ကမ္ဘာ့သတင်း

အမေရိကန်မှ စွန့်ပစ်လျှပ်စစ်ပစ္စည်း တန်ပေါင်းများစွာကြောင့် အရှေ့တောင်အာရှ သဘာ၀ပတ်ဝန်းကျင် ပျက်ဆီး

မဲခေါင် 25 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၅ Basel Action Network (BAN) မှ ၂ နှစ်ကြာ စုံစမ်းလေ့လာထားသည့် စစ်တမ်းထုတ်ပြန်ကာ အမေရိကန်နိုင်ငံမှ တန်ပေါင်းများစွာသော လျှပ်စစ်စွန့်ပစ်ပစ္စည်းများ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ တင်ပို့နေမှု က သဘာ၀ပတ်ဝန်းကျင်ကို များစွာ ထိခိုက်ပျက်စီးစေသည်ဟု ကောက်ချက်ချ ဖော်ပြသွားခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းမှ စွန့်ပစ်လျှပ်စစ်ပစ္စည်းပေါင်း တန် ၆၂ သန်းအထိ ထွက်ခဲ့ကာ ၂၀၃၀ ပြည့်နှစ်တွင် တန် ၈၂ သန်းအထိ တိုးမြင့်လာမည်ဟု နိုင်ငံတကာ တယ်လီကွန်းသမဂ္ဂ (ITU) က ခန့်မှန်းထားသည်။ အမေရိကန်သည် ကမ္ဘာတစ်ခုလုံးမှ စွန့်ပစ်လျှပ်စစ်ပစ္စည်းပေါင်း၏ တစ်ဝက်ကျော် ထွက်ရှိကာ လစဉ် အမေရိကန်ဆိပ်ကမ်းများမှ စွန့်ပစ်လျှပ်စစ်ပစ္စည်းပေါင်း

မဲခေါင်၊ အောက်တိုဘာ ၂၅

Basel Action Network (BAN) မှ ၂ နှစ်ကြာ စုံစမ်းလေ့လာထားသည့် စစ်တမ်းထုတ်ပြန်ကာ အမေရိကန်နိုင်ငံမှ တန်ပေါင်းများစွာသော လျှပ်စစ်စွန့်ပစ်ပစ္စည်းများ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ တင်ပို့နေမှု က သဘာ၀ပတ်ဝန်းကျင်ကို များစွာ ထိခိုက်ပျက်စီးစေသည်ဟု ကောက်ချက်ချ ဖော်ပြသွားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းမှ စွန့်ပစ်လျှပ်စစ်ပစ္စည်းပေါင်း တန် ၆၂ သန်းအထိ ထွက်ခဲ့ကာ ၂၀၃၀ ပြည့်နှစ်တွင် တန် ၈၂ သန်းအထိ တိုးမြင့်လာမည်ဟု နိုင်ငံတကာ တယ်လီကွန်းသမဂ္ဂ (ITU) က ခန့်မှန်းထားသည်။

အမေရိကန်သည် ကမ္ဘာတစ်ခုလုံးမှ စွန့်ပစ်လျှပ်စစ်ပစ္စည်းပေါင်း၏ တစ်ဝက်ကျော် ထွက်ရှိကာ လစဉ် အမေရိကန်ဆိပ်ကမ်းများမှ စွန့်ပစ်လျှပ်စစ်ပစ္စည်းပေါင်း ကွန်တိန်နာ ၂၀၀၀ ကျော် (တန်ချိန်အားဖြင့် ၃၃၀၀၀ တန်) ကို တင်ပို့နေရာ အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ (အထူးသဖြင့် အရှေ့တောင် အာရှနိုင်ငံများ) သို့ တင်ပို့နေသည်။

ယင်းစွန့်ပစ်လျှပ်စစ်ပစ္စည်းများကို ပြန်လည်အသုံးချ (recycling) လုပ်ရန်ဆိုသော ရည်ရွယ်ချက်ပြကာ ပွဲစားကုမ္ပဏီများက အာရှ၊ အရှေ့အလယ်ပိုင်းနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်သည်။

အဓိက တင်ပို့ နေသော ပွဲစားကုမ္ပဏီများမှာ Attan Recycling၊ Corporate eWaste Solutions (CEWS)၊ Creative Metals Group၊ EDM၊ First America Metal၊ GEM Iron and Metal၊ Greenland Resource၊ IQA Metals၊ PPM Recycling နှင့် Semsotai ကုမ္ပဏီတို့ဖြစ်သည်။

ဘေဆယ်ကွန်ဗန်းရှင်းအရ အဆိပ်သင့်စေနိုင်သော စွန့်ပစ်လျှပ်စစ်ပစ္စည်းများကို တင်ပို့မှု ပိတ်ပင်ထားသော်လည်း ပြန်လည်အသုံးချရေး (reusable) ဆိုသည့် ခေါင်းစဉ်ဖြင့် ကုမ္ပဏီများက လိမ်လည်ကာ စာရွက်စာတမ်းများ ထုတ်ပြီး ယခုလို ဖွံ့ဖြိုးဆဲနိုင်ငံများဆီ တင်ပို့ရောင်းစားနေခြင်း ဖြစ်သည်။

၂၀၂၃ ဇန်နဝါရီမှ ၂၀၂၅ ဖေဖော်ဝါရီလအကြား BAN မှ စုံစမ်းလေ့လာမှုတွင် အဆိုပါ ကုမ္ပဏီ ၁၀ ခု အဆိပ်သင့်သော စွန့်ပစ်လျှပ်စစ်ပစ္စည်း ကွန်တိန်နာပေါင်း ၁၀၀၀၀ ကျော်ကို တင်ပို့ခဲ့ကြသည်ဟု ဆိုကာ ထိုတန်ဖိုးသည် ဒေါ်လာ ၁ ဘီလီယံကျော်ရှိကာ တစ်လလျှင် ဒေါ်လာသန်း ၂၀၀ ကျော်ဖိုးအထိ အကျိုးစီးပွားရှာနေခြင်းဖြစ်သည်ဟု ဆိုသည်။

ဘေဆယ်ကွန်ဗန်းရှင်းတွင် လက်မှတ်ရေးထိုးထားသည် မလေးရှားနိုင်ငံသည် အမေရိကန်မှ လျှပ်စစ်စွန့်ပစ်ပစ္စည်းအများဆုံး တင်သွင်းရာ အရှေ့တောင်အာရှနိုင်ငံဖြစ်ကာ ယခင်ကတည်းက ပြည်တွင်း ညစ်ညမ်းမှုများရှိနေသဖြင့် ထို ၂ ခုပေါင်း သဘာ၀ပတ်ဝန်းကျင် ပျက်စီးစေမှုသည် ထုထည် ကြီးမားလွန်းကြောင်း၊ လူ့သက်တမ်းများ တိုတောင်းလာစေခြင်း၊ မျက်နှာဖုံးမပါဘဲ စွန့်ပစ် လျှပ်စစ်ပစ္စည်းအမှိုက်ပုံကြီးများကို မီးရှို့ဖျက်ဆီးနေမှုကြောင့် လုပ်သားများ အဆိပ်ငွေများကို ရှူရှိုက်ရသလို မြေပြင်ဂေဟစနစ်များ၊ မြေအောက်ရေ အဆိပ်သင့်ညစ်ညမ်းမှုများပါ ဖြစ်စေသည်ဟု ဒယ်လ်ဟောက်ဆီ တက္ကသိုလ် ကမ္ဘာ့စွန့်ပစ်လျှပ်စစ်ပစ္စည်းများ ကုန်သွယ်မှု ကျွမ်းကျင်သူ Tony R. Walker က သုံးသပ်ခဲ့သည်။

အမေရိကန်၏ စွန့်ပစ်လျှပ်စစ်ပစ္စည်းများကို အရှေ့တောင်အာရှတွင် မလေးရှားအပြင် ထိုင်း၊ အင်ဒိုနီးရှားတို့သို့လည်း များစွာ တင်ပို့နေပြီး တကယ်တမ်း recycling လုပ်ကာ ပြန်လည်အသုံးချနိုင် သည့် ပမာဏသည် စွန့်ပစ်လျှပ်စစ်ပစ္စည်းများ ထွက်ရှိမှုပမာဏ၏ ၅ ပုံ ၁ ပုံပင်မရှိသောကြောင့် ယင်းနိုင်ငံများ၌ သဘာ၀ပတ်ဝန်းကျင် ဆိုးရွားပျက်စီးမှုများကို ဖြစ်တည်စေသည်ဟု BAN က တင်ပြသွားခဲ့သည်။

ကိုကလင်း
Ref: The Nation
#MeKongNews
#စွန့်ပစ်ပစ္စည်း
#သဘာဝပတ်ဝန်းကျင်
#အရှေ့တောင်အာရှ
#အမေရိကန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now