မဲခေါင်၊ စက်တင်ဘာ ၁၉
UWSA ထိန်းချုပ်သည့်’ဝ’မြောက်ပိုင်းဒေသ မိုင်းပေါက်တွင် ဆိုင်ကယ်ခိုးယူသူ ၄ ဦးကို ဖမ်းဆီးရမိပြီး ၎င်းတို့ ခိုးယူခဲ့သည့် ဆိုင်ကယ် ၂၈ စီးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း WSTV က ‘ဝ’ဘာသာဖြင့် ထုတ်ပြန်သည်။
ယင်းဖြစ်စဥ်မှာ စက်တင်ဘာ ၁၂ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်ခိုးယူသူ ၄ ဦး၏ အစစ်ခံချက်အရ မုန်းမ၊ မုန်းကော်နှင့် မိုင်းပေါက်ဒေသအတွင်းမှ ဆိုင်ကယ်များကို ခိုးယူခဲ့ခြင်း ဖြစ်သည်ဟု ဘာသာပြန်ချက်အရ သိရပြီး အသေးစိတ်သိရှိရန် ပြောရေးဆိုခွင့်ရှိသူသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
အဆိုပါ သတင်းကို ‘ဝ’လူငယ်အသံ Wa News land ကလည်း ‘ဝ’ ဘာသာဖြင့်ပင် ယမန်နေ့ စက်တင်ဘာ ၁၈ ရက်က ဖော်ပြထားသည်။
‘ဝ’ဒေသအတွင်း ဆိုင်ကယ်ခိုးယူများ ဖြစ်ပွားနေမှုကို ယခုလို အများအပြား ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး UWSA ထိန်းချုပ်ဒေသအတွင်း ဖြစ်ပွားသည့် အမှုများကို တရားစီရင်ရေးအဖွဲ့က ဖမ်းဆီး၍ ပြစ်ဒဏ်များ ချမှတ်နေသည်ဟု သိရသည်။
#MeKongNews
#UWSA
#ဆိုင်ကယ်သူခိုး
#တရားစီရင်ရေး
#မိုင်းပေါက်မြို့








