မဲခေါင်၊ အောက်တိုဘာ ၂၉
အောက်တိုဘာ ၂၇ ရက် မနက်အစောပိုင်း၌ ချင်းမိုင်ခရိုင်၊ မွန်ပင်းခရိုင်ခွဲ၊ ပန်တွန်နယ်စပ်အနီး ထိုင်းနယ်ခြားစောင့်တပ်၊ မူးယစ်နှိမ်နင်းရေးတပ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု၌ သေဆုံးကျန်နေခဲ့သော အလောင်း ၆ လောင်းကို ရင်ခွဲစစ်ဆေးမှု (Autopsies) ပြုလုပ်စစ်ဆေးရာ ဒေသခံထိုင်းနိုင်ငံသားတစ်ဦးမှ မပါဝင်ဘဲ နိုင်ငံခြားသားများသာဖြစ်သည်ဟု ထိုင်းတာဝန်ရှိသူများက အောက်တိုဘာ ၂၈ ရက်၌ ထုတ်ပြန်ခဲ့သည်။
ယင်းပစ်ခတ်တိုက်ခိုက်မှုတွင် ကျောပိုးအိတ်များဖြင့် သယ်ဆောင်လာသည့် လာဘူးဘူနှင့် AAA တံဆိပ်ပါ စိတ်ကြွဆေးပြား အလုံး ၁၂၀၀၀၀၀ သိမ်းဆည်းရမိကာ အလောင်း ၆ လောင်းနှင့် လက်နက် ၂ လက်ပါ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
သေဆုံးအလောင်းများကို စစ်ဆေးမှုအပြီး ဒေသခံတာဝန်ရှိသူများနှင့် အဖြေရှာမှုတွင် ထိုင်းနိုင်ငံသား ဒေသခံတစ်ယောက်မှ မပါဘဲ ၎င်းတို့သည် နယ်စပ်တစ်ဖက်ခြမ်းမှ နိုင်ငံခြားသားများသာဖြစ်ကာ တချို့ သည် တရားမဝင် ခိုးဝင်ကာ နေထိုင်သူများလည်းဖြစ်နိုင်သည်ဟု ထုတ်ပြန်ကာ ဆက်လက်စုံစမ်းစစ်ဆေးသွားဦးမည်ဟု ဆိုသည်။
ကိုကလင်း
Ref: Maesaipress
#MeKongNews
#မူးယစ်ဆေးဝါး
#ပစ်ခတ်မှု
#ထိုင်းနိုင်ငံသား
#ထိုင်းနယ်ခြားစောင့်တပ်








