မဲခေါင်၊ အောက်တိုဘာ ၂၀
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၁၈ ရက်တွင် အိမ်ဖြူတော်မှတစ်ဆင့် ဗင်နီဇွဲလား ကမ်းလွန်ပင်လယ်ပြင်၌ မူးယစ်ဆေးများစွာ တင်ဆောင်မောင်းနှင်နေသည့် ရေငုပ်သင်္ဘောတစ်စင်းကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းနှင့် မူးယစ်အကြမ်းဖက် ၂ ဦးသေဆုံးကာ ရှင်ကျန်ရစ်သူ ၂ ဦးကို မိခင်နိုင်ငံများသို့ ပြန်ပို့ အရေးယူခိုင်းထားသည်ဟု ရုပ်သံမှတ်တမ်းနှင့်တကွ ထုတ်ပြန်သွားခဲ့သည်။
ယခင် မူးယစ်လှေ ၅ စီးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးနောက် ထိုသို့သောလှေများ မမြင်ရတော့ဘဲ ဘင်လာဒင်ကို ပျောက်ကျားစစ်အဖြစ် တစ်ခဏအတွင်း ဝင်ရောက်ဖမ်းဆီး သုတ်သင်နိုင်ခဲ့သည့် နိုင်ငံ၏ အဆင့်အမြင့်ဆုံး Night Stalkers ကွန်မန်ဒိုတပ်သား ၁၀၀၀၀ ကိုလည်း ဗင်နီဇွဲလား ကုန်းတွင်းဝင် တိုက်ခိုက်ကာ မူးယစ်ရာဇာမားနောက်မှ ရပ်တည်နေသော ဗင်နီဇွဲလား သမ္မတ မာဂျူရိုကိုပါ ဖမ်းဆီးရှင်းလင်းရန် ဒေါ်နယ်ထရမ့်က မီးစိမ်းပြလိုက်ပြီး တပ်များ ရွှေ့နေခဲ့ပြီဖြစ်သည်။
ဒေါ်နယ်ထရမ့်က ယခု မူးယစ်ဆေးအပြည့်တင်ဆောင်လာသော ရေငုပ်သင်္ဘောကို မဖောက်ခွဲနိုင်လျှင် အမေရိကန်ကမ်းလွန်သို့ ယင်းမူးယစ်ဆေးများ ဆိုက်ရောက်လာခြင်းက အမေရိကန်သား အနည်းဆုံး ၂၅၀၀၀ ဦးကို သေဆုံးစေမည်ဟုလည်း အကြောင်းပြချက်ပေးခဲ့သည်။
ရေငုပ်သင်္ဘောမှာ ဗင်နီဇွဲလားပိုင် ဟုတ်၊ မဟုတ်မထုတ်ပြန်ဘဲ ပေါက်ကွဲပျက်စီးသွားစဉ် မသေဘဲရေပေါ် ပေါ်နေခဲ့သည့် အီကွေဒေါနှင့် ကိုလံဘီယာသား ၂ ဦးကို ရေတပ်နှင့်ကမ်းခြေစောင့်တပ် ရဟတ်ယာဉ်များက ဆယ်ယူပြီး ကုသမှုပေးကာ မိခင်နိုင်ငံများသို့ ပြန်လည်ပို့ဆောင် အရေးယူစေမည်ဟု New York Times သတင်း က ဖော်ပြသွားခဲ့သည်။
ယခုတစ်ပတ်အတွင်းမှာပင် အထူးကွန်မန်ဒိုစစ်သည် ၁၀၀၀၀ ဗင်နီဇွဲလား ကမ်းလွန်သို့ ပို့ဆောင်ခဲ့ပြီး နျူကလီးယားဗုံးကြဲနိုင်စွမ်းရှိသည့် ဗုံးကြဲလေယာဉ်များ၊ Night Stalkers တပ်သားများ စေလွှတ်ခဲ့ပြီး F-35B ကိုယ်ပျောက်ဖိုက်တာဂျက်လေယာဉ်များ၊ P-8 Poseidon စပိုင်လေယာဉ်များ၊ MQ-9 Reaper ဒရုန်းများပါ ထပ်မံ စေလွှတ်လိုက်ကြောင်း၊ ယင်းမတိုင်မီက ကာရစ်ဘီယံ ပင်လယ်ပြင်သို့ အမေရိကန်စစ်သင်္ဘောကြီး ၈ စင်း၊ F 35 ဖိုက်တာဂျက်လေယာဉ် ၁၀ စင်းအား အနီးအနားရှိ ပွာတူရီကိုလေတပ်အခြေစိုက်စခန်းသို့ ပို့ထားပြီးဖြစ်ခြင်းကြောင့် ထိုအင်အားဖြင့် နာရီ ပိုင်းအတွင်း ဗင်နီဇွဲလားကို ဝင်သိမ်းကာ မာဂျူရိုကို ဖမ်းဆီး အရာချနိုင်မည်ဟု ဒေါ်နယ်ထရမ့်ဘက်မှ ယုံကြည်ထားကြောင်း သိရသည်။
ဝေဟင်နှင့် မြေပြင်လျှပ်တပြက်ထိုးစစ်သည် ၄၈ နာရီအတွင်း အောင်မြင်နိုင်မှသာ မာဂျူရိုအာဏာရှင် အစိုးရ ကျဆုံးနိုင်မည်ဖြစ်ကာ ထိုသို့မှမဟုတ်လျှင် မာဂျူရိုနှင့်အပေါင်းအပါ အစ္စလာမ္မစ်စစ်သွေးကြွများ၊ ကျူးဘားတပ်များ၊ ဘိုလီးဗီးယားမဟာမိတ်တပ်များ၊ အီရန်ထောက်ပံ့ထားသည့် ဗင်နီဇွဲလား အခြေစိုက် ဟစ်ဇ်ဘိုလာတပ်များဖြင့်ပါ စစ်ရေးပိုမိုကျယ်ပြန့် ကြန့်ကြာသွားဖွယ်ရှိသည်ဟု အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ အရာရှိဟောင်း Luis Quinones က သုံးသပ်ပြောဆိုခဲ့သည်။
ထရမ့်ကမူ မိမိတို့ဘက်မှ ဒုံးကျည်များတင်ဆောင်သော တိုက်သင်္ဘောများ၊ နျူကလီးယားတင်ဆောင် ရေငုပ်သင်္ဘောများစေလွှတ်သည်နှင့် ဗင်နီဇွဲလားစစ်တပ်အကြီးအကဲများသည် မာဂျူရိုကို ဖမ်းဆီးကာ စစ်အာဏာသိမ်းပြီး မိမိတို့ပေးမည်ဟု ထုတ်ထားသောဆုကြေး ဒေါ်လာ သန်း ၅၀ ယူသွားလိမ့်မည်ဟု ယုံကြည်ထားကြောင်း သိရသည်။
သို့သော် မာဂျူရိုသည် ကာရာကက်စ်မြို့တော်အနီး တောင်အောက်တွင် ဥမင်တူးထားသည့် Fort Tiuna စစ်အခြေစိုက်စခန်း မြေအောက်ဘန်ကာထဲနေထိုင်ကာ အနက်ရောင်နကျယ်ကောင်များဟု အမည်ပေးထားသည့် မဟာမိတ်ကျူးဘား အထူးတပ်ဖွဲ့များ စောင့်ကြပ်မှု နှင့် ပုန်းအောင်းနေမည်ဟု အမေရိကန်ထောက်လှမ်းရေးက သတင်းရထားပြီးဖြစ်သည်။
မာဂျူရို၏ စစ်ရေးချုပ် ဒိုင်အော့စ်ဒါဒိုကာဘယ်လိုကလည်း လျှင်မြန်လွယ်ကူစွာ ထွက်လမ်းဝင်လမ်းများဖြင့် အမေရိကန်ကို နှစ် ရာချီပြီး ခုခံကာကွယ်နိုင်စွမ်းရှိသည်ဟု ကြုံးဝါးထားသည်။
ဗင်နီဇွဲလားတွင် ရုရှားမှ ပေးပို့ထားသည့် S-300 SAM batteries တာတိုပစ်ဒုံးဒါဇင်နှင့်ချီရှိသလို ရဟတ်ယာဉ်များကို ပစ်ချ နိုင်သည့် ပခုံးထမ်း Buk missiles တာတိုဒုံးများ၊ Su-30 ဖိုက်တာဂျက်လေယာဉ်မောင်းမည့် တပ်ခွဲ ၂ ခွဲ၊ T-72 တင့်ကာ ၁၀၀၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် အနည်းငယ်ရှိသည်ဟု သိရသည်။
မာဂျူရို ဘက်မှ အသက်စွန့်မည့် အဖေ့တပ်တော် Dad’s Army တွင် အသေခံ စစ်သား ၅၀၀၀ ရှိသေးကာ အီရန် ထောက်ပံ့ ဟစ်ဇ်ဘိုလာ ၁၀၀၀ ကျော်လည်း မာဂျူရိုဘက်မှ ရှိနေသည်။
သို့သော် ထိုအင်အားများကို အမေရိကန်သည် ပထမဆုံး ၈ နာရီတိုက်ခိုက်မှုအတွင်း အမြစ်ဖြတ်နိုင်မည့် စစ်ဆင်ရေးအား ပင်တဂွန် က သေချာရေးဆွဲထားပြီး ပြည်သူ့စစ် ၄ သန်းကပါ အမေရိကန်ကို ပြန်တိုက်မည်ဟု မာဂျူရို ကြုံးဝါး ထားသော်လည်း အမေရိကန်၏ Tomahawk ဒုံးကျည်များ စတင်ကျရောက်သည်နှင့် ဗင်နီဇွဲလား စစ်ဘားတိုက်များအားလုံးရှိ စစ်သားများ တစ်ယောက်မှ မကျန်စေရန် ထွက်ပြေးသွားလိမ့်မည်ဟု လက်ရှိ ပြည်ပြေးဖြစ်နေသော ဗင်နီဇွဲလားဗိုလ်ချုပ်ဟောင်း Marco Ferreira က သုံးသပ်ပြောဆိုသွားခဲ့ သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဗင်နီဇွဲလား
#အမေရိကန်
#ဒေါ်နယ်ထရမ့်
#မာဂျူရို








