နေ့စဥ်သတင်း

ဟွမ်ဆန်သားအဖ၏ ကိုယ်ရေးအကြံပေး ကျားဖြန့်သမားလီယောင်ဖတ် ၏ ဘတ်သန်း ၃၅၀ တန် ပိုင်ဆိုင်မှုများကို ထိုင်းသိမ်းဆည်း

မဲခေါင် 2 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂ ထိုင်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (AMLO) က အောက်တိုဘာ ၃၁ ရက်နေ့၌ ကမ္ဘောဒီးယားနိုင်ငံခေါင်းဆောင် ဟွမ်ဆန်နှင့်သားဖြစ်သူ ဝန်ကြီးချုပ် ဟွမ်မာနက်တို့၏ ကိုယ်ရေးအကြံပေး ကျားဖြန့်စီးပွားရေးလုပ်ငန်းရှင် လီယောင်ဖတ်၏ ထိုင်းနိုင်ငံအတွင်း ပိုင်ဆိုင်မှုတန်ကြေး ဘတ် သန်း ၃၅၀ ကို သိမ်းဆည်းလိုက်ကြောင်း အတည်ပြု ထုတ်ပြန်သွားခဲ့သည်။ တရုတ်-ကမ္ဘောဒီးယားနွယ်ဖွား လီယောင်ဖတ်သည် စုံစမ်းစစ်ဆေးမှုများအရ ကမ္ဘောဒီးယား ကျားဖြန့်ကွန်ရက်နှင့် ပတ်သက်သည့်ငွေကြေးဆိုင်ရာ စီးဆင်းမှုများကို အခိုင်အမာတွေ့ရှိရပြီး ထိုင်းဘဏ်အကောင့်များတွင် ထိုငွေများစွာရှိနေသည်ကိုလည်း တွေ့ရှိရသဖြင့် ပိုင်ဆိုင်သည့် ကွန်ဒိုတိုက်ခန်းများ၊ မြေယာများ၊ ဘဏ်အပ်ငွေနှင့် ဘဏ်တိုးများအပါ စုစုပေါင်း ပိုင်ဆိုင်မှု ၁၁ မျိုး၊ တန်ကြေးအားဖြင့် ဘတ်သန်း ၃၅၀ ဖိုး

မဲခေါင်၊ နိုဝင်ဘာ ၂

ထိုင်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (AMLO) က အောက်တိုဘာ ၃၁ ရက်နေ့၌ ကမ္ဘောဒီးယားနိုင်ငံခေါင်းဆောင် ဟွမ်ဆန်နှင့်သားဖြစ်သူ ဝန်ကြီးချုပ် ဟွမ်မာနက်တို့၏ ကိုယ်ရေးအကြံပေး ကျားဖြန့်စီးပွားရေးလုပ်ငန်းရှင် လီယောင်ဖတ်၏ ထိုင်းနိုင်ငံအတွင်း ပိုင်ဆိုင်မှုတန်ကြေး ဘတ် သန်း ၃၅၀ ကို သိမ်းဆည်းလိုက်ကြောင်း အတည်ပြု ထုတ်ပြန်သွားခဲ့သည်။

တရုတ်-ကမ္ဘောဒီးယားနွယ်ဖွား လီယောင်ဖတ်သည် စုံစမ်းစစ်ဆေးမှုများအရ ကမ္ဘောဒီးယား ကျားဖြန့်ကွန်ရက်နှင့် ပတ်သက်သည့်ငွေကြေးဆိုင်ရာ စီးဆင်းမှုများကို အခိုင်အမာတွေ့ရှိရပြီး ထိုင်းဘဏ်အကောင့်များတွင် ထိုငွေများစွာရှိနေသည်ကိုလည်း တွေ့ရှိရသဖြင့် ပိုင်ဆိုင်သည့် ကွန်ဒိုတိုက်ခန်းများ၊ မြေယာများ၊ ဘဏ်အပ်ငွေနှင့် ဘဏ်တိုးများအပါ စုစုပေါင်း ပိုင်ဆိုင်မှု ၁၁ မျိုး၊ တန်ကြေးအားဖြင့် ဘတ်သန်း ၃၅၀ ဖိုး သိမ်းဆည်းလိုက်သည်ဟု ထိုင်း AMLO က ထုတ်ပြန်သွားခဲ့ခြင်းဖြစ်သည်။

လီယောင်ဖတ်သည် ကမ္ဘောဒီးယားတွင် အထက်လွှတ်တော်အမတ်ဖြစ်သလို ဟွမ်ဆန်နှင့် ဟွမ်မာနက် တို့၏ ကိုယ်ရေးအတိုင်ပင်ခံအဖြစ် အဆက်ဆက်တာဝန်ယူခဲ့သလို ၎င်းနှင့်မိသားစုဝင်များ ထူထောင်ထားသည့် စီးပွားရေးလုပ်ငန်းစု LYP Group မှာ ကျားဖြန့်နှင့် ထဲထဲဝင်ဝင်ချိတ်ဆက်နေကာ ကလေးလုပ်သား၊ လူမှောင်ခိုလုပ်ငန်းများပါ လုပ်ကိုင်ကြောင်း အထောက်အထားများ တွေ့ရှိရသည်ဟု ၂၀၂၄ စက်တင်ဘာ ၁၂ ရက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

လီယောင်ဖတ်သည် ထိုင်းနိုင်ငံသားအဖြစ်လည်း ဖတ်ဆူဖာဖာ အမည်ဖြင့် ခံယူထားမှုကို ထိုင်းဘက်က နိုင်ငံသားဖြစ်ခွင့်မှ ပြန်လည်ပယ်ဖျက်ပြီးနောက် ၂၀၁၇ ခုနှစ်ကတည်းက ထိုင်းအာဏာပိုင်များသည် ၎င်းပိုင်ဆိုင်မှုများကို စုံစမ်းဖော်ထုတ်ကာ သိမ်းယူနေခဲ့သည်မှာ ယခု အကြိမ်ဆိုလျှင် စတုတ္ထအကြိမ်မြောက်ဖြစ်သည်ဟုလည်း ဆိုသည်။

ထိုင်း AMLO က သိမ်းဆည်းသည့် ပိုင်ဆိုင်မှုများကို လိမ်ခံရသူပေါင်း ၅၅၉ ဦးအား ပြန်လည်ပေးသွားရန် စီစဉ်နေသည်ဟုလည်း ဆိုထားသည်။

ကိုကလင်း
Ref: The Nation
#MeKongNews
#လီယောင်ဖတ်
#ထိုင်းနိုင်ငံ
#ကျားဖြန့်
#ဟွမ်ဆန်
#ကမ္ဘောဒီးယား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now