နေ့စဥ်သတင်း

ပတ္တရားတွင်ကျင်းပသည့် လိင်ပြောင်းအမျိုးသမီး နိုင်ငံတကာအလှဘုရင်မပြိုင်ပွဲ အမေရိကန်မှ သရဖူ ဆွတ်ခူး

မဲခေါင် 21 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂၁ စက်တင်ဘာ ၂၀ ရက်ညတွင် ထိုင်းနိုင်ငံ ပတ္တရားမြို့၌ ကျင်းပသည့် ၂၀၂၅ လိင်ပြောင်းအမျိုးသမီး များ နိုင်ငံတကာအလှဘုရင်မ အလှမယ်ပြိုင်ပွဲတွင် အမေရိကန်မှ မီဒိုရီမိုနက်က သရဖူဆွတ်ခူးရရှိသွားခဲ့ သည်။ လိင်ပြောင်းအမျိုးသမီးများအတွက် ကမ္ဘာ့အကြီးကျယ်ဆုံးသော အလှမယ်ပြိုင်ပွဲဖြစ်သည့် Miss International Queen 2025 ပြိုင်ပွဲကို နိုင်ငံ ၂၃ နိုင်ငံမှ ကိုယ်စားပြုယှဉ်ပြိုင်ကြပြီး ကျူးဘားမှ အိုလီဗီယာလော်ရန်းက ဒုတိယ၊ ဗီယက်နမ်မှ ဟတမ်နူက တတိယဆုများ ရရှိခဲ့သည်။ ယင်းအလှမယ်ပြိုင်ပွဲကို ပတ္တရားတွင် နှစ်စဉ် ခမ်းနားစွာကျင်းပနေပြီး တစ်ကမ္ဘာလုံးရှိ လိင်ပြောင်း လူ့အသိုင်းအဝိုင်းအတွက် အလှအပတစ်ခုသာမက ကွဲပြားမှုနှင့် ရှုမြင်သုံးသပ်နိုင်စွမ်းများကိုပါ စမ်းသပ်ခံပြီး အလှမယ်ရွေးချယ်ခြင်းဖြစ်သည်။ လိင်ပြောင်းအမျိုးသမီးများအတွက်

မဲခေါင်၊ စက်တင်ဘာ ၂၁

စက်တင်ဘာ ၂၀ ရက်ညတွင် ထိုင်းနိုင်ငံ ပတ္တရားမြို့၌ ကျင်းပသည့် ၂၀၂၅ လိင်ပြောင်းအမျိုးသမီး များ နိုင်ငံတကာအလှဘုရင်မ အလှမယ်ပြိုင်ပွဲတွင် အမေရိကန်မှ မီဒိုရီမိုနက်က သရဖူဆွတ်ခူးရရှိသွားခဲ့ သည်။

လိင်ပြောင်းအမျိုးသမီးများအတွက် ကမ္ဘာ့အကြီးကျယ်ဆုံးသော အလှမယ်ပြိုင်ပွဲဖြစ်သည့် Miss International Queen 2025 ပြိုင်ပွဲကို နိုင်ငံ ၂၃ နိုင်ငံမှ ကိုယ်စားပြုယှဉ်ပြိုင်ကြပြီး ကျူးဘားမှ အိုလီဗီယာလော်ရန်းက ဒုတိယ၊ ဗီယက်နမ်မှ ဟတမ်နူက တတိယဆုများ ရရှိခဲ့သည်။

ယင်းအလှမယ်ပြိုင်ပွဲကို ပတ္တရားတွင် နှစ်စဉ် ခမ်းနားစွာကျင်းပနေပြီး တစ်ကမ္ဘာလုံးရှိ လိင်ပြောင်း လူ့အသိုင်းအဝိုင်းအတွက် အလှအပတစ်ခုသာမက ကွဲပြားမှုနှင့် ရှုမြင်သုံးသပ်နိုင်စွမ်းများကိုပါ စမ်းသပ်ခံပြီး အလှမယ်ရွေးချယ်ခြင်းဖြစ်သည်။

လိင်ပြောင်းအမျိုးသမီးများအတွက် ဘ၀ရှင်သန်ရပ်တည်ရေးသည် သာမန်လူသားများထက် ပိုမို ခက်ခဲကာ အလုပ်အကိုင်လျှောက်ထားမှုများတွင် အနှိမ်ခံ၊ လျစ်လျူရှုခံရမှုများရှိသလို ပတ်ဝန်း ကျင်တွင်လည်း လှောင်ပြောင်ခံရမှုများရှိသော်ငြား မတူကွဲပြားမှုနှင့် လောကအလှဆင်နိုင်သည့် လူသားများဖြစ်ကြောင်း သက်သေပြမှုဖြစ်သည်ဟု ပြိုင်ပွဲသို့ ချက်နိုင်ငံကိုယ်စားပြုကာ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မာတီနာဆော့ဘ်ကိုဗာက ပြောကြားခဲ့သည်။

ယခုနှစ်ပြိုင်ပွဲတွင် ထိုင်းကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သူ လိင်ပြောင်းအမျိုးသမီး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ စိုင်းသာရ (Sine Thara) လည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကာ စင်မြင့်ထက်မှ “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ” ဟု တိုက်တွန်းပြောဆိုခဲ့သည့် ဖြစ်ရပ်လည်း ရှိခဲ့သေးသည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#လိင်ပြောင်းအမျိုးသမီး
#ထိုင်းနိုင်ငံ
#ပတ္တရား
#လူ့အခွင့်အရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now