ကမ္ဘာ့သတင်း

ဟန်တစ်ခွဲသားဖြင့်နေသော်လည်း ဆိုင်ကယ်ကျွမ်းထိုးမှောက်ပြီး သေမလိုဖြစ်ခဲ့ဟု ပူတင် ကာဝန်ကို ပြောပြ

မဲခေါင် 22 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂၂ ယူကရိန်းရှေ့တန်းစစ်မျက်နှာပြင်နှင့် မိုင် ၅၀၀ အကွာ ရုရှားပိုင်နက်အတွင်း ၂၀၂၅ War Games စစ်ရေးပြမှုကို အင်းအားအလုံးအရင်းဖြင့် လုပ်ဆောင်စဉ် အခမ်းအနားသို့ စစ်ဝတ်စစ်စားဖြင့် တက်ရောက်လာသည့် ပူတင်သည် ၎င်း၏ ကာကွယ်ရေးဝန်ကြီးအား ပုံတိုပတ်စကိုယ်တွေ့ဖြစ်ရပ် များပြောခဲ့ရာ တစ်ခါက ဆိုင်ကယ်ကျွမ်းထိုးပြီး သေလုနီးဖြစ်ခဲ့ကြောင်းပါ ပြောကြားခဲ့သည်။ အသက် ၇၂ နှစ်အရွယ်ရောက်လာသော်လည်း ပူတင်သည် ၎င်း၏အာဏာစက်အတွက် ခက်ထန်မာကျောသူဖြစ်ကြောင်း ဟန်တစ်ခွဲသားပြသည့်အနေဖြင့် မကြာခဏဆိုသလို အင်္ကျီမပါသော ခန္ဓာကိုယ်အချိုးအစားအား ထုတ်ပြခြင်း၊ ဂျူဒိုအပါ အားကစားနည်းပြ လုပ်ဆောင်ခြင်းဖြင့် ကိုယ့်ကိုယ် ကိုယ် စိတ်ဓာတ်မြှင့်တင်လေ့ရှိသူဖြစ်သည်။ ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်သားများ စစ်ပန်းလွန်းနေ ချိန် ပူတင်သည် War Games

မဲခေါင်၊ စက်တင်ဘာ ၂၂

ယူကရိန်းရှေ့တန်းစစ်မျက်နှာပြင်နှင့် မိုင် ၅၀၀ အကွာ ရုရှားပိုင်နက်အတွင်း ၂၀၂၅ War Games စစ်ရေးပြမှုကို အင်းအားအလုံးအရင်းဖြင့် လုပ်ဆောင်စဉ် အခမ်းအနားသို့ စစ်ဝတ်စစ်စားဖြင့် တက်ရောက်လာသည့် ပူတင်သည် ၎င်း၏ ကာကွယ်ရေးဝန်ကြီးအား ပုံတိုပတ်စကိုယ်တွေ့ဖြစ်ရပ် များပြောခဲ့ရာ တစ်ခါက ဆိုင်ကယ်ကျွမ်းထိုးပြီး သေလုနီးဖြစ်ခဲ့ကြောင်းပါ ပြောကြားခဲ့သည်။

အသက် ၇၂ နှစ်အရွယ်ရောက်လာသော်လည်း ပူတင်သည် ၎င်း၏အာဏာစက်အတွက် ခက်ထန်မာကျောသူဖြစ်ကြောင်း ဟန်တစ်ခွဲသားပြသည့်အနေဖြင့် မကြာခဏဆိုသလို အင်္ကျီမပါသော ခန္ဓာကိုယ်အချိုးအစားအား ထုတ်ပြခြင်း၊ ဂျူဒိုအပါ အားကစားနည်းပြ လုပ်ဆောင်ခြင်းဖြင့် ကိုယ့်ကိုယ် ကိုယ် စိတ်ဓာတ်မြှင့်တင်လေ့ရှိသူဖြစ်သည်။

ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်သားများ စစ်ပန်းလွန်းနေ ချိန် ပူတင်သည် War Games သို့ တက်ရောက်ပြီးနောက် ကာကွယ်ရေးဝန်ကြီး အန်ဒရေး ဘီလျူဆော့ဗ် အား ယခုလို ပြောခဲ့ခြင်းဖြစ်သည်။

“တစ်ခါက ကျုပ်ဆိုင်ကယ်ကို လီဗာအဆွဲလွန်သွားလို့ တစ်ပတ်ကျွမ်းပါ ပစ်သွားတာ။ ဆိုင်ကယ်က ကိုယ့်နောက်နားလေကျလို့ ကံကောင်း၊ သေမင်းနဲ့ ကပ်ကပ်လေးဖြစ်ခဲ့သေးတယ်” ဟု ပူတင်က ပြော သွားခြင်းဖြစ်သည်။

မည်သည့်အချိန်၊ မည်သည့်နေရာတွင် ဖြစ်ခဲ့သည်ကိုမူ မပြောခဲ့ပေ။

ပူတင်သည် ၂၀၁၉ ခုနှစ်က သိမ်းပိုက်ထားသည့် ခရိုင်းမီးယားဒေသတွင် ရုရှားထုတ် Night Wolves ဆိုက်တွဲ ကလပ်အဖွဲ့ဝင်များဖြင့် အုပ်စုဖွဲ့ မောင်းနှင်မှုပုံရိပ်များကို ထုတ်ပြန်ခဲ့သည်။

တစ်ဆက်တည်း ယခု ရက်ပိုင်းအတွင်း ယူကရိန်းကို တိုက်ခိုက်မှုအရှိန်မြှင့်နေပြီး စက်တင်ဘာ ၂၀ ရက်က ဒရုန်း ၅၈၀၊ ခရုဇ်ဒုံးကျည်နှင့်ပဲ့ထိန်းဒုံးကျည် အလုံး ၄၀ ဖြင့် ပစ်ခတ်ရာ အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့သည်။

တစ်ပြိုင်တည်းဆိုသလိုပင် နေတိုးအဖွဲ့အား သွေးတိုးစမ်းမှုအဖြစ် ပထမဆုံး ပိုလန်၊ ထို့နောက် ရိုမေးနီးယား၊ နောက်ဆုံး အက်စတိုးနီးယားလေပိုင်နက်များအတွင်း ဖိုက်တာဂျက်လေယာဉ်နှင့်ဒရုန်း များ စေလွှတ်ပျံသန်းမှုများလုပ်ဆောင်ခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းက အက်စတိုးနီးယားလေပိုင်နက် ဗိန်ဒလူးကျွန်းပေါ် ၁၂ မိနစ်ကြာ MiG-31 ဖိုက်တာဂျက်များပျံသန်းခဲ့မှုကို အီတလီဖိုက်တာဂျက်များက သွားရောက် ပျံသန်းနှင်ထုတ်ခဲ့ရသည်။

လုံခြုံရေးရာပိုင်း အထူးကျွမ်းကျင်သူ ဝီလ်ဂက်ဒက်စ်က ပိုလန်၊ ရိုမေးနီးယားနှင့် အက်စတိုးနီးယားပိုင်နက်များထဲသို့ ရုရှားဆက်တိုက်ကျူးကျော်လာနေခြင်းသည် စိုးရိမ်ရည်မြင့်တက်လာစေသလို နေတိုးအဖွဲ့ဝင်နိုင်ငံများအကြား လေပိုင်နက်ကာကွယ်ရေး ပူးပေါင်း သဘောတူညီချက်တစ်ရပ် ရယူထားရပြီဖြစ်ကြောင်း၊ ရုရှားသည် နေတိုးလေကြောင်းကာကွယ်ရေး အဆင့်အတန်းကို သွေးတိုးစမ်းနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#ပူတင်
#ဆိုင်ကယ်မှောက်
#ရုရှား
#သေမလိုဖြစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now