မဲခေါင်၊ စက်တင်ဘာ ၂၇
စက်တင်ဘာ ၂၇ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီခွဲတွင် ဘန်ကောက်ရှိ လူနေတိုက်တန်းတစ်ခုမှ ပါကင်တွင် မီလောင်သဖြင့် ယာဉ် ၃၅ စီး မီးလောင်ပျက်စီးခဲ့ရသည်။
ဘန်ကောက်၊ ရတ်ဘူရာနာခရိုင်၊ ဘန်ပရော့ခရိုင်ခွဲ၊ ဆွိုင်ဆက်ခ်ဆာဝပ်အနီး အဆောက်အအုံ ပါကင်တွင် ရုတ်တရက် မီးထလောင်ရာ ဒဏ်ရာရထိခိုက်သူမရှိဘဲ တိုက်တန်းနေထိုင်သူများလည်း ဘေးကင်း ရာရှောင်နိုင်ခဲ့ကြောင်း၊ မီသတ်တပ်ဖွဲ့က မိနစ် ၂၀ အတွင်း မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်သည်။
သို့ရာတွင် ပါကင်၌ရှိသည့် ဆိုင်ကယ် ၂၉ စီး၊ စက်ဘီး ၃ စီး၊ ကား ၂ စီးနှင့် ပစ်ကပ်ကုန်ကားတစ်စီး မီးလောင်သည့်အထဲပါဝင်သွားခဲ့ကာ မှုခင်းရဲတပ်ဖွဲ့က မည်သို့မီးလောင်ကျွမ်းရသည်ကို အသေးစိတ် လေ့လာစုံစမ်းနေသည်ဟု ထုတ်ပြန်သွားခဲ့သည်။
စီစီတီဗီမှတ်တမ်းတွင် ဆိုင်ကယ်တစ်စီးမှ မီးစတင်လောင်ကျွမ်းသည်ကို လူတစ်ဦးက မီးငြိမ်းသတ်သော်လည်း ချက်ချင်း ကူးစက်ပြီး ငြိမ်းမရနိုင်ဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ဘန်ကောက်
#လူနေတိုက်ခန်း
#ကားပါကင်
#မီးလောင်








