ကမ္ဘာ့သတင်း

Minuteman III တိုက်ချင်းပစ်ဒုံး အမေရိကန်ပစ်ခတ်ပြီးနောက် နျူဗုံးများကို ဖောက်ခွဲစမ်းသပ်ရမည်ဟု ရုရှားဆို

မဲခေါင် 7 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၇ အမေရိကန်သည် အခြားနိုင်ငံများ နျူကလီးယားလက်နက်များစမ်းသပ်ပစ်ခတ်နေမှုကြောင့် နှစ် ၃၀ ကြာ ရပ်ဆိုင်းထားသော နျူကလီးယားလက်နက်များ စမ်းသပ်ပစ်ဖောက်မှုကို ပြန်လုပ်ရတော့မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုပြီးနောက် ရုရှားဘက်ကလည်းအာတိတ်ဒေသအတွင်း အလုံစုံသော full-scale နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှု လုပ်ဆောင်ရတော့မည်ဟု တုံ့ပြန်သွားခဲ့သည်။ နိုဝင်ဘာ ၅ ရက်နေ့တွင် အမေရိကန်သည် နျူကလီးယားတင်ဆောင်နိုင်သော Minuteman III တိုက်ချင်းပစ်ဒုံးကျည်ကို ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ Kwajalein Atoll အရပ်အနီး မိုင် ၄၂၀၀ အကွာ အဝေးကို ပျံသန်းကာ စမ်းသပ်ပစ်ခတ်ခဲ့သည်။ ယင်းတိုက်ချင်းပစ်ဒုံးကျည်သည် နျူကလီးယားထိပ် ဖူးတပ်ဆင် ပစ်ခတ်နိုင်သလို အကွာအဝေးအားဖြင့် မိုင်ပေါင်း ၆၃၀၀ အထိ ပစ်ခတ်နိုင်ကာ

မဲခေါင်၊ နိုဝင်ဘာ ၇

အမေရိကန်သည် အခြားနိုင်ငံများ နျူကလီးယားလက်နက်များစမ်းသပ်ပစ်ခတ်နေမှုကြောင့် နှစ် ၃၀ ကြာ ရပ်ဆိုင်းထားသော နျူကလီးယားလက်နက်များ စမ်းသပ်ပစ်ဖောက်မှုကို ပြန်လုပ်ရတော့မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုပြီးနောက် ရုရှားဘက်ကလည်းအာတိတ်ဒေသအတွင်း အလုံစုံသော full-scale နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှု လုပ်ဆောင်ရတော့မည်ဟု တုံ့ပြန်သွားခဲ့သည်။

နိုဝင်ဘာ ၅ ရက်နေ့တွင် အမေရိကန်သည် နျူကလီးယားတင်ဆောင်နိုင်သော Minuteman III တိုက်ချင်းပစ်ဒုံးကျည်ကို ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ Kwajalein Atoll အရပ်အနီး မိုင် ၄၂၀၀ အကွာ အဝေးကို ပျံသန်းကာ စမ်းသပ်ပစ်ခတ်ခဲ့သည်။

ယင်းတိုက်ချင်းပစ်ဒုံးကျည်သည် နျူကလီးယားထိပ် ဖူးတပ်ဆင် ပစ်ခတ်နိုင်သလို အကွာအဝေးအားဖြင့် မိုင်ပေါင်း ၆၃၀၀ အထိ ပစ်ခတ်နိုင်ကာ တစ်လုံးလျှင် ဒေါ်လာ ၇ သန်း တန်သည်ဟု သိရှိရသည်။

ရုရှားသမ္မတပူတင်သည် အမေရိကန်နှင့်သဘောတူထားပြီးမှ ပျက်သွားသော နျူကလီးယားမပြန့်ပွား ရေးသဘောတူညီချက် ကတိကဝတ်များကို အမြဲလိုက်နာမည်ဖြစ်ကာ မိမိတို့အား စတင်ရန်မစမချင်း နျူကလီးယားမသုံးဟု ပြောဆိုထားသော်လည်း ယခု အမေရိကန်၏ အောက်တိုဘာလမှစတင်သော နျူကလီးယားလက်နက်များစမ်းသပ်နေမှုကြောင့် ရုရှားစစ်တပ်ကိုလည်း အားချင်း နျူကလီးယားလက် နက်များကို အစွမ်းပြည့်၊ အင်အားကုန် စမ်းသပ်ဖောက်ခွဲရန် အဆိုပြုလွှာတောင်းခံထားပြီဖြစ်ကြောင်း ထောက်လှမ်းရေးသတင်းရင်းမြစ်များအရ သိရှိရသည်။

ထိုအခြေအနေတွင် ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေးဘယ်လျူဆော့ဗ်က ၎င်းတို့ဘက်မှလည်း ချက်ချင်း နျူကလီးယားဗုံးစမ်းသပ်မှုကို full-scale အနေအထားဖြင့် အာတိတ်သမုဒ္ဒရာ ဒေသအတွင်း လုပ်ဆောင်ရမည်ဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။

မော်စကိုထိပ်တန်းဗိုလ်ချုပ် ဗယ်လာရီဂီရာဆီမော့ဗ်ကလည်း အမေရိကန်နိုင်ငံအကြီးအကဲများ နျူကလီးယားလက်နက် စမ်းသပ် ပစ်ခတ်မှုများ လုပ်ဆောင်တော့မည်ဖြစ်ရာ မိမိတို့ဘက်မှလည်း အချိန်တိုအတွင်း အပြည့်အ၀သော နျူကလီးယားဗုံးခွဲစမ်းသပ်မှုများ ပြင်ဆင်လုပ်ဆောင်ရတော့မည်ဟု ပြောသွားခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#မော်စကိုမြို့
#နျူကလီးယား
#အမေရိကန်
#ရုရှား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now