ကမ္ဘာ့သတင်း

သေဆုံးဓားစာခံ အလောင်းအားလုံး ဟားမက်စ်ပြန်ပေးရန် အစ္စရေးရာဇသံထပ်ပေး

မဲခေါင် 14 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၄ အောင်တိုဘာ ၁၃ ရက်နေ့က ဟားမက်စ်တို့ ဖမ်းဆီးခဲ့သည့် ဓားစာခံများထဲမှ နောက်ဆုံးလက်ကျန် အသက်ရှင်လျှက်ကျန်ရှိနေသေးသော ဓားစာခံ ၂၀ ကို ပြန်လွှတ်ပေးခဲ့သော်လည်း သေဆုံးပြီး ဓားစာခံ ၂၈ ယောက်ထဲမှ ၄ ယောက်၏ အလောင်းကိုသာ ဟားမက်စ်တို့ အစ္စရေးထံ ပြန်ပို့ပေးခဲ့သည်။ Guy Illouz၊ Yossi Sharabi၊ Bipin Joshi နှင့် Daniel Perez တို့၏ ရုပ်အလောင်း ၄ လောင်းသာ ပြန်ပို့ပေးခဲ့ခြင်းဖြစ်ပြီး အစ္စရေးဘက်မှ တစ်သက်တစ်ကျွန်းထောင်ဒဏ်ချထားသူ ၂၅၀ အပါ ပါကစ္စတန်အကျဉ်းသား ၂၀၀၀ ကို ဂါဇာထဲသို့ ဘတ်စ်ကားများဖြင့် ပြန်လည်စေလွှတ်ပေးခဲ့ပြီးဖြစ် သည်။

မဲခေါင်၊ အောက်တိုဘာ ၁၄

အောင်တိုဘာ ၁၃ ရက်နေ့က ဟားမက်စ်တို့ ဖမ်းဆီးခဲ့သည့် ဓားစာခံများထဲမှ နောက်ဆုံးလက်ကျန် အသက်ရှင်လျှက်ကျန်ရှိနေသေးသော ဓားစာခံ ၂၀ ကို ပြန်လွှတ်ပေးခဲ့သော်လည်း သေဆုံးပြီး ဓားစာခံ ၂၈ ယောက်ထဲမှ ၄ ယောက်၏ အလောင်းကိုသာ ဟားမက်စ်တို့ အစ္စရေးထံ ပြန်ပို့ပေးခဲ့သည်။

Guy Illouz၊ Yossi Sharabi၊ Bipin Joshi နှင့် Daniel Perez တို့၏ ရုပ်အလောင်း ၄ လောင်းသာ ပြန်ပို့ပေးခဲ့ခြင်းဖြစ်ပြီး အစ္စရေးဘက်မှ တစ်သက်တစ်ကျွန်းထောင်ဒဏ်ချထားသူ ၂၅၀ အပါ ပါကစ္စတန်အကျဉ်းသား ၂၀၀၀ ကို ဂါဇာထဲသို့ ဘတ်စ်ကားများဖြင့် ပြန်လည်စေလွှတ်ပေးခဲ့ပြီးဖြစ် သည်။

ဒေါ်နယ်ထရမ့်တင်ပြသော အချက် ၂၀ ပါ ငြိမ်းချမ်းရေးအဆိုပြုလွှာ ပထမဆုံးအဆင့်အဖြစ် ယခုလို ဓားစာခံများနှင့် အကျဉ်းသားများ လွှတ်ပေးခြင်းပြုရာ၌ သေဆုံးပြီးဖြစ်သော ဓားစာခံအားလုံး၏ ရုပ်အလောင်းများကိုပါ ပြန်ပေးပို့ရမည်ဟု ပါရှိခဲ့ပြီး ယခု ၄ လောင်းသာပို့သဖြင့် အစ္စရေးဘက်မှ ဒေါသထွက်ပေါက်ကွဲကာ အောင်တိုဘာ ၁၅ ရက်နောက်ဆုံးထားပြီး ကျန်ရှိ ဓားစာခံရုပ်အလောင်း အားလုံးပြန်ပို့ရန်၊ မည်သည့် သေဆုံးသူဓားစာခံ၏ ရုပ်အလောင်းကိုမဆို ပြန်လိုချင်သည်ဟု ရာဇသံ ထပ်ပေးလိုက်သည်။

ယင်းဓားစာခံနှင့် အကျဉ်းသားများ လဲလှယ်မှုပြုလုပ်အပြီး နာရီပိုင်းအကြာမှာပင် ဂါဇာအတွင်း ဟားမက်စ်များသည့် မျက်နှာအဝတ်စည်းထားပြီး ဒူးထောင်ခိုင်းထားသည့် ၅ ယောက်အား ပစ်ခတ် သုတ်သင်ခဲ့သည့် ဗီဒီယိုဖိုင်များ ထွက်ပေါ်လာသည်။

ဟားမက်စ်တပ်များသည် ဂါဇာအတွင်း ၎င်းတို့ အား တော်လှန်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစ္စရေးဘက်တော်သားဟု ယူဆရသူများ ကို စင်ကြယ်စွာဆေးကြောသုတ်သင်ရေး စတင်လုပ်ဆောင်ပြီဟု ကြေညာကာ စစ်သည် ၇၀၀၀ ကို ပြန်စုစည်းပြီး ယခုလို ရှင်းလင်းမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ယခုရှင်းလင်းလိုက်သည့် ၅ ဦးထဲတွင်ဟားမက်စ်တို့အား ပြန်လည်တိုက်ခိုက်နေသည့် Abu Shabab အဖွဲ့အတွက် လူစုဆောင်းပေးသူ အာမက်ဇီဒန်းအယ်လ်တာရာဘင်လည်း ပါဝင်ခဲ့သည်။

ဓားစာခံများ လွှတ်ပေးမှုမပြုမီရက်ပိုင်းအတွင်းကလည်း ဟားမက်စ်တို့သည် မိမိတို့အား ဆန့်ကျင်နေသည့် ဂါဇာ တွင်းမှ လက်နက်ကိုင် ၁၂ ဦးထက်မနည်းကို သုတ်သင်ခဲ့ရာ ရန်ဘက် လက်နက်ကိုင်များနှင့် ဟားမက်စ် တို့၏ ပြည်တွင်း စစ်ပွဲကြီး ထပ်ဖြစ်လာနိုင်ကြောင်း ပူပန်မှုများလည်း ရှိနေသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#အစ္စရေး
#ဂါဇာ
#ဟားမက်စ်
#ဓားစာခံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now