိုချောင်ခန်းတွင်သာ အိပ်စေသလို မသေနိုင်ရုံ ဝယ်စားနိုင်မည့် ငွေအနည်းငယ်သာ ပေးခဲ့ကြောင်း၊ မိခင်သည် ဇူလိုင် ၁၀ ရက်မှ ၁၂ ရက်အတွင်းမှသာ သမီးဆီသို့ တစ်ခေါက်ပြန်လာပြီးနောက် ထိုင်းသို့ ခဏပြန်ပြီး ပြန်လာမည်ဟုဆိုပြီး နောက်မနက်တွင် ထွက်သွားခဲ့ကြောင်း၊ ဖခင်ဖြစ်သူသည် မူလတန်းကျောင်းသူဘ၀ကတည်းက သေဆုံးခဲ့ကာ မိခင်သည် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး အထက်တန်းကျောင်းတက်နေကာ ညီမငယ်နှင့်အတူ အဖိုး၊ အဖွားများဖြင့် နေထိုင်နေသည်ကို လိမ်ခေါ်ပြီး တိုကျိုတွင် ထားပစ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

ယင်းသတင်းသည် ဂျပန်နှင့် ထိုင်းတွင်သာမက တကမ္ဘာလုံး သိရှိကာ ဒေါသထွက်ကြရပြီးနောက် လူမှောင်ခိုမှုကွင်းဆက်ကို ဂျပန်အစိုးရက စုံစမ်းဖော်ထုတ်မည်ဟု ဆိုသလို ထိုင်းအစိုးရကလည်း ကလေးငယ်အားပြန်ခေါ်ကာ အပြစ်ရှိသူများကို ပြင်းထန်စွာ အပြစ်ပေးမည်ဟု ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ဂျပန်အစိုးရက ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာ ပြန်လည်အားဖြည့်တင်းနိုင်ရေး အချိန်ယူ ပြုလုပ်ကူညီကာ အမှုကွင်းဆက်ကို စုံစမ်းဖော်ထုတ်ရန် ကြိုးစားနေသည်။

နိုဝင်ဘာ ၉ ရက်နေ့တွင် ထိုင်ဝမ်အာဏာပိုင်များက အခြားသော အမှုကိစ္စတစ်ခုဖြင့် ထိုင်းအမျိုးသမီးတစ်ဦးအား ဖမ်းဆီးခဲ့ရာ ထိုအမျိုးသမီးသည် သမီးရင်းကို တိုကျိုမာဆက်တွင် ပြည့်တန်ဆာလုပ်ခိုင်းခဲ့သည့် တရားခံဖြစ်ကြောင်း၊ စက်တင်ဘာလတွင် ထိုင်ဝမ်သို့ ရောက်ရှိလာပြီး သတ်မှတ်နေထိုင်ခွင့် ရက်ကျော်နေထိုင်ရာမှ ဖမ်းမိခြင်းဖြစ်သည်ဟု အတည်ပြုထုတ်ပြန်သွားခဲ့သည်။

ကိုကလင်း
Ref: japantimes
#MeKongNews
#ဂျပန်
#ပြည့်တန်ဆာလုပ်ငန်း
#ထိုင်းလူမျိုး
#ထိုင်ဝမ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now