ကမ္ဘာ့သတင်း

အထောက်အပံ့ပေးရန် လှေဖြင့်လာစဉ် ထိန်းသိမ်းခံရသည့် ဂရီသာသွန်ဘာ့ဂ်နှင့် နိုင်ငံခြားသား ၇၀ အစ္စရေးကနေ ပြန်ပို့

မဲခေါင် 6 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၆ အောက်တိုဘာ ၁ ရက်နေ့က လှေ၊ သင်္ဘောအုပ်စုလိုက်ဖြင့် ပင်လယ်ဖြတ်ကာ ဂါဇာအတွင်းသို့ ရိက္ခာနှင့် အထောက်အပံ့များပေးရန်လာစဉ် အစ္စရေးစစ်တပ်၏ ထိန်းသိမ်းခြင်းခံရသော ဆွီဒင်တက်ကြွလှုပ်ရှား သူ ဂရီသာသွန်ဘာ့ဂ်အပါ ပြည်ပသား အယောက် ၇၀ ကို ယနေ့ (အောက်တိုဘာ ၆ ရက်)၌ အစ္စရေး နိုင်ငံအတွင်းမှ ပြန်လည်စေလွှတ်ပေးမည်ဖြစ်သည်။ ကုလသမဂ္ဂထုတ်ပြန်ချက်အရ ဂါဇာတွင် အငတ်ဘေးဆိုက်နေကာ အစ္စရေးတပ်များက အကူအညီ ဝင်ရောက်မှုများကို ပိတ်ပင်ထားသောကြောင့် ဂရီသာသွန်းဘာ့ဂ်နှင့်အတူ တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားပေါင်း ၄၀၀ ကျော်ပါဝင်သည့် လှေ၊သင်္ဘောအုပ်စုဖြင့် ဂါဇာအတွင်း ဝင်ရောက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ထိုထဲမှ အီတလီနိုင်ငံသား ၂၆ ယောက်ပါ အုပ်စုကို အောက်တိုဘာ

မဲခေါင်၊ အောက်တိုဘာ ၆

အောက်တိုဘာ ၁ ရက်နေ့က လှေ၊ သင်္ဘောအုပ်စုလိုက်ဖြင့် ပင်လယ်ဖြတ်ကာ ဂါဇာအတွင်းသို့ ရိက္ခာနှင့် အထောက်အပံ့များပေးရန်လာစဉ် အစ္စရေးစစ်တပ်၏ ထိန်းသိမ်းခြင်းခံရသော ဆွီဒင်တက်ကြွလှုပ်ရှား သူ ဂရီသာသွန်ဘာ့ဂ်အပါ ပြည်ပသား အယောက် ၇၀ ကို ယနေ့ (အောက်တိုဘာ ၆ ရက်)၌ အစ္စရေး နိုင်ငံအတွင်းမှ ပြန်လည်စေလွှတ်ပေးမည်ဖြစ်သည်။

ကုလသမဂ္ဂထုတ်ပြန်ချက်အရ ဂါဇာတွင် အငတ်ဘေးဆိုက်နေကာ အစ္စရေးတပ်များက အကူအညီ ဝင်ရောက်မှုများကို ပိတ်ပင်ထားသောကြောင့် ဂရီသာသွန်းဘာ့ဂ်နှင့်အတူ တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားပေါင်း ၄၀၀ ကျော်ပါဝင်သည့် လှေ၊သင်္ဘောအုပ်စုဖြင့် ဂါဇာအတွင်း ဝင်ရောက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ထိုထဲမှ အီတလီနိုင်ငံသား ၂၆ ယောက်ပါ အုပ်စုကို အောက်တိုဘာ ၄ ရက်နေ့က ပထမအသုတ်အဖြစ် ပြည်တော်ပြန်ပို့ခဲ့ရာ ၁၅ ယောက်သည် အစ္စရေးဘက်မှ ပြစ်မှုကျူးလွန်မှု ခံဝန်ထိုးခိုင်းခြင်းကို လက်မှတ်မထိုးသဖြင့် မပြန်နိုင်သေးဘဲ ရှိနေကြောင်း သိရသည်။

အီတလီသို့ ပြန်ရောက်လာသူများ အဆိုအရ အစ္စရေးစစ်တပ်သည် ယုတ်ညံ့စွာ ဆက်ဆံသလို ရိုက်နှက်စော်ကားမှုများပြုလုပ်ခဲ့သည်ဟု တိုင်ကြားမှုများလည်း ရှိလာသည်။

ထိုထဲမှ တိုမာဆီအမည်ရ ဂျာနယ်လစ်က မိမိတို့အား အစ္စရေး စစ်တပ်သည် ၁၉၂၀ ပြည့်လွန်နှစ်များဆီက ဆပ်ကပ်ပွဲများမှ မျောက်အိုကြီးများအား နှိပ်စက်သမှုပြု သည့်အလား နှိပ်စက်ခဲ့သည်ဟု ပြောသွားခဲ့သည်။

အောက်တိုဘာ ၆ ရက်တွင် ထပ်မံ ပြန်လွှတ်ပေးမည့် အယောက် ၇၀ ထဲတွင် ဂရီသာသွန်ဘာ့ဂ်အပါ ပြင်သစ်သား ၂၈ ယောက်၊ ဂရိသား ၂၇ ယောက်၊ အီတလီသား ၁၅ ယောက်နှင့်ဆွီဒင်သား ၉ ယောက်တို့ ပါဝင်သည်။

ကိုကလင်း
Ref:Bangkokpost
#MeKongNews
#အစ္စရေး
#ဂါဇာ
#အီတလီ
#ကုလသမဂ္ဂ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now