ကမ္ဘာ့သတင်း

ပီရူးတွင် လူငယ်တစ်ဦး သေဆုံးပြီးနောက် Gen Z လူငယ်များ ပုန်ကန်အုံကြွမှုပိုကြီးလာ

မဲခေါင် 17 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၇ ကမ္ဘာတစ်ဝန်း Gen Z များ တော်လှန်ပုန်ကန်မှုများ ဆက်တိုက်ဖြစ်ပွားနေချိန် တောင်အမေရိကတိုက်ရှိ ပီရူးနိုင်ငံတွင်လည်း လူငယ်များ၏ အစိုးရဆန့်ကျင့်ဖြုတ်ချရေးလှုပ်ရှားမှု အုံကြွလာကာ အောက်တိုဘာ ၁၆ ရက်က လွှတ်တော်ထဲပါ ဝင်ရောက်ရန် ကြိုးစားရာမှ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား အဓိကရုဏ်းအသွင် ဆိုးရွားစွာဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူငယ်တစ်ဦး သေဆုံးခဲ့ရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကမှ ယာယီနိုင်ငံခေါင်းဆောင်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သော သမ္မတ ဟိုဆေးဂျီရီ အစိုးရကို ဖြုတ်ချရန် Gen Z နှင့်အရွယ်ရောက်ပြီး လူငယ်များ အဓိက လှုပ်ရှားမှုအဖြစ် ဆန္ဒပြမှုများသည် လွှတ်တော်အတွင်း မိုလိုတော့ဗ်များ၊ ခဲများဖြင့် ပစ်ခတ်မှု၊ လုံခြုံရေးရဲတပ်ဖွဲ့များ နှင့် အုံလိုက်ကျင်းလိုက် တိုက်ခိုက်မှုများဖြစ်ပွားလာရာ

မဲခေါင်၊ အောက်တိုဘာ ၁၇

ကမ္ဘာတစ်ဝန်း Gen Z များ တော်လှန်ပုန်ကန်မှုများ ဆက်တိုက်ဖြစ်ပွားနေချိန် တောင်အမေရိကတိုက်ရှိ ပီရူးနိုင်ငံတွင်လည်း လူငယ်များ၏ အစိုးရဆန့်ကျင့်ဖြုတ်ချရေးလှုပ်ရှားမှု အုံကြွလာကာ အောက်တိုဘာ ၁၆ ရက်က လွှတ်တော်ထဲပါ ဝင်ရောက်ရန် ကြိုးစားရာမှ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား အဓိကရုဏ်းအသွင် ဆိုးရွားစွာဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူငယ်တစ်ဦး သေဆုံးခဲ့ရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကမှ ယာယီနိုင်ငံခေါင်းဆောင်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သော သမ္မတ ဟိုဆေးဂျီရီ အစိုးရကို ဖြုတ်ချရန် Gen Z နှင့်အရွယ်ရောက်ပြီး လူငယ်များ အဓိက လှုပ်ရှားမှုအဖြစ် ဆန္ဒပြမှုများသည် လွှတ်တော်အတွင်း မိုလိုတော့ဗ်များ၊ ခဲများဖြင့် ပစ်ခတ်မှု၊ လုံခြုံရေးရဲတပ်ဖွဲ့များ နှင့် အုံလိုက်ကျင်းလိုက် တိုက်ခိုက်မှုများဖြစ်ပွားလာရာ ၃၂ နှစ်အရွယ် အက်ဂွါဒိုရုဇ်ဆန့်ဇ် သေဆုံးခဲ့ရပြီး လူပေါင်း အနည်းဆုံး ၁၀၂ ယောက် ဒဏ်ရာရခဲ့သည်။

ဒဏ်ရာရသူများထဲတွင် အရပ်သား ၂၄ ယောက်၊ ရဲတပ်ဖွဲ့ဝင် ၇၈ ယောက်အထိ ပါဝင်ခဲ့ကာ ရုပ်သံမှတ်တမ်းများအရ ရဲတပ်ဖွဲ့ဝင်များစွာ သွေးချင်းချင်းနီ ဒဏ်ရာရနေသည့် မြင်ကွင်းများ တွေ့ခဲ့ရသည်။

ပီရူး အမျိုးသားလူ့အခွင့်အရေး ညှိနှိုင်းရေးမှူးအဆိုအရ သေဆုံးသူကို သေနတ်ဖြင့် ပစ်ခတ်သူသည် အရပ်ဝတ်ဖြင့် ရဲအရာရှိဖြစ်ကြောင်း သိရှိရသည်။

ပီရူးတွင် နိုင်ငံမြို့တော်နှင့် မြို့ကြီးများ၌ လုံခြုံရေးအာမခံချက်အဖြစ် ဒုစရိုက်ဂိုဏ်းများက ဆတ်ကြေး ကောက်ခံနေမှုများ၊ ပြန်ပေးဆွဲ ငွေညှစ်မှုများ၊ ကြေးစား လူသတ်မှုများနှင့် လမ်းပေါ် ဓားထိုးသတ်ဖြတ် မှုများ ထူပြောလွန်းလာခဲ့သည်ကို အစိုးရက မည်သို့မျှ မတားဆီး၊ မချေမှုန်းနိုင်ခဲ့သည့်အတွက် နောက်ဆုံးသော သမ္မတ ဒီနာဘိုလာတီကို အမတ်များက အကျင့်ပျက်ခြစားမှု စွပ်စွဲချက်ဖြင့် ရုံးတင်ကာ ရာထူးမှ ဖြုတ်ချခဲ့သည်။

ထို့နောက် ယာယီသမ္မတအဖြစ်တင်မြှောက်လိုက်သော ဂျီရီသည်လည်း လိင်ပိုင်းဆိုင်ရာစော်ကားခဲ့မှုဟောင်းကြောင့် အမျိုးသမီးဝါဒီများက Gen Z များ၊ လူငယ်များ၊ ဘတ်စ်ကားနှင့်အလုပ်သမားသမဂ္ဂတို့ဖြင့် ပူးပေါင်းပြီး ဆန္ဒပြမှုများမှ မြို့များအနှံ့ ထောင်သောင်းချီ သော လူထုအုံကြွမှုများ ရက်သတ္တပတ်အနည်းငယ်အတွင်း ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြပွဲတစ်ခုတွင် ပါဝင်သည့် ပီရူးဂျာနယ်လစ်တစ်ဦးက ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်းကို ဆတ်ကြေးရမှ ကာကွယ်မည်ဟု ခြောက်လှန်နေသော Los Pulpos နှင့် ဗင်နီဇွဲလားမှ မူးယစ်ရာဇဝတ်ဂိုဏ်း Tren de Aragua တို့အပါအဝင် ဂိုဏ်းများစွာသည် လက်တင် အမေရိကနိုင်ငံများတစ်ဝန်း ယခုလို မင်းမဲ့စရိုက်ပြုကျင့်နေသည်ကို ပီရူးအစိုးရ အဆက်ဆက်က အကာအကွယ်မပေးနိုင်ခဲ့ဘဲ ယခု ယာယီသမ္မတ ဂျာရီက စစ်ခင်းတိုက်ဖျက်ပေးမည်ဟု ကတိပြုခြင်း အပေါ်လည်း မယုံတော့သဖြင့် အစိုးရတစ်ရပ်လုံး ဖြုတ်ချရေး Gen Z လှုပ်ရှားမှုကြီးသည် နီပေါ Gen Z များကို နမူနာယူကာ ကျယ်ပြန့်လာခြင်းဖြစ်သည်ဟု ပြောသွားခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#လူထုအုံကြွမှု
#လူငယ်မျိုးဆက်
#ပီရူး
#တောင်အမေရိက

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now