ကမ္ဘာ့သတင်း

ကမ္ဘာဖျက် ပိုဆိုက်ဒွန် တိုပီဒို ပူတင်စမ်းသပ်ပစ်လွှတ်ပြန်

မဲခေါင် 31 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၃၁ အောက်တိုဘာ ၂၁ ရက်နေ့က အမေရိကန်အခေါ် မိုးပျံချာနိုဘိုင်းဆိုသည့် 9M730 Burevestnik နျူကလီးယားတင်ဆောင်နိုင်သော ဒုံးကျည်သစ်ကို စမ်းသပ်ပစ်လွှတ်ပြီးနောက် ပူတင်သည် အောက်တိုဘာ ၂၈ ရက်တွင် နောက်ထပ် မဟာဗျူဟာ နျူကလီးယားလက်နက်ဖြစ်သော ရေငုပ် သင်္ဘောမှ ပစ်လွှတ်သည့် ပိုဆိုက်ဒွန် စူပါတိုပီဒို ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ကာ အလွန်အောင်မြင်ခဲ့သည်ဟု ထုတ်ပြန်သွားခဲ့သည်။ 9M730 Burevestnik ကို ရုရှားမှ ပေါက်ကွဲသွားသော နျူကလီးယားစက်ရုံကြီး ချာနိုဘိုင်းနှင့် နှိုင်းရခြင်းမှာ ပစ်ခံရသည့် နိုင်ငံပျက်စီးမှုထက် ပစ်ခတ်ရန် စမ်းသပ်ရမှုများ၊ စတင်ပစ်ခတ်မှုများတွင် လမ်းတစ်လျှောက် ရေဒီယိုသတ္တိကြွမှုများက ရုရှားကိုသာ ပိုထိခိုက်စေမည်ဖြစ်သောကြောင့်ဟု ဆိုကာ နာမည် ပေးခဲ့ခြင်းဖြစ်သည်။ ယခု

မဲခေါင်၊ အောက်တိုဘာ ၃၁

အောက်တိုဘာ ၂၁ ရက်နေ့က အမေရိကန်အခေါ် မိုးပျံချာနိုဘိုင်းဆိုသည့် 9M730 Burevestnik နျူကလီးယားတင်ဆောင်နိုင်သော ဒုံးကျည်သစ်ကို စမ်းသပ်ပစ်လွှတ်ပြီးနောက် ပူတင်သည် အောက်တိုဘာ ၂၈ ရက်တွင် နောက်ထပ် မဟာဗျူဟာ နျူကလီးယားလက်နက်ဖြစ်သော ရေငုပ် သင်္ဘောမှ ပစ်လွှတ်သည့် ပိုဆိုက်ဒွန် စူပါတိုပီဒို ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ကာ အလွန်အောင်မြင်ခဲ့သည်ဟု ထုတ်ပြန်သွားခဲ့သည်။

9M730 Burevestnik ကို ရုရှားမှ ပေါက်ကွဲသွားသော နျူကလီးယားစက်ရုံကြီး ချာနိုဘိုင်းနှင့် နှိုင်းရခြင်းမှာ ပစ်ခံရသည့် နိုင်ငံပျက်စီးမှုထက် ပစ်ခတ်ရန် စမ်းသပ်ရမှုများ၊ စတင်ပစ်ခတ်မှုများတွင် လမ်းတစ်လျှောက် ရေဒီယိုသတ္တိကြွမှုများက ရုရှားကိုသာ ပိုထိခိုက်စေမည်ဖြစ်သောကြောင့်ဟု ဆိုကာ နာမည် ပေးခဲ့ခြင်းဖြစ်သည်။

ယခု ရေငုပ်သင်္ဘောမှ ပစ်လွှတ်အင်ဂျင်ပါတပ်ဆင်စမ်းသပ်ပစ်ခတ်မှုတွင် ပိုဆိုက်ဒွန် စူပါတိုပီဒို လုပ်ငန်း ဆောင်တာသည် အလွန်အောင်မြင်သဖြင့် ပန်းကန်ပြားပေါ်မှ ဘီစကစ်ကဲ့သလို့ အသင့်စားရန်သာ လိုတော့ကြောင်းနှင့် ရေအောက် တိုပီဒိုဖြစ်သောကြောင့် မည်သူမျှ တားဆီးနိုင်ရန်မရှိသလို မိမိတို့ပိုင် Sarmat တိုက်ချင်းပစ် နျူကလီးယားဒုံးကျည်ထက်ပင် ပိုမိုပြင်းထန်ထိရောက်သည်ဟု ပူတင်ဘက်က ကြုံးဝါးသွားခဲ့သည်။

ယင်းပိုဆိုက်ဒွန်တော်ပီဒိုသည် ရေအောက်အနက် ပေ ၃၀၀၀ အထိငုပ်ကာ တစ်နာရီ ၁၁၅ မိုင်နှုန်းဖြင့် ပစ်မှတ်ကို ပစ်ခတ်နိုင်သလို ပစ်မှတ်ကမ်းရိုးတန်းအရောက် နျူကလီးယားတင်ဆောင်ဖောက်ခွဲလျှင် ရေဒီယိုသတ္တိကြွမှုဆူနာမီလှိုင်းများရိုက်ခတ်မှုက မည်သူမျှ ကမ်းခြေဒေသများတွင် ဆက်နေမရစေသည်အထိ ပြင်းထန်ထိရောက်သည်ဟု ရုရှားဘက်က ထုတ်ပြန် သတိပေးထားသည်။

လုံခြုံရေးအထူးကျွမ်းကျင်သူ ဖိလစ်အင်ဂရမ်ကမူ ရုရှားသည် အဆိုပါ ပိုဆိုက်ဒွန် တိုပီဒိုကို နျူကလီးယားထိပ်ဖူးတပ်ပြီး စမ်းသပ်သည်ဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း၊ တစ်ခါ စမ်းသပ်လျှင်ပင် ရေဒီယိုသတ္တိကြွမှုကို အဆိုပါ သက်ရောက်နယ်မြေတစ်လျှောက် ခံရနိုင်မည်ဖြစ်သောကြောင့် တကယ် တမ်း ရွေးချယ်စရာလမ်းမရှိတော့မှသာ နျူကလီးယားထိပ်ဖူးတပ်ကာ ပစ်ခတ်လိမ့်မည်ဟု သုံးသပ်သွားခဲ့သည်။

ရုရှားဘက်မှ ယခုလို အမေရိကန်နှင့် သဘောတူထားခဲ့သော နျူကလီးယားလက်နက်များ မစမ်းသပ်ရသဘောတူညီချက်ကို ဖျက်သိမ်းပြီး ယခုလို နျူကလီးယားလက်နက်များ စမ်းသပ်ပစ်ခတ်နေသဖြင့် ဒေါ်နယ်ထရမ့်ကလည်း နှစ် ၃၀ ကြာ ရပ်ဆိုင်းထားသော နျူကလီးယားလက်နက် စမ်းသပ်ပစ်ခတ်မှုများကို ပြန်လည်လုပ်ဆောင်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ပင်တဂွန်သို့ အောက်တိုဘာ ၂၉ ရက်တွင် အမိန့်ပေးခဲ့သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#ရုရှား
#ပိုဆိုက်ဒွန်
#တိုပီဒို
#နျူကလီးယား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now