ကမ္ဘာ့သတင်း

ပါလက်စတိုင်း အကျဉ်းသား ၂၀၀၀ ဘတ်စ်ကားဖြင့် ဂါဇာသို့ ပြန်လည်ရောက်ရှိ

မဲခေါင် 14 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၄ စက်တင်ဘာ ၁၃ ရက်နေ့က အစ္စရေး ဖမ်းဆီးထားသည့် ပါလက်စတိုင်း အကျဉ်းသား ၂၀၀၀ ကို ဟားမက်စ်တို့ဖမ်းထားသည့် ဓားစာခံများဖြင့် လဲလှယ်မှုအဖြစ် ပြန်လည်လွှတ်ပေးခဲ့ရာတွင် ဂါဇာသို့ ပြန်ရောက်လာခဲ့သည်။ ဆိုးရွားလွန်းသော ပြစ်ဒဏ်များကြောင့် တစ်သက်တစ်ကျွန်းချခံထားရသူ ၂၅၀ နှင့် ဂါဇာအတွင်းမှာပင် ဖမ်းဆီးထိန်းသိမ်းထားသည့် အကျဉ်းသား ၁၇၅၀ ဦးအား ဘတ်စ်ကားများဖြင့် ပြန်လွှတ်ပေးခဲ့ရာ ပါလက်စတိုင်းပြည်သူများစွာ ကြိုဆိုခဲ့ကြသည်။ အစ္စရေးဘက်မှ လွှတ်ပေးလိုက်သူများထဲတွင် အကြမ်းဖက်လူသတ်သမားများလည်း ပါဝင်နေဖြင့် ၎င်းတို့ တစ်ကျော့ပြန် ခြိမ်းခြောက်ရက်စက်လာမည်ကို စိုးရိမ်ရသည်ဟု သုံးသပ်မှုများလည်း ရှိနေ သည်။ ဟားမက်စ်ခေါင်းဆောင် ယာဟွာဆင်ဝါကို အစ္စရေးဘက်က ဖမ်းဆီးရမိခဲ့သော်လည်း ၂၀၁၁ ခုနှစ်က အကျဉ်းသားလဲလှယ်မှုတွင်

မဲခေါင်၊ အောက်တိုဘာ ၁၄

စက်တင်ဘာ ၁၃ ရက်နေ့က အစ္စရေး ဖမ်းဆီးထားသည့် ပါလက်စတိုင်း အကျဉ်းသား ၂၀၀၀ ကို ဟားမက်စ်တို့ဖမ်းထားသည့် ဓားစာခံများဖြင့် လဲလှယ်မှုအဖြစ် ပြန်လည်လွှတ်ပေးခဲ့ရာတွင် ဂါဇာသို့ ပြန်ရောက်လာခဲ့သည်။

ဆိုးရွားလွန်းသော ပြစ်ဒဏ်များကြောင့် တစ်သက်တစ်ကျွန်းချခံထားရသူ ၂၅၀ နှင့် ဂါဇာအတွင်းမှာပင် ဖမ်းဆီးထိန်းသိမ်းထားသည့် အကျဉ်းသား ၁၇၅၀ ဦးအား ဘတ်စ်ကားများဖြင့် ပြန်လွှတ်ပေးခဲ့ရာ ပါလက်စတိုင်းပြည်သူများစွာ ကြိုဆိုခဲ့ကြသည်။

အစ္စရေးဘက်မှ လွှတ်ပေးလိုက်သူများထဲတွင် အကြမ်းဖက်လူသတ်သမားများလည်း ပါဝင်နေဖြင့် ၎င်းတို့ တစ်ကျော့ပြန် ခြိမ်းခြောက်ရက်စက်လာမည်ကို စိုးရိမ်ရသည်ဟု သုံးသပ်မှုများလည်း ရှိနေ သည်။

ဟားမက်စ်ခေါင်းဆောင် ယာဟွာဆင်ဝါကို အစ္စရေးဘက်က ဖမ်းဆီးရမိခဲ့သော်လည်း ၂၀၁၁ ခုနှစ်က အကျဉ်းသားလဲလှယ်မှုတွင် ပြန်လည် လွှတ်ပေးခဲ့ရမှုမှာ အောက်တိုဘာ ၇ ရက် ဟားမက်စ် ၏ အကြမ်းဖက်မှုမျိုး ထပ်ဖြစ်လာမည်ကို စိုးရိမ်ရသည်ဟု အစ္စရေး လူမှုအသိုင်းအဝိုင်းက ပြောဆိုနေကြသည်။

သို့သော် ဆင်ဝါသည် မနှစ်က ဂါဇာအတွင်း အစ္စရေးတပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီဖြစ် သည်။

ယခု လွတ်မြောက်သွားသူများထဲတွင် ၂၀၀၄ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အစ္စရေးသား ၁၁ ဦးကို သေဆုံးစေခဲ့သည့် အဓိကတရားခံ ဘာဟာဘာဒါလည်း ပါဝင်ခဲ့ကာ ဂျီနင်ရှိ အစ္စလာမ္မစ် ဂျီဟက်ခေါင်းဆောင် အိဒ်အဘူအယ်လ်ရပ်ဘ်လည်း ပါဝင်ခဲ့သည်။

အယ်လ်ရပ်ဘ်သည် အစ္စရေး နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများစွာ ကျူးလွန်ခဲ့သူဖြစ်ကာ အစ္စရေးရှိ ဟာဒီယာမြို့၌ လူ ၆ ဦးကို သတ်ဖြတ်ခဲ့သူလည်းဖြစ်သည်။

နောက်ဆုံး အကြမ်းဖက်တိုက်ခိုက်မှု ၄ ကြိမ်စလုံးတွင် ဦးဆောင် ပါဝင်ကာ အစ္စရေးသား ၄ ယောက်ကို သတ်ခဲ့သည့် ဖာရက်စ်ဂါနမ်လည်း လွတ်မြောက်ခဲ့သလို ဂျေရုဆလင်မှ ၁၇ နှစ်အရွယ် အစ္စရေးလူငယ်လေးအား ပြန်ပေးဆွဲပြီးသတ်ဖြတ်ခဲ့သည့် ဂျီဟတ်ရွမ်၊ ညီမအရင်းကိုပင် အစ္စရေးစပိုင်ဟုဆိုကာ သတ်ဖြတ်ခဲ့သည့် နာဘီအဘူဟာဒီယာတို့လည်း လွတ်မြောက်သွားခဲ့သည်။

၂၀၀၈ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်မှုတွင် ရက်ဘီရာဇီရယ်ရှီဗက်ချ်ဆိုသူကို သတ်ဖြတ်ခဲ့သည့် အာမက်ဂျမဲအာမက်ကန်ဘာလည်း လွတ်မြောက်လာကာ ရှီဗက်ချ်၏ ဇနီး မုဆိုးမဖြစ်သူက ငြိမ်းချမ်း ရေးဖြစ်တည်မှုကြောင့် ခင်ပွန်းအား သတ်ခဲ့သူလွတ်မြောက်ခြင်းအတွက် စိတ်မဆိုးဟု ပြောသွားခဲ့သည်။

အစ္စရေးပြန်လွှတ်ပေးခဲ့သည့် ပါလက်စတိုင်းအကျဉ်းသားများထဲ ၂၀၁၀ ပြည့်နှစ်က အမေရိကန်ခရီးသွား ခရစ္စတင်းလူကန်ကို သတ်ဖြတ်ခဲ့သော အီယက်ဖာတက်ဖ်တာလည်း ပါဝင်ခဲ့သည်။

၁၃ နှစ်အရွယ်လူငယ်လေးအိုရန်ဘာရာမီကို မုဒိမ်းကျင့်ပြီးမှ ရိုက်သတ်ခဲ့သဖြင့် ၁၉၈၉ ခုနှစ်ကတည်းက တစ်သက် တစ်ကျွန်းပြစ်ဒဏ်ချမှတ်ထားသော အာမက်မာမက်ဂျမဲရှာဟာဒါ လွတ်မြောက်သွားမှုကိုမူ ဘာရာမီ၏ မိခင်က မိမိတို့အား အကြောင်းပင်မကြားဘဲ လွှတ်ပေးမှုအတွက် မကျေနပ်နိုင်ဟု ဖွင့်ပြောခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ဂါဇာ
#အစ္စရေး
#အကျဉ်းသား
#အကြမ်းဖက်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now