ကမ္ဘာ့သတင်း

အောက်တိုဘာဘီယာပွဲတော်ကာလအတွင်း ထူးဆန်းသည့်ဒရုန်းများ ဝင်ရောက်လာသဖြင့် မြူးနစ်လေဆိပ် ၂ ရက်ဆက် ပိတ်ခဲ့ရ

မဲခေါင် 5 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၅ အောက်တိုဘာ ၂ ရက် ဒေသစံတော်ချိန် ည ၉ နာရီခွဲ ဝန်းကျင်တွင် ဂျာမနီမြို့တော် မြူးနစ်လေယာဉ်ကွင်းအနီး ထူးဆန်းသည့် ဒရုန်းများ ပျံသန်းရောက်ရှိလာသဖြင့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်း ရွှေ့ဆိုင်မှုများဖြင့် လူပေါင်း ထောင်ချီ လေဆိပ်အတွင်း အိပ်စောင့်ရသလို နောက်တစ်ရက်ညတွင်ပါ ထိုသို့ ဆက်လက်ဖြစ်ပွားသည့်အတွက် ၂ ရက်ဆက် လေဆိပ်ပိတ်ခဲ့ရကာ ၀ရုန်းသုန်းကားအခြေအနေသို့ ရောက်ရှိခဲ့ရသည်။ ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားလွန်းသည့် ဂျာမနီနိုင်ငံ၏ အောက်တိုဘာ ဘီယာပွဲတော်ကြီး နောက်ဆုံး ရက်သတ္တပတ်ဖြစ်သည့်အတွက် ပြည်ပခရီးသွားပေါင်းများစွာ မြူးနစ်လေယာဉ်ကွင်းသို့ ဝင်ထွက်သွားလာနေချိန် ယခုလို မည်သူမှ စေလွှတ်မှန်းမသိသော ဒရုန်းများစွာရောက်လာခြင်းကြောင့် လေဆိပ်ကိုပါ ပိတ်လိုက်ရသည့်အတွက် ထွက်ခွာလေကြောင်းခရီးစဉ် ၁၇ ခုပါ

မဲခေါင်၊ အောက်တိုဘာ ၅

အောက်တိုဘာ ၂ ရက် ဒေသစံတော်ချိန် ည ၉ နာရီခွဲ ဝန်းကျင်တွင် ဂျာမနီမြို့တော် မြူးနစ်လေယာဉ်ကွင်းအနီး ထူးဆန်းသည့် ဒရုန်းများ ပျံသန်းရောက်ရှိလာသဖြင့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်း ရွှေ့ဆိုင်မှုများဖြင့် လူပေါင်း ထောင်ချီ လေဆိပ်အတွင်း အိပ်စောင့်ရသလို နောက်တစ်ရက်ညတွင်ပါ ထိုသို့ ဆက်လက်ဖြစ်ပွားသည့်အတွက် ၂ ရက်ဆက် လေဆိပ်ပိတ်ခဲ့ရကာ ၀ရုန်းသုန်းကားအခြေအနေသို့ ရောက်ရှိခဲ့ရသည်။

ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားလွန်းသည့် ဂျာမနီနိုင်ငံ၏ အောက်တိုဘာ ဘီယာပွဲတော်ကြီး နောက်ဆုံး ရက်သတ္တပတ်ဖြစ်သည့်အတွက် ပြည်ပခရီးသွားပေါင်းများစွာ မြူးနစ်လေယာဉ်ကွင်းသို့ ဝင်ထွက်သွားလာနေချိန် ယခုလို မည်သူမှ စေလွှတ်မှန်းမသိသော ဒရုန်းများစွာရောက်လာခြင်းကြောင့် လေဆိပ်ကိုပါ ပိတ်လိုက်ရသည့်အတွက် ထွက်ခွာလေကြောင်းခရီးစဉ် ၁၇ ခုပါ ရွှေ့ဆိုင်းလိုက်ရသည်။

မြူနစ်လေယာဉ်ကွင်းသို့ ဆိုက်ရောက်မည့် လေကြောင်းခရီးစဉ် ၁၅ ခုသည်လည်း စတုဂတ်၊ နုယင်ဘတ်၊ ဗီယင်နာနှင့် ဖရန့်ဖတ်လေဆိပ်များသို့ ပြောင်းလဲ ဆင်းသက်ခဲ့ရသည်။ လေဆိပ်တာဝန်ရှိ သူများအဆိုအရ မြူးနစ်လေယာဉ်ကွင်းအတွင်း ခရီးသည် ၃၀၀၀ ကျော်သည် ကြုံသလို ညအိပ်ကာ လေကြောင်းလိုင်းများပြန်ပြေးဆွဲမှုကို စောင့်ဆိုင်းနေရသည်ဟု ဆိုသည်။

စက်တင်ဘာ ၃ ရက်ညတွင်လည်း ထိုသို့ပင် အမျိုးအမည်မသိရသော ဒရုန်းများ ထပ်မံပျံသန်းသဖြင့် ၂ ရက်ဆက် လေဆိပ်ကို ပိတ်ထားရပြီး သောင်တင်ခရီးသည်ပေါင်း ၆၅၀၀ ကျော်ရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း ပိုလန်၊ ရိုမေးနီးယား၊ အက်စတိုးနီးယား၊ ဒိန်းမတ်နှင့် ဘယ်လ်ဂျီယံလေပိုင်နက်များအတွင်း ယခုလို အမျိုးအမည်မသိရသော ဒရုန်းများစွာ ကျူးကျော် ဝင်ရောက်ပျံသန်းခဲ့မှုကြောင့် လေဆိပ်ကမောက်ကမအခြေအနေများဖြစ်ခဲ့ကာ ရုရှားလက်ချက်ဟု ယူဆပြီး ရုရှားနှင့်နေတိုးအဖွဲ့ဝင်နိုင်ငံများ နယ်နိမိတ်ဆက်စပ်နေရာများတွင် လေကြောင်းရန် ကာကွယ်ရေးတံတိုင်းကြီး တည်ဆောက်ရန် အတည်ပြုခဲ့ကြသည်။

ဂျာမနီအာဏာပိုင်များကမူ ယခုလို မြူးနစ်လေဆိပ် ဒရုန်းများခြိမ်းခြောက်မှုခံနေရခြင်းအတွက် သံသယရှိမှုအခြေအနေ၊ ဒရုန်းအမျိုးအစားများကို စုံစမ်းနေဆဲဖြစ်သောကြောင့် လျှို့ဝှက်ထားဆဲ ဖြစ်ကာ ဂျာမနီတွင် ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖွဲ့ Antifa နှင့်လည်း ပတ်သက်နေနိုင်သည်ဟု သုံးသပ်မှုများရှိနေသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ဥရောပ
#ဂျာမနီ
#မြူးနစ်လေဆိပ်
#ဒရုန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now