မဲခေါင်၊ အောက်တိုဘာ ၁၇
အောက်တိုဘာ ၁၃ ရက်ညပိုင်းက အာဏာရှင်အုပ်ချုပ်သည့် ရုရှားနိုင်ငံတွင် မြင်ရခဲ့သော မြင်ကွင်းအဖြစ် စိန့်ပီတာစဘာ့ဂ်မြို့ ကာဇန်စကာရာရင်ပြင်၌ ရာနှင့်ချီသော စစ်ပွဲဆန့်ကျင် ရုရှားနိုင်ငံ သားများ ပူတင်အား ကရင်မလင်နန်းတော်မှ နှင်ထုတ်ရန် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
ယင်းလှုပ်ရှားမှုကို လမ်းပေါ် ဂီတပညာရှင်များအဖွဲ့က ဦးဆောင်ခဲ့ခြင်းဖြစ်ကာ စိန့်ပီတာစဘာ့ဂ်မြို့ တစ်လျှောက် ရာနှင့်ချီသော ဆန္ဒပြသူများလှည်လည်ပြီး ပူတင်ဆန့်ကျင်ရေး သီချင်းများ သံပြိုင် သီဆို ခဲ့ကြသည်။
ဆန္ဒပြသူများသည် ယူကရိန်းထောက်ခံရက်ပ် အဆိုတော် Noize MC ၏ ပူတင်ဆန့်ကျင့် စာသားများအသုံးပြု ရေးဖွဲ့ထားသော Co-operative Swan Lake သီချင်းကိုသီဆိုခဲ့ကြကာ ထိုသီချင်းသည် ရုရှားရှိ ပူတင်ဆန့်ကျင့်တော်လှန်လူငယ်များ၏ နိုင်ငံ တော်သီချင်းအဖြစ်ပင် သတ်မှတ်ထားသော သီချင်းဖြစ်သည်။
ထို့ကြောင့် စိန့်ပီတာစဘာ့ဂ်တရားရုံးက မေလကတည်းက ထိုသီချင်းကို သီဆိုမှုမပြုရန် ဥပဒေပြု ပိတ်ပင်ခဲ့ပြီး ယခု ထိုသီချင်းပါ စာသားများထဲမှ “ဆီဇာသေတုန်းက ငါတို့ကခုန်ခဲ့ကြတယ်၊ နောက်ထပ် ကခုန်ကြရပါဦးမယ်၊ လူအိုကြီး ပလ္လင်ပေါ် ကုပ်ကပ်နေဆဲဖြစ်ပြီး ဆင်းပေးရမှာ ကြောက်နေတယ်၊ လူအိုကြီးတစ်ယောက် ဘန်ကာထဲဝင်ပြီး ၁၉၈၅ ခုနှစ်က အတွေးမျိုးတွေ တွေးနေတယ်” ဆိုသော စာသားများ လှည့်ပတ်သီဆို ဆန္ဒပြခဲ့ကြသည်။
ထိုဆန္ဒပြမှုတွင် ဦးဆောင်သူ လမ်းပေါ် ဂီတပညာရှင်များထဲ ပါဝင်သည့် ၁၈ နှစ်သာရှိသေးသော အဆိုတော်မလေး ဒိုင်ယာနာ လိုဂီနိုဗာကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်းလည်း သိရသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ဆန္ဒပြပွဲ
#ပူတင်
#ယူကရိန်းထောက်ခံသူ








